Headlines News :
Home » » ယနေ့ Facebook Star

ယနေ့ Facebook Star

Written By လွင့်မောင်မောင် on Saturday, July 21, 2012 | 11:26 AM

 

အခုတလော ရေပန်းစားတဲ့တေးစီးရီးသစ်

Zaw Lwin Win
မြစ်ဆုံကို မဖြစ်မနေ ပြန်လုပ်ရမယ်၊ သမ္မတက ကြံ့ဖွံ့ရဲ့ အမျိုးသားရေးမူဝါဒကို ဆန့်ကျင်ပီး သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မြစ်ဆုံကိုရပ်ခဲ့တာ ဆိုတဲ့ လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်းက ဒီလိုပြောခဲ့သေးတယ်။

Yan Aung
အောက်မှာဖော်ပြထားတဲ့လမ်းတစ်ဝက်ခင်း အောင်သိန်းလင်းရဲ့ အင်တာဗျူးအပြည့်အစုံကို လေ့လာကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ ပြည်သူတွေရဲ့ ဆန္ဒ..၊ သမ္မတဦးသိန်းစိန်/ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ Win-Win ပေါ်လစီအစရှိသည်တို့အတွက် အကြီးဆုံး အန္တရာယ်ကြီးက အတွင်းစည်းမှာ ရှိနေတယ်ဆိုတာ ပေါ်လွင်လာပါတယ်..။
တောင်ဥက္ကလာမှာ မဲအတွက် ဗလီဆောက်ဖို့ခွင့်ပြုခဲ့သူ၊ လမ်းတွေကို မဲအတွက် တစ်ဝက်တစ်ပျက်ခင်းပြီး ရွေးကောက်ပွဲအပြီး ဆက်မခင်းပဲရပ်ထားခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း၊ စစ်တပ်အရာရှိဟောင်း၊ လက်ရှိ ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင် တစ်ယောက်ရဲ့ စကားဟာ နိုင်ငံနဲ့ပြည်သူအတွက်ကြောက်စရာကောင်းသလို Sanction ကို US က ဘာ့ကြောင့်ဖွင့်မပေးသေးတာလဲဆိုတဲ့ အဖြေဟာ ပေါ်လွင်လာပါတယ်..။ ရှင်းရှင်းလေးပါ.. ပြည်ခိုင်ဖြိုးနဲ့ အစိုးရအဖွဲ့ဝင် တချို့တွေထဲမှာ ဒီလိုခံယူချက်နဲ့လူမျိုးတွေရှီနေသရွေ့ Sanction မပွင့်နိုင်ပါဘူး..။
မြစ်ဆုံအတွက်နဲ့ တရုတ်ကိုအားကိုးပြီး ပြည်သူကို စော်ကားသလို.. သမ္မတကိုလည်းစော်ကားပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စော်ကားပါတယ်။
လက်ရှိ စီးပွားရေးပိတ်ဆို့မှုဖွင့်ဖို့ လာရောက်လေ့လာနေကာ အစိုးရချင်းဆက်ဆံရေးတိုးတက်လာပြီး ဖွံဖြိုးမှုတွေမှာ နည်းပညာနဲ့ ငွေကြေး အလုံးအရင်းနဲ့စတင် ကူညီလာတဲ့ အမေရိကန်နဲ့ အနောက်ကို ပေါ်တင် နှိပ်ကွပ်လာပါတယ်။ ပြည်ခိုင်ဖြိုးထဲမှာ အဲဒီလို ခံယူထားတဲ့ Cell တွေ ဘယ်လောက်များနေသလဲ. ။ပျံ့နှံ့နေပါသလဲ..။ ဗဟိုအလုပ်အမှုဆောင်တစ်ယောက်ရဲ့စကားဟာ အဖွဲ့အစည်းအပေါ် ဘယ်လောက် ကိုယ်စားပြုပါသလဲ..။ သေချာတာက မြစ်ဆုံကို ဆက်ဆောက်ရင်တော့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးဝင်ပြိုင်နေလဲ ပင်ပန်းရုံပါပဲ..။ မြစ်ဆုံကို ပိတ်လိုက်ခြင်းဟာ ပြည်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းရုံသာမက မဟာဗျူဟာအရ တရုတ်ကြီးရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေတဲ့အတွက် အမေရိကန်ရဲ့ Sanction ဖွင့်ပေးခြင်းကို ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တွေးတတ်သူတိုင်း သိကြပါတယ်။ Diplomacy ကို နားလည်သူတိုင်း အောက်က စကားတွေရဲ့ အကျီုးသက်ရောက်မှုကို သဘောပေါက်လောက်ပြီထင်ပါတယ်....။
****************************************************************************************************
အောင်သိန်လင်းရဲ့ မြန်မာပြည်သူအားလုံးရဲ့ဆန္ဒ၊သမ္မတဦးသိန်းစိန်ကိုပါ
 ပြတ်ပြတ်သားသားစိန်ခေါ်လိုက်ပြီ။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကိုယ့်ကျိုးစီးပွားနှင့်တရုပ်ပြည်အကျိုးစီးပွားကိုသာ ရှေ့ရှုတဲ့ အောင်သိန်းလင်းကိုလွှတ်တော်အတွင်းကထွက်ခွာသွားရန် ဝိုင်းဝန်းကန့်ကွတ်ရှုတ်ကြပါစို့.........................
Eleven Media Group
ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား

မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ
USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။

ဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့
လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။

USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ " ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက်လာတာ" ဟုဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကိုမယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်းစာတွေရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ် " ဟုဆိုပါသည်။

သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။

Aung Pan
*************************************************************************************************

ပြောင်းဖူးအမတ်ကြီးရဲ့ ရင်တွင်းစကား
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template