မန္တလေး
တက္ကသိုလ်တွင် ပြန်လည်ပြီး စာသင်ခွင့်ရရှိ လာရန်ကြိုးစား စေချင်ကြောင်း
(၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က မန္တလေးမြို့သို့
ရောက်ရှိနေချိန် စာနယ်ဇင်း သမားများနှင့်
ခေတ္တတွေ့ဆုံခိုက် ပြောကြား လိုက်ခြင်း ဖြစ်သည်။
`` မနှစ်မြို့စရာကောင်းတဲ့ ပုရ၀ဏ်တစ်ခုကို ပို့လိုက်တာမျိုးပေါ့ဗျာ
၊အားလုံးလဲ သိပြီးသားပါ ထန်းတောထဲ အရက်ပုန်း ဆိုင်တွေကြားထဲမှာ
၊လောင်းကစားဝိုင်းတွေကြား ထဲမှာ နောက်တစ်ခါ တည်းခိုခန်းတွေ
ကြားထဲမှာကျွန်တော်တို့ နောက်မျိုးဆက်တွေအတွက်တော့ ရင်ထုမနာဖြစ်မိတယ်ဗျာ
´´ ဟုမင်းကိုနိုင်က ပြောကြားခဲ့ သည်။
မန်းတက္ကသိုလ်ထွက်ကျောင်းသားဟောင်းများအနေဖြင့် ပြန်လည်ပူးပေါင်း၍မိခင်တက္ကသိုလ်တွင် ပြန်လည်စာသင်ခွင့်ရရှိရေး
ကြိုးစားစေချင်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
`` မန္တလေးဆိုရင် အရင်တုန်းက မန်းတက္ကသိုလ်ပေါ့ မာဇူးပြန်အသက်ဝင်အောင်ပေါ့၊
အရင်ကျောင်းတက်ခဲ့ဖူးတဲ့ မျိုးဆက်တွေပေါင်း ပြီးတော့
အဲဒါကိုအင်နဲ့အားနဲ့လုပ်စေချင်တယ်ဗျာ ၊ မာဇူးရဲ့
ခေတ်တစ်ခေတ်ပြန်ပြီးတော့ဖြစ်အောင်၊ အဲဒီကထွက်ခဲ့တဲ့ သူရဲကောင်းတွေ
၊နိုင်ငံရေးမှာပဲဖြစ်ဖြစ် ၊ စာပေနယ်မှာပဲဖြစ်ဖြစ်ပါ ၊ အရင်က မာဇူးဘယ်လို
အစဉ်အလာကောင်း ခဲ့တယ်ဆိုတာကို မာဇူးပြန်ပြီးတော့
အသက်ဝင်ရေးနဲ့အတူကျောင်းသားလှုပ်ရှားမှု ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေနဲ့အတူ
ပြန်ပြီးတော့ဖော်ဆောင်စေချင်ပါတယ် ´´
ဟု မင်းကိုနိုင်က မန္တလေးစာနယ်ဇင်းများသို့ ပြောကြားခဲ့သည်။
မန္တလေးတက္ကသလိုလ်ကို အာဇနည်နည်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့်ဆရာကြီးဦးရာဇတ်မှ
တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါတက္ကသိုလ်မှနေ၍မောင်စွမ်းရည် ၊ မောင်သာနိုး
နှင့် ဆရာတင်မိုးကဲ့သို့ နာမည်ကြီးစာရေးဆရာ
များ နိုင်ငံရေးသမားများ ထွက်ပေါ်ခဲ့သည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup