Saturday, 21 July 2012 13:19 Eleven Media Group |
မေးမြန်းစစ်ဆေးချက်များအရ အဆိုပါ လှေသည် ထိုင်းနိုင်ငံအခြေစိုက်လှေတစ်စီးဖြစ်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ စစ်တွေမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာသို့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ရေပြင်တွင် ရပ်တန့်ထားခဲ့ကြောင်း သိရသည်။ ထိုသို့ ရပ်တန့်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေဖြင့် သယ်ဆောင်လာသော ဘင်္ဂလီများကို လှေပေါ်ပို့ဆောင်ခဲ့ကြောင်း ယင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာခဲ့ရာမြန်မာ့ရေပိုင်နက်ထဲသို့ ရောက်ရှိလာပြီး ရေတပ်မှဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဖမ်းဆီးရရှိခဲ့သော သူများအား ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် စစ်တွေမြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ညတွင်ခြင်း စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးထားသူများအား လ.၀.က ဥပဒေအရ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago