Headlines News :
Home » » ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးယာဥင်္တိုက်မှုဖြစ်

ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးယာဥင်္တိုက်မှုဖြစ်

Written By လွင့်မောင်မောင် on Sunday, May 5, 2013 | 6:56 AM

 
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရား လမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆ မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။ "ဆိုင်ကယ်က ကန်ဘောင်ပေါ်က ဆင်းလာတာ။ ကားကလည်း ရှစ်မိုင်ဘက်က မောင်းလာတာ။ မီးပွိုင့် အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ တိုက်မိတဲ့အရှိန်က ပြင်းတော့ ဆိုင်ကယ်ရော ဆိုင်ကယ်ပေါ်က လူသုံးယောက်ရော လွင့်စင်သွားတာ။ ကောင်လေးနှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ 
 
တစ်ယောက်က မြောင်းထဲမှာ နောက်တစ်ယောက်ကတော့ ပေ ၁၀၀ လောက် အကွာထိ လွင့်စင်သွားတယ်။ ကောင်မလေးကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့လိုက်တယ်။ အသက်ရှင် မရှင်တော့ မပြောတတ်ဘူး။ ကားမောင်းတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပုံ မရဘူး" ဟု ဖြစ်စဉ်အား မျက်မြင် ကြုံတွေ့ခဲ့သည့် တက္ကစီမောင်းနှင်သူ တစ်ဦးက ပြောသည်။ ဖြစ်စဉ်သို့ လာရောက်တာဝန် ထမ်းဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးက "သတင်းရရခြင်း ဖြစ်စဉ်ကို လာပြီး ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ဖို့ စီစဉ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template