Headlines News :
Home » » INVEST 92B ပိုမိုအားကောင်းလာပြီး မြောက်ဘက်သို့ ရွေ့လျားလာ

INVEST 92B ပိုမိုအားကောင်းလာပြီး မြောက်ဘက်သို့ ရွေ့လျားလာ

Written By လွင့်မောင်မောင် on Thursday, May 9, 2013 | 6:57 PM

မေလ(၉)ရက် မြန်မာစံတော်ချိန် ၁၂၃ဝ နာရီတွင် ရရှိသည့် NRL အချက်အလက်များအရ လေဖိအားနည်းဆဲလ် INVEST 92B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ဖြေးညှင်းစွာရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ဗဟိုဖိအား 1007 hPa အထိ ကျဆင်းလာပြီး ရွေ့လျားမှု နှုန်း နှေးကွေးသွားခြင်းဖြင့် ပိုမို အင်အား ကောင်းလာကာ မကြာမီ လေဖိအားနည်းရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းငယ် အဆင့်သို့ ရောက်လာနိုင်ဘွယ် ရှိနေပါသည်။
နောက်ဆုံးရ အချက်အလက်များအရ INVEST 92B သည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော် အရှေ့ဘက် မိုင် ၇၆ဝ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့ အနောက်တောင်ဘက် ၃၃၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် ၇၁၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပါသည်။ NAVGEM ကွန်ပျူတာ မော်ဒယ်မှ နောက်ဆုံးရရှိသည့် ခန့်မှန်းချက်အရ မုန်တိုင်းအဆင့်သို့ ရောက်လာနိုင်မည့် 92B သည် မြောက်ဘက်မှ တစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ် ကမ်းခြေအား မေလ ၁၅ ရက် – မြန်မာစံတော်ချိန် ည ၂၄၃ဝ နာရီ နောက်ပိုင်း ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ဘွယ်ရှိကြောင်း ခန့်မှန်း ထားသည်ကို တွေ့ရပါသည်။ မုန်တိုင်းဖြစ်ပေါ်လာနိုင်မည့် အခြေအနေနှင့် ရွေ့လျားမှုအား ဆက်လက်၍ စောင့်ကြည့်လေ့လာ တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် 92B
09 May 2013 0600Z
Location: 7.0 90.9
Winds: 20 knots
Central Pressure: 1007 hPa
TS 24s(INVEST-94S)
08 May 2013 1200Z
Location: -6.0 83.9
Winds: 35 knots
Central Pressure: 996 hPa
92B ၏ တောင် အနောက်တောင်ဘက် ၁ဝ၁၅ မိုင်ခန့်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် TWENTY FOUR – 24S(INVEST94S) သည် အရှေ့ဘက်သို့ ရွေ့လျားလျှက်ရှိပြီး ယနေ့ညနေပိုင်းတွင် တောင်ဘက် သို့ ဆက်လက်ရွေ့လျားကာ အဆင့်-၁ ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
09MAY-1230MST-94S-92B
မြန်မာစံတော်ချိန် ၁၂၃ဝ နာရီတွင် INVEST ရွေ့လျားမှု အခြေအနေ
NAVGEM_15MAY-18Z-92B
မေလ(၁၅)ရက်နေ့တွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိပြီး အန်ဒရာပရာဒေ့ရှ် ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်

09MAY-1500MST_Cloud-Top_TEMP
 မြန်မာစံတော်ချိန် ၁၅၃ဝ နာရီတွင် ရရှိသည့် INVEST 92B ၏ တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေနှင့် တိမ်ထိပ်အပူချိန်ပြပုံ

http://blog.mmweather.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template