Headlines News :
Home » » ကော်လိုယာဒို အော်ရိုယာ ရုပ်ရှင်ရုံ ပစ်ခတ်မှု ၁၂ ဦးသေဆုံး ၊ ၅၀ ဒဏ်ရာရ

ကော်လိုယာဒို အော်ရိုယာ ရုပ်ရှင်ရုံ ပစ်ခတ်မှု ၁၂ ဦးသေဆုံး ၊ ၅၀ ဒဏ်ရာရ

Written By လွင့်မောင်မောင် on Friday, July 20, 2012 | 10:49 PM

Century 16 Auora Denver

မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာသူ အများ စု အခြေချနေထိုင် သည့် အမေရိကန် နိုင်ငံ ကော်လို
ယာဒို ပြည်နယ် အော်ရိုရာ မြို့  ရှိ Century 16  ရုပ်ရှင် ရုံ တွင် ယမန်နေ့  ညက Batman ရုပ်ရှင်
ကား တွဲ ၏ ဇာတ်လမ်းသစ် ဖြစ်သည့် Dark Knight Rise ရုပ်ရှင် ကား ကို ရုံ တင် ပြ သနေ ချိန်
တွင် ပြစ်ခတ် မှု ဖြစ်ပွား ခဲ့ ရာ ၁၄  ဦး သေဆုံး ပြီး ၃၈ ဦးဒဏ်ရာ ရရှိသည်။
ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ၏ ရုပ်ရှင်ကား စတင် ပြ သနေ ချိန် ပထမ ဦးဆုံးဇာတ် ၀င်ခန်း ဉ်
Batman ရုပ်ရှင် ဇာတ်လမ်းထဲ မှာ ဇာတ်ကောင် တစ်ဦး ပုံစံ တု ပ ၀တ်ဆင် လာသည့် ပစ်ခတ်
သူ သည် လေထဲ သို့  ဓာတ်ငွေ့  သို့  မဟုတ် မျက် ရည် ယို ဗုံး ကို ပစ်ထည့် ပြီး နောက် အသင့် ပါ
လာသည့် ရိုင်ဖယ် သေနတ် ဖြင့် ရုံ တွင် ရှိ လူ များ ကို ပစ်ခတ် ခြင်း ဖြစ်သည်။
” တကယ့် ကို ထိတ်လန့်  စရာ ပါ ပဲဗျာ ၊ အစတော့ ရုပ်ရှင် ကား ရဲ့  တင်ဆက် မှု တစ်ခု ရုံ ထဲ မှာ
လုပ် တယ် လို့  တောင် ထင် ခဲ့ တာ ၊ ငရဲ ပွက် သလို ပါပဲ ၊ ကျွန်တော် လည်း နောက် လှည့် မကြည့်
တော့ ဘဲ တန်း ကျော် ပြီး ထွက် ပြေးတာ ဗျို့  ” ဟု မျက် မြင် ကြုံခဲ့ ရသူ တစ်ဦးက
ABC သတင်း ဌာန ကို ပြောသည်။
သေနတ်သမားသည် ပစ်ခတ် မှု စတင် ချိန် ဉ် ဓာတ်ငွေ့  ကာ မျက် နှာ ဖုံး ကို တပ်ဆင် ထား သည် ဟု
သိရသည်။
သေနတ် သမား ဟု သံသယ ရှိသည့် James Holmes အမည်ရှိ  အသက် ၂၄ နှစ် အရွယ် အော်ရိုရာ
ဒေသခံ တစ်ဦး ကို ကား ရပ်နား သည့် နေရာ တွင် ရဲက သောကြာ နေ့ နံနက် ၁၂း၃၀ နာရီ တွင်
ဖမ်းဆီး မိခဲ့ သည်။ ဖမ်းဆီး မိချိန် ဉ် သူ့ တွင် AK အမျိုး အစား သေနတ် ရိုင်ဖယ် နှင့် ဓားတစ်ခု ကို
ရှာ ဖွေ တွေ့  ရှိသည် ။ အခြား သေနတ် တစ်လက် ကို မူ ရုပ်ရှင် ရုံ ထဲ ဉ် သိမ်းဆည်း ရမိသည်။
ယခု ပစ်ခတ် မှု သည် အကြမ်းဖက် လှုပ်ရှားမှု များ  နှင့် ဆက်နွယ်ပတ် သက် မှု ကို မတွေ့  ရ သေး
ဟု သိရသည်။
ကောလိုယာဒို ပြည်နယ် အော်ရိုယာ မြို့  တွင် မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာ သူ ၅၀၀၀ ကျော်ခန့် 
နေ ထိုင် သည် ဟု သိရသည်။  အော်ရိုယာ မြို့  သည် ပြည်နယ် မြို့ တော် ဒင်ဗာ ၏ အရှေ့ ဘက်
တွင် ရှိ ပြီး လူ သုံးသိန်း ကျော် အခြေ ချ နေ ထိုင်သည်။
၁၉၉၉ ခုနှစ် က ဖြစ် ပွား ခဲ့ သည့် လူ ၁၂ ဦး သေဆုံး ခဲ့ သည့် နာမည် ကျော် ကိုလံဘိုင်း အထက်တန်း
ကျောင်း သည် လည်း ယခု ပစ်ခတ် မှု ဖြစ် ပွား သည့် နေရာ နှင့် ၁၃ မိုင် ခန့်  အကွာ တွင် ရှိသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template