Home »
ပြည်တွင်းသတင်း
» ခရီးသွားလာခွင့် အမိန့်ဖြင့် စီးနင်းခွင့်ပြုသည့် ၀န်ထမ်းရထားလက်မှတ်ခကို တို့းမြှင့်ကောက်ခံမည်
ခရီးသွားလာခွင့် အမိန့်ဖြင့် စီးနင်းခွင့်ပြုသည့် ၀န်ထမ်းရထားလက်မှတ်ခကို တို့းမြှင့်ကောက်ခံမည်
=========================================
စောမြင့်သန်း(ပေါက်တော)
=========================================
မြန်မာနိုင်ငံအနှံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ
ဝန်ထမ်းများအနေဖြင့် ခရီးသွားလာခွင့် အမိန့်ဖြင့် ၀ယ်ယူစီးနင်းခွင့်ပြုထား
သည့် ခရီးစဉ်အလိုက် မီးရထားလက်မှတ်ခနှုန်းထား များကို တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်က ခရီးသွားလာရာတွင် အဆိုပါဝန်ထမ်းများ အနေဖြင့် ခရီးစဉ်အလိုက်
သတ်မှတ်ထားသော ရထား လတ်မှတ်ခနှုန်းထားများကို ၅၀ % ခန့်သား
ပေးဆောင်ခဲ့ရသောလည်း ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ၇၅% ထိ ပေးဆောင်ရတော့မည်
ဖြစ်ကြောင်းသိရသည်။
"၀န်ထမ်းတွေ ရဲ့လစာနှုန်းထားတွေကို
အတိုင်းအတာ တစ်ခုအထိတိုးပေးထားပေမယ့် တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းတွေမြင့်
တက်လျက်ရှိနေပါတယ်။ လက်ရှိအနေအထား အရ ပြောရမယ်ဆိုရင် ၀န်ထမ်းတွေရဲ့
သက်သာချောင်ချိရေး ကို ပိုဦးစားပေးပြီး လုပ်စေချင်ပါတယ် အခုဆိုရင်
ဝန်ထမ်းတွေ အနေနဲ့ ခရီးသွားလာခွင့် ရထားလတ်မှတ်ခနှုန်းထားတွေကို ယခင်ထက်
၂၅% တိုးမြှင့်ပေးရတော့မှာဆိုတော့ ၀န်ထမ်းတစ်ဦးရဲ့ အခွင့်အရေး ဟာ
ပြည်သူတွေထက်စာရင် ၂၅% ဘဲ ရှိတော့တာမို့ ဖြစ်နိုင်မယ်ဆိုရင်
ယခင်နှုန်းထားဘဲ ထားစေချင် ပါတယ်"ဟု နေပြည်တော်တွင်
တာဝန်ထမ်းဆောင်နေသည့်အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ၀န်ထမ်းများ
ခရီးသွားခွင့်အမိန့် MO၊ ၀န်ထမ်းကဒ်နှင့်အတူ လတ်မှတ်ဝယ်ယူရာတွင်
လက်မှတ်ခနှုန်းထားများကို ၀န်ထမ်းနှုန်း အဖြစ် ကျသင့်သည့် တန်ဖိုးအနက် ၅၀%
ကို ပေးဆောင်ရန် ၁၉၉၇ မေလ မှစတင်ခဲ့ကြောင်းသိရသည်။
ကျသင့်
လက်မှတ်ခနှုန်းထား၏ ထက်ဝက်ကို ၁၅ နှစ်ကြာလျော့ပေါ့ ဆောင်ရွက်ပေး ခဲ့သော
မြန်မာ့မီးရထားအနေဖြင့် လည်း ၀င်ငွေပိုမိုတိုးတက် ရရှိစေရန် အတွက်
ဝန်ထမ်းများ ၊တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ကို
ခရီးစဉ်အလိုက်ယင်းကဲ့သို့
တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ YPT