Photo- Ko Han Win Aung |
ဒီကနေ့ဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာဖြစ်ပြီး တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ၊ ကျောက်ဆည်ဒိုင်နဲ့ လယ်တီရွာတွေက ဒေသခံတွေ စုပေါင်းဆန္ဒပြတာပါ။ ဒီတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံရွာနေ ကိုအောင်သန်းမျိုးက အခုလိုပြောပါတယ်။
"ကျနော်တို့ ဒီနေ့ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်စဲရေးပေါ့၊ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးက ထုတ်ပြန်ထားတဲ့အမိန့်ကို ရုပ်သိမ်းပေးဖို့ရယ်၊ ဖမ်းဆီးထားတဲ့ ၃ ယောက်ကို ပြန်လည်လွှတ်ပေးဖို့ရယ် အဲဒါတွေကို တောင်းဆိုထားတယ်ခင်ဗျ၊ အာဏာပိုင်တွေဘက်က ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘေးကနေပြီးတော့ လိုက်ပါစောင့်ကြည့်တယ်၊ ပိတ်ပင်တားဆီးခြင်းမရှိပါဘူး၊၊ "
ဆန္ဒပြတောင်းဆိုရာမှာ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချက်ကို ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့၊ တောင်သူလယ်သမားတွေကို ထွန်ယက်စိုက်ပျိုးခွင့် ပြန်လည်ပေးအပ်ဖို့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေသခံတွေကို ကူညီပေးနေသူတွေထဲက အဖမ်းခံထားရတဲ့သူ ၃ ဦးကို ပြန်လွှတ်ပေးဖို့စတဲ့ တောင်းဆိုချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတွေအနေနဲ့ ဆန္ဒပြတောင်းဆိုထားချက်တွေကို အာဏာပိုင်တွေဖက်က လိုက်လျောဆောင်ရွက်ပေးလာတဲ့အထိ ဆက်လက်ဆန္ဒပြသွားကြမယ်လို့ပြောပါတယ်။ အခုမေလ ၁ ရက်နေ့ကလည်း ဖမ်းဆီးခံထားရသူ ၃ ဦးကို တွေ့ဆုံခွင့်ပေးဖို့ ဒေသခံ၂၀လောက်က မုံရွာအကျဉ်းထောင်ရှေ့မှာ သွားရောက်တောင်းဆိုခဲ့ကြပါသေးတယ်။
RFA
==>>ကိုဟန်ဝင်းအောင် ၏ Facebook စာမျက်နှာတွင် ဤသို့ဖော်ပြထားသည်။
“ဒီနေ့ ၈.၅.၂၀၁၃ ရက်နေ့ တွင် လက်ပတောင်းတောင်ဒေသခံများသည