မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို
ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း ပြီး ဇာတ်ကောင်၊
ဇာတ်ရုပ်နှင့် လိုက်ဖက်ညီ မည့် သရုပ်ဆောင် ရွေးချယ်ပွဲ စတင်ကတည်း က
မြန်မာပြည် အဝန်းမှာ ရှိသည့် ပြည်သူ၊ ပြည်သား အများအပြား စိတ်ဝင် တစား
ရှိနေ ကြသည်။ သို့ဖြစ်ပါ၍ဗိုလ်ချုပ် အတ္ထုပ္ပတ္တိဇာတ်
ကားဖြစ်မြောက်ရေး ကော်မတီမှ နောက်ဆုံး ပဏာမ ၇ ဦးကို ထုတ်ပြန် ကြေညာခဲ့ပြီး
ဖြစ်ရာ သူတို့၏ အာဇာနည်နေ့ အပေါ် စိတ်ခံစားမှု များကို ပရိသတ် သိရှိစေရန်
ပေါ်ပြူလာ ဂျာနယ် အဖွဲ့သားများက မေးမြန်းခဲ့ရာ ဝေလင်းထွန်း၊
စိုင်းနောင်ခမ်း၊ နေဦး၊ ကျောက်ခဲ၊ ကျော်ကျော် မျိုးတို့နှင့်သာ အဆက်အသွယ်
ရရှိခဲ့ပြီး ကျန် ၂ ဦး ဖြစ်သည့် ဖြိုးတေဇလင်းနှင့် ကျော်ဆန်း ဌေးတို့မှာ
ဆက်သွယ်၍မရရှိခဲ့ပါ။
မောင်ဝေလင်းထွန်း
"ဗိုလ်ချုပ် အကြောင်းတွေကို ဇူလိုင် ၁၉ ရက်မှ မဟုတ်ပါဘူး။ အမြဲလိုလို တိုက်ဆိုင်ရင် သတိရပါတယ်။ ဗိုလ်ချုပ် သီချင်းတွေ၊ ဂုဏ်ပြု တာတွေတော့ ကြားရ၊ မြင်ရပါတယ်။ ကြား တိုင်း၊ ကြားတိုင်းလည်း ဗိုလ်ချုပ်ကို ပိုပြီးလေး စားလာပါတယ်။ ဥသြဆွဲသံ မကြားရလည်း ပြည်သူတွေရဲ့စိတ်မှာ ဗိုလ်ချုပ် ကိုမေ့သွားမယ် လို့မရှိစေဘူး။ ဗိုလ်ချုပ်ကတိုင်းပြည်အတွက် လွတ်လပ်ရေး ဖခင်ကြီးပဲလေ"
စိုင်းနောင်ခမ်း
"ဗိုလ်ချုပ် မြေပေါ်မှာချခဲ့တဲ့ aသွးတွေ ဘာကြောင့်ချသလဲ၊ တိုင်းပြည်ကောင်းစားဖို့ အတွက်ပဲမဟုတ်လား။ကျွန်တော်တို့လည်း
တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ်အောင် ဘာလုပ်နေလဲဆိုတာ စဉ်းစားဖို့
လိုတယ်။ ဗိုလ်ချုပ် ချပေးတဲ့မြေ၊ သွေးကို ခုလက်ရှိ ကျွန်တော်တို့က
ဘာလုပ်သင့်လဲ ဆိုတော့ ဗိုလ်ချုပ် ချပေးခဲ့တဲ့ လွတ်လပ်ရေးကို
ဆက်လက်ဖော်ဆောင်ဖို့ တာဝန် အများကြီးရှိတယ်။ ဥသြသံ မကြားရလည်း ဗိုလ်ချုပ်က
လွတ်လပ်ရေး ဖခင်ကြီးဆို တော့လူတိုင်း အလေးထား အောက်မေ့နေမှာ ပါလို့
ယုံကြည်တယ်"
ကျော်ကျော်မျိုး
"ဗိုလ်ချုပ်ဇာတ်ရုပ် အတွက် ပဏာမ ၇ယောက် အရွေးခံရတဲ့ အပေါ် တအား ပျော်ပါတယ်။ အရွေးခံရတဲ့သူပဲ အန်တီနဲ့တွေ့ရမှာ ဆိုတော့ ထူးခြား တဲ့တွေ့ဆုံမှု လို့ ကျွန် တော်ထင်တယ်။ဗိုလ်ချုပ်က မြန်မာနိုင်ငံရဲ့ လေးစား အားကျရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ အတွက် ကျွန်တော် အရွေးခံ ရရင် အတိုင်းမသိ ဝမ်းသာမှာပါ။ အာဇာနည်နေ့ဆိုရင် တီဗီ မှာထုတ်လွှင့်တဲ့ လွတ်လပ်ရေး အပေါ် အခြေခံ ရိုက်ထားတဲ့ ဇာတ်ကားတွေကို ကြည့်ပြီး သူတို့ရဲ့ သူရဲကောင်း ပီသစွာဘယ်လို ဆောင်ရွက်သလဲ ဆိုတာတွေကို ကြည့်ရှုပြီးတော့ အတုယူမိ တယ်။ မိခင်ကလပ် ဘောလုံးအသင်းကလည်း ကျွန်တော့် အပေါ်မှာ နားလည်မှုအပြည့်ပေး တယ်။ ကျွန်တော်က ဘောလုံး ကန်တဲ့အချိန်ပဲ အသင်းအတွက်ပေးဆပ်ရတာ။ ဒီနှစ်အာဇာ နည်နေ့မှာတော့ အာဇာနည်ခေါင်းဆောင် ကြီးများနဲ့ပတ်သက်တဲ့ ဥသြဆွဲသံများ ကြားရ လေမလား လို့မျှော်လင့်မိတယ်။"
ကျောက်ခဲ
"အာဇာနည်နေ့နဲ့ပတ်သက်လို့ကေ တာ့
ဟိုတုန်းကဆိုရင် ရုပ်မြင်သံကြား မှာကြည့်ရတဲ့ အခါကျတော့ နည်းနည်း
ကျေနပ်မှုရှိတာပေါ့။ နောက်ပိုင်းမှာ တဖြည်း ဖြည်းပျောက်ကွယ်လာ တာမျိုး၊
မှေးမှိန်လာတာမျိုး ရှိတဲ့ အခါ ကျတော့ ခံစားရတာတစ်မျိုးပေါ့။
မှတ်မှတ်ရရရှိတယ်။ ကျွန်တော်တို့ မြစ်ကြီးနား မှာအလုပ်သွား လုပ် တော့
အာဇာနည်နေ့ဆိုရင် ကျွန်တော် နေတဲ့ အိမ်မှာ အလံတွေဘာတွေ ကိုယ်တိုင်ထောင်ခဲ့
ရတယ်။ တစ်နိုင်ငံလုံးရဲ့ ကျေးဇူးရှင် အစစ်ပဲ။ ပြောနေဖို့မလိုဘူး။သိနေရမယ် ။ ကျွန်တော့် စိတ်ထဲမှာတော်တော်လေး ကျွန်တော့် အသက် အရွယ်နဲ့အမျှ ခံစားရတယ်"
နေဦး
"ဗိုလ်ချုပ်ကျဆုံးတဲ့နေ့ ဆိုတာက ဗိုလ်ချုပ် လုပ်ကြံခံရတာပေါ့။ အကုန်လုံး ကထင် ကြမှာပဲ။ ဗိုလ်ချုပ် ကျဆုံးတာ ယူနီဖောင်းနဲ့လို့။ ဘာလို့ဖြစ်လဲ ဆိုတော့ ဗိုလ်ချုပ်ရုပ်ကလာပ် ကိုပြင်ဆင်တုန်းက ယူနီဖောင်းနဲ့ကိုး။ တကယ့် တကယ်ဗိုလ်ချုပ်ကျဆုံးတဲ့နေ့ က
မြန်မာဝတ်စုံ ပုဆိုးတိုက်ပုံနဲ့ပါ။ သူအရပ်သား လိုပဲဝတ်ပြီး ကျဆုံးတာပေါ့။
ဗိုလ်ချုပ်ကျဆုံးတုန်းက မှတ်တမ်းတင်တဲ့ စာထဲမှာ ဖတ်ဖူးတာပါ"
သိမ့်သိမ့်၊ထူးထူး၊ယွန်းလင်္ကာ
ဓါတ်ပုံ - အောင်ဇော်မင်း
မောင်ဝေလင်းထွန်း
"ဗိုလ်ချုပ် အကြောင်းတွေကို ဇူလိုင် ၁၉ ရက်မှ မဟုတ်ပါဘူး။ အမြဲလိုလို တိုက်ဆိုင်ရင် သတိရပါတယ်။ ဗိုလ်ချုပ် သီချင်းတွေ၊ ဂုဏ်ပြု တာတွေတော့ ကြားရ၊ မြင်ရပါတယ်။ ကြား တိုင်း၊ ကြားတိုင်းလည်း ဗိုလ်ချုပ်ကို ပိုပြီးလေး စားလာပါတယ်။ ဥသြဆွဲသံ မကြားရလည်း ပြည်သူတွေရဲ့စိတ်မှာ ဗိုလ်ချုပ် ကိုမေ့သွားမယ် လို့မရှိစေဘူး။ ဗိုလ်ချုပ်ကတိုင်းပြည်အတွက်
စိုင်းနောင်ခမ်း
"ဗိုလ်ချုပ် မြေပေါ်မှာချခဲ့တဲ့ aသွးတွေ ဘာကြောင့်ချသလဲ၊ တိုင်းပြည်ကောင်းစားဖို့ အတွက်ပဲမဟုတ်လား။ကျွန်တော်တ
ကျော်ကျော်မျိုး
"ဗိုလ်ချုပ်ဇာတ်ရုပ် အတွက် ပဏာမ ၇ယောက် အရွေးခံရတဲ့ အပေါ် တအား ပျော်ပါတယ်။ အရွေးခံရတဲ့သူပဲ အန်တီနဲ့တွေ့ရမှာ ဆိုတော့ ထူးခြား တဲ့တွေ့ဆုံမှု လို့ ကျွန် တော်ထင်တယ်။ဗိုလ်ချုပ်က မြန်မာနိုင်ငံရဲ့ လေးစား အားကျရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ အတွက် ကျွန်တော် အရွေးခံ ရရင် အတိုင်းမသိ ဝမ်းသာမှာပါ။ အာဇာနည်နေ့ဆိုရင် တီဗီ မှာထုတ်လွှင့်တဲ့ လွတ်လပ်ရေး အပေါ် အခြေခံ ရိုက်ထားတဲ့ ဇာတ်ကားတွေကို ကြည့်ပြီး သူတို့ရဲ့ သူရဲကောင်း ပီသစွာဘယ်လို ဆောင်ရွက်သလဲ ဆိုတာတွေကို ကြည့်ရှုပြီးတော့ အတုယူမိ တယ်။ မိခင်ကလပ် ဘောလုံးအသင်းကလည်း ကျွန်တော့် အပေါ်မှာ နားလည်မှုအပြည့်ပေး တယ်။ ကျွန်တော်က ဘောလုံး ကန်တဲ့အချိန်ပဲ အသင်းအတွက်ပေးဆပ်ရတာ။ ဒီနှစ်အာဇာ နည်နေ့မှာတော့ အာဇာနည်ခေါင်းဆောင် ကြီးများနဲ့ပတ်သက်တဲ့ ဥသြဆွဲသံများ ကြားရ လေမလား လို့မျှော်လင့်မိတယ်။"
ကျောက်ခဲ
"အာဇာနည်နေ့နဲ့ပတ်သက်လို့ကေ
နေဦး
"ဗိုလ်ချုပ်ကျဆုံးတဲ့နေ့ ဆိုတာက ဗိုလ်ချုပ် လုပ်ကြံခံရတာပေါ့။ အကုန်လုံး ကထင် ကြမှာပဲ။ ဗိုလ်ချုပ် ကျဆုံးတာ ယူနီဖောင်းနဲ့လို့။ ဘာလို့ဖြစ်လဲ ဆိုတော့ ဗိုလ်ချုပ်ရုပ်ကလာပ် ကိုပြင်ဆင်တုန်းက ယူနီဖောင်းနဲ့ကိုး။ တကယ့် တကယ်ဗိုလ်ချုပ်ကျဆုံးတဲ့နေ့
သိမ့်သိမ့်၊ထူးထူး၊ယွန်းလင်္က
ဓါတ်ပုံ - အောင်ဇော်မင်း