Headlines News :
Home » » နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော်တွင် စတင်ဆွေးနွေး

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော်တွင် စတင်ဆွေးနွေး

Written By လွင့်မောင်မောင် on Wednesday, July 18, 2012 | 7:59 PM


     ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ(မူကြမ်း)ကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ ဥပဒေမူကြမ်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မိမိတို့၏ စီးပွားရေး လုပ်ငန်းများတွင် ပထမ ငါးနှစ် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂၅ ရာခိုင်နှုန်း ခန့်ထားရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

 ထို့ပြင် စီးပွားရေးလုပ်ငန်း၏ ဒုတိယ ငါးနှစ်အတွင်း မြန်မာနိုင်ငံသား ၅ဝ ရာခိုင်နှုန်းကို ခန့်ထားရမည်ဖြစ်ပြီး တတိယ ၅ နှစ်တွင် မြန်မာနိုင်ငံသား လုပ်သား အနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ခန့်ထားရမည်ဟု ဖေါ်ပြပါရှိသည်။

စီးပွားရေးလုပ်ငန်းများအတွက် မြေအသုံးပြုမှုနှင့် ပတ်သက်၍ ငွေရင်းနှီးမှုပမာဏ၊ စက်ရုံနှင့် စိုက်ပျိုးရေးကဲ့သို့သော စီးပွားရေး အမျိုးအစားများအလိုက် စတင်လုပ်ကိုင်သည့်နှစ်မှ နှစ် ၅ဝ အထိ လုပ်ကိုင်ခွင့်ပြုထားပြီး လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပါက နောက်ထပ် ၁ဝ နှစ် သက်တမ်းတိုးနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

 နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသား သို့မဟုတ် သက်ဆိုင်ရာ အစိုးရဋ္ဌာနတို့နှင့် စပ်တူလုပ်ကိုင်လို ပါက အနည်းဆုံး ရင်းနှီးမြှုပ်နှံငွေပမာဏ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်း ထည့်ဝင်မှသာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။ ယင်းအပြင် နိုင်ငံခြားသား တဦးတည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နိုင်နိုင်ရန်လည်း ဥပဒေက ခွင့်ပြုထား သည်။

 ရိုးရာ ယဉ်ကျေးမှုကို ထိခိုက်သော စီးပွားရေး လုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် လုပ်ငန်းများ၊ ကုန်းနေ သတ္တဝါများ၊ ရေပေါ်ရေအောက်ရှိ မျိုးစိတ်များ၊ အပင်များကို ထိခိုက်စေသည့် လုပ်ငန်းများ၊ အဆိပ်သင့်စေသော စွန့်ပစ်ပစ္စည်းများ ဖြစ်ပေါ်နိုင်သည့် လုပ်ငန်းများ စသည့်လုပ်ငန်းများကို ပြုလုပ်ခြင်းကို ကော်မရှင်က တားမြစ်ထားသည်ဟု ဥပဒေကြမ်း၏ အခန်း ၂ တွင် ပြဋ္ဌာန်းထားသည်။



နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာစေ သည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ကုန်စည်များ ထုတ်လုပ်နိုင်သည့် လုပ်ငန်းများ၊ အဆင့်မြင့် နည်းပညာများ ရရှိစေသည့်လုပ်ငန်းများ၊ စွမ်းအင် သုံးစွဲမှုနည်းပါးသည့် စီးပွားရေးလုပ်ငန်းများ စသည့် စီးပွားရေး လုပ်ငန်းများကို

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမည်ဟု ပြဋ္ဌာန်းထားသည်။



ချမှတ်ထားသည့် ဥပဒေများကို လိုက်နာခြင်း မရှိသည့် စီးပွားရေးလုပ်ငန်းများကို ပထမအဆင့် သတိပေးခြင်း၊ လုပ်ပိုင်ခွင့်ပါမစ် ရုပ်သိမ်းခြင်း၊ အမည်ပျက်စာရင်း သွင်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်မည်ဟုလည်း ပါရှိသည်။



စီးပွားရေးလုပ်ငန်းများ အခွန် ကင်းလွတ်ခွင့်အနေဖြင့် နိုင်ငံအတွက် အကျိုးအမြတ်များစေသော ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ကုန်ထုတ်လုပ်ငန်းများကို ၅ နှစ် ဆက်တိုက် အခွန်ကင်းလွတ်ခွင့် ပေးမည်ဟုလည်း ပြဋ္ဌာန်းထားသည်။



ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုပါ “နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်း” ကို ဦးမောင်မောင်သိမ်း၊ ဦးဌေးမြင့်၊ ဒေါ်တင်နွယ်ဦး၊ ဒေါ်စန္ဒာမင်း၊ ဦးဝင်းသန်း၊ ဦးဝင်းထိန်၊ ဒေါက်တာဝင်းမြင့်၊ ဦးအောင်သိန်းလင်း၊ ဦးဝင်းမြင့်၊ ဦးကိုကြီး၊ ဗိုလ်မှူးကြီးမြင့်ကိုကို၊ ဦးကြည်သာ၊ ဦးရဲထွဋ်တင်၊ ဦးကိုကိုလွင်၊ ဦးမောင်တိုး စသည့် လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၁၅ ဦးမှ ဆွေးနွေးလျက်ရှိနေသည်။ Mizzima - News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template