ရန်ကုန် ဇူလိုင် ၂၁
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ပေးရေးကိစ္စအားကြန့်ကြာအောင် အချိန်ဆွဲသွားမည်
မဟုတ်ဘဲ၊၁လအတွင်း အပြီးသတ်ရွေးချယ်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ၊
ဒုတိယသမ္မတများ၊အရည်အချင်းနှင့်ကိုက်ညီမှု ရှိမရှ
ိ စီစစ်ရေးအဖွဲ့အဖွဲ့ဝင်ဦးဌေးဦးက ယနေ့တွင်ပြောသည်။
“ကျွန်တော်တို့အချိန်ဆွဲနေလို့ ဘယ်ရမလဲ၊အမြန်ဆုံးရွေးပေးရမှာပေါ့”ဟု
ဟသာင်္တမြို့နယ်တွင်ရောက်ရှိနေသည့် ဦးဌေးဦးက ဆက်သွယ်မေးမြန်းမှုကိုဖြေသည်။
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သဖြင့်
မိမိတို့အဖွဲ့အနေဖြင့် လွန်ဆန်၍ မရပါကြောင်း ဦးဌေးဦးက
ဆက်လက်ကာပြောသည်။ယခုရွေးချယ်မည့်ဒုတိယ သမ္မတတစ်ဦးမှာ
သမ္မတကြီးအားထောက်ကူပေးရန် အတွက်ဖြစ်ပြီး လုပ်ဆောင်ရမည့် တာဝန်များမှာ
သမ္မတကြီး၏ခွဲဝေပေးမှုအပေါ်တွင်သာ မှီနေသည်ဟု ၄င်းကထပ်မံကာပြောသည်။
မင်းသုအောင် - Popular Myanmar News Journal