ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကျင်းပ
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇာဂနာ၊ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး နှင့် သမိုင်းသုတေသီတစ်ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက် ခဲ့ကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ညွှန်းအကြမ်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားရာတွင် ၁၉၁၅ခုနှစ်မှ ၁၉၄၀ခုနှစ်အထိ အဖြစ်အပျက်များနှင့် ၁၉၄၅ခုနှစ်မှ ၁၉၄၇ခုနှစ်အထိ အဖြစ်အပျက်များကို ဦးချစ်ဦးညိုကလည်းကောင်း၊ ၁၉၄၀ခုနှစ်မှ ၁၉၄၅ခုနှစ်အထိ အဖြစ်အပျက်များကို ဦးကြည်စိုးထွန်းကလည်းကောင်း တာဝန်ယူရေးသားလျက်ရှိပြီး သြဂုတ်လ၊ ၁၈ရက်နေ့တွင် ဇာတ်ညွှန်းအကြမ်းထွက်ရှိရန် ယင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။