FNG ၊ ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည်
အမေရိကန်အခြေစိုက် Atlantic Council မှ ပေး အပ် ချီးမြှင့် မည့် Global Citizen Award
ဆု တက်ရောက် လက်ခံ ရယူ ခြင်း
အခမ်း အနား နှင့် ညစာစား ပွဲ သို့  တက်ရောက် ရန် အမေရိကန်
ပြည် ထောင် စု သို့  စက်တင်ဘာ လ တတိယ ပတ် တွင် ခရီး ထွက် မည် ဖြစ် ကြောင်း FNG
မှ သိရှိရသည်။
Atlantic ကောင်စီ မှ ပေး အပ် ချီးမြှင့် သည့် ဆု ကို စက်တင်ဘာလ ၂၁ ရက်နေ့  တွင် တက်ရောက်
လက်ခံ ရယူ မည် ဖြစ် ပြီး ထို အခမ်း အနား တွင် အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟောင်း ဒေါက်တာ
ဟင် နရီ ကစ်ဆင် ဂျာ ၊ လူသားချင်း စာနာမှု အစီအစဉ် များ ကို ဆော်သြသူ နှင့် ဂီတမှုး ဖြစ်သူ ကွင်
ဆီ ဂျုံး တို့  လည်း ဆု တက်ရောက် လက်ခံ ရယူ မည် ဖြစ်သည်။
အမေရိကန် နိုင်ငံ ကို ရောက် ရှိ နေ ခိုက် မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ မိသားစု တွေ အများ
ဆုံး အခြေစိုက် တဲ့ အမေရိကန် မြို့ တွေ ဖြစ်တဲ့ ၀ါရှင်တန် ဒီစီ ၊ နယူးယောက် ၊ အင်တီရားဏား ပြည်
နယ် ဖို့ ဝိန်း မြို့  ၊ ဆန်ဖရန် စစ္စကို မြို့ တွေ နဲ့  အခြား အမေရိကန် ပြည်ထောင် စု က အဖွဲ့  အစည်း
တွေ နဲ့  တက္ကသိုလ် တွေ က ဖိတ် ကြား မှု တွေ ကို သွား ရောက် လည်ပတ် ဖို့  မျှော် လင့် ရ ကြောင့်
ပြည်တွင်း NLD ပါတီ ၀င် တစ်ဦး က FNG ကို ပြောသည်။
ဂျော်ဂျီ ယာ ပြည်နယ် အတ္တလန်တာ မြို့  က မြန်မာ မိသား စု တွေ က ဒေါ်အောင်ဆန်း စုကြည် ကို တွေ့ 
ဖို့  မော်တော် ကား နဲ့  ၀ါရှင်တန် ကို သွား မယ် ဟု မြန်မာ မိသား စု ၀င် တစ်ဦး ၏ Facebook စာမျက်
နှာ တွင် ရေးသား ထား သည်။
Photo : Atlantic Council
by FNG on July 17, 2012