Headlines News :
Home » » ပီကာဆို၏ ကြွင်းကျန်အနုပညာလက်ရာ ၁၈၀ ကျော်ကို မြေးဖြစ်သူ လေလံတင် ရောင်းချမည်

ပီကာဆို၏ ကြွင်းကျန်အနုပညာလက်ရာ ၁၈၀ ကျော်ကို မြေးဖြစ်သူ လေလံတင် ရောင်းချမည်

Written By Live100 on Monday, January 11, 2016 | 4:21 PM


ပီကာဆို၏လက်ရာတစ်ခု
ကမ္ဘာကျော် အနုပညာရှင်တဦးဖြစ်တဲ့ ပီကာဆိုရဲ့ အများပြည်သူ မသိရှိခဲ့တဲ့ ကြွင်းကျန် ပန်းချီကားနဲ့ လက်မှုအနုပညာတွေကို မြေးဖြစ်သူက လေလံတင်ရောင်းချတော့မှာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
စုစုပေါင်း ၁၈၀ ကျော်လောက်ရှိမယ့် အဲဒီပန်းချီကားနဲ့ ကြွေထည် မြေထည် အနုပညာ လက်ရာတွေကို ပီကာဆိုဟာ အများပြည်သူကို မပြသခဲ့ဘဲ သူ့ရဲ့ဘ၀တလျှောက်လုံး စတူဒီယိုထဲမှာ သိမ်းဆည်းထားခဲ့တာပါ။
အသက် ၆၅ နှစ်အရွယ် မြေးဖြစ်သူ မာရီနာဟာ ပီကာဆိုရဲ့ သားအကြီးဆုံးဖြစ်တဲ့ ပေါ်လိုရဲ့ သမီးဖြစ်ပြီး သူ့ရဲ့နေထိုင်ရာနေအိမ် အပါအ၀င် အနုပညာလက်ရာ ၁ သောင်းနီးပါးကို ဆက်ခံရရှိခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သူပိုင်ဆိုင်တဲ့ မြေနေရာထဲက ကြွေထည်မြေထည် လက်မှုအနုပညာလက်ရာ ၁၂၆ မျိုးကို စုစုပေါင်း စတာလင်ပေါင် ၁၂ ဒသမ ၃ သန်းနဲ့ လေလံတင် ရောင်းချခဲ့ပါသေးတယ်။
အခုရောင်းချမယ့် အနုပညာလက်ရာတွေကိုတော့ တခုချင်းစီအလိုက် တန်ဖိုးငွေ စတာလင်ပေါင် ၄၀၀၀ ကနေ ၁၈၀၀၀၀ ထိ ခန့်မှန်းထားတာဖြစ်ပြီး စုစုပေါင်း ရောင်းရငွေ ၉ ဒသမ ၈ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာပါ။
သည်ဝေါလ်စထရိဂျာနယ်နဲ့ အင်တာဗျူးမှာတော့ မာရီနာက “ဒါဟာ ကျမဘ၀သမိုင်းမှာ အစိတ်အပိုင်းတခုပါ။ ခုလက်ရှိ လေလံဈေးနှုန်းတွေကလည်း မာနေပါတယ်” လို့ ဖြေခဲ့ပါတယ်။
အဲဒီလေလံတင်ရောင်းချပွဲကို လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့ လန်ဒန်မြို့ Sotheby’s လေလံပွဲမှာ ကျင်းပသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template