Headlines News :
Home » » '''''ရိုဟင်ဂျာဘင်္ဂလီကိစ္စကို နဂါးမင်းစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးမျိုး ပြန်လုပ်သင့်'''''

'''''ရိုဟင်ဂျာဘင်္ဂလီကိစ္စကို နဂါးမင်းစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးမျိုး ပြန်လုပ်သင့်'''''

Written By လွင့်မောင်မောင် on Wednesday, June 13, 2012 | 11:10 AM

7Day News Journal
ပြည်ခိုင်ဖြိုးပါတီတွဲဖက်အထွေထွေအတွင်းရေးမှူးဦးဌေးဦးနှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ-အောင်သူရ၊ ငြိမ်းငြိမ်းနိုင်

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များအသိုင်းအ၀ိုင်းကထောက်ပြပြောဆိုမှုများ နှေးကွေးအသံတိတ်နေခြင်းများနှင့် ပတ်သက်ပြီး ရခိုင်လူထုနှင့်စောင့်ကြည့်ကြသူများက ဝေဖန်လျက်ရှိသည်။

လွှတ်တော်အတွင်းအမတ်နေရာ (၇၆.၄၂)ရာခိုင်နှုန်းဖြင့် နေရာအများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်လည်း လူထုသိသာမြင်သာသော ထုတ်ပြန်မှုတုံ့ပြန်ပြောဆို ပါဝင်ဆောင်ရွက်မှုမရှိသေးပေ။
ထို့ကြောင့် 7Day News က ဇွန် ၁၁ ရက် ညနေပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး
ဦးဌေးဦးကို သွားရောက်တွေ့ဆုံကာ ဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်တည်မှုနှင့်ပတ်သက်၍ မေးမြန်းထားပါသည်။

အခု နိုင်ငံတော်က အရေးပေါ် အခြေအနေ ကြေညာထားရတဲ့အပေါ် ဦးဌေးဦးရဲ့အမြင်ကို သိပါရစေ။

ဦးဌေးဦး---ကျွန်တော့်ပါတီရဲ့ သဘော ထားကလည်း ကျွန်တော့်သဘောထားပါပဲ။ လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေ က ပြည်သူအများစုရဲ့ လိုလား ချက်ကို ဆန့်ကျင်ပြီးဖြစ်နေတယ် လို့ကျွန်တော်မြင်တယ်။ ဒါကြောင့် ဒီမလိုလားအပ်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေ ရဲ့ လုံခြုံစိတ်ချရမှုလည်း လျော့ တယ်။ နေ့စဉ် စားဝတ်နေရေး အပါအ၀င် လူမှုရေး၊ စီးပွားရေး တွေအပေါ်မှာလည်းဆိုးကျိုးတွေ သက်ရောက်နေတယ်လို့မြင် တယ်။
တချို့ဆိုရင်လည်း အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေကြုံရတယ်လို့ကြားတယ်။
 ဒါကြောင့်ဒီဥစ္စာတွေဟာ စိတ်ချမ်းမြေ့စရာအဖြစ်အပျက်တွေတော့ မဟုတ်
ဘူး။ မကောင်းတဲ့ အဖြစ်အပျက်တွေပဲ။ ဒါတွေဟာ မလုပ်သင့်၊ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေလို့ပဲမြင်တယ်။ ဒါနဲ့ပတ်သက်လို့လည်းပဲ ပြည်သူအားလုံးကလည်း လိုလိုလားလား မရှိဘူးလို့ယုံတယ်။ အခုကိစ္စမှာလည်းပြည်သူတွေရဲ့ နေ့စဉ်ပုံမှန်ဘ၀ရရှိဖို့အတွက်ကို နိုင်ငံတော်အစိုးရရယ်၊ ပြည်သူရယ်၊
ကျန်တဲ့ပါတီအဖွဲ့အစည်းတွေရယ် ကျွန်တော်တို့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်
သွားမယ်လို့ ဆုံးဖြတ်ထားတယ်။
ခုလို အရေးပေါ်အခြေအနေ ကြေညာချက်က အရပ်သားအစိုးရ အဖြစ် ပြောင်းလဲလာတဲ့အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိပါသ လား။ ဦးတို့အနေနဲ့ စိုးရိမ်မှုရှိပါသလား။
ဦးဌေးဦး---ဒါကတော့ အခြေအနေပေါ် မူတည်ပြီးတော့မှ နိုင်ငံတော် ဆိုတာ စီမံခန့်ခွဲရတာပဲလေ။
ဒီအခြေအနေမျိုး ဖြစ်လာရင် အရေးပေါ်အခြေအနေ မထုတ် ဘူးဆိုရင် ဆင့်ကဲဆင့်ကဲဖြစ်စဉ် တွေဆိုတာ
အများကြီးလည်းဖြစ် လာတယ်။ ဒါကြောင့် ဆင့်ကဲဆင့် ကဲဖြစ်စဉ်တွေ မပေါ်ပေါက်ဖို့ဆို ရင် အရေးပေါ်အခြေအနေစီမံ ချက်က လိုကိုလိုတယ်။ ဒီအခြေ အနေကနေ ပုံမှန်အခြေအနေ ရောက်လာအောင် ကျွန်တော်တို့အမြန်ဆုံး ရောက်လာအောင် လုပ်ရမှာပေါ့။ နောက် အခုက လည်း ဒီလိုဆောင်ရွက်မှုအခြေ အနေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေသိအောင် သတင်း ခင်ဗျားတို့လည်း ပါတာပေါ့။ ပြည် သူတွေ အမှန်အတိုင်း သိအောင် ဒီလိုအခြေအနေမျိုးက သိမ်မွေ့ တယ်။ သိမ်မွေ့တဲ့အတွက် တစ် ဖက်ဖက်ကို စောင်းပေးပြီးရေးရင် ဒီကိစ္စက ပိုပြီးအုံကြွစရာရှိတယ်။ ဒါကြောင့် အမှန်အတိုင်းတော့ သိကိုသိနေရမယ်။

အမှန်အတိုင်း သိအောင် နိုင်ငံတော်ကလည်း ထုတ်ပြန်ဖို့ကောင်းတယ်။ မီဒီယာ တွေကလည်း ထုတ်ဖို့ကောင်း တယ်လို့ ကျွန်တော်မြင်တယ်။ အခု အရေးပေါ်အခြေအနေက အစိုးရအပေါ် သက်ရောက်မှုမရှိ နိုင်ပါဘူး။ ဒါ သူ အကောင်းဆုံး ဖြစ်အောင်လုပ်တာ။ ဘယ်အစိုးရ မဆို ဒီလိုအခြေအနေမျိုးဆိုရင် စဉ်းစားပြီးလုပ်မှာပဲ။ ဒီလိုအခြေ

အနေမျိုးကို ထုတ်တဲ့အချိန်မှာ အားလုံး ၀ိုင်းစဉ်းစားပြီးမှ ထုတ် တယ်လို့ပဲထင်တယ်။ လုပ်သင့် လုပ်ထိုက်တာကို

ချက်ချင်း အချိန် မီမလုပ်ဘူးဆိုရင် ဒီထက်ပိုဆိုးလိမ့် မယ်။
ဒီအခြေအနေမျိုးမှာ လွှတ်တော်ပြန်ခေါ်သင့်တယ်လို့ ဦးအနေနဲ့ ထင်ပါသလား။
ဦးဌေးဦး---လွှတ်တော်ကို ပြန်ခေါ်သင့် တာထက်စာရင် လွှတ်တော်က လည်း ကော်မတီရှိတာပေါ့။ ဒီကိစ္စ
တွေနဲ့ပတ်သက်လို့ ပုံမှန် အခြေအနေမျိုး ရောက်လာအောင် ပြန်လည်ဖြေရှင်းသင့်တယ်လို့ လွှတ်တော်
ကို တင်ပြတာရှိတာပေါ့။ လွှတ်တော်ကလည်း လွှတ်တော်ပြန်ခေါ်မှ မဟုတ်ပါဘူး။ အစိုးရကို တိုက်ရိုက်
တင်ပြနိုင်တာရှိတယ်။ အစည်းအဝေးကြီးခေါ်မှမဟုတ်ပါဘူး။
ရခိုင်မှာဖြစ်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုခေါင်းစဉ်တပ်ပါသလဲ။ ဘာသာရေး၊ လူမျိုးရေး လား စသဖြင့်ပေါ့။
ဦးဌေးဦး---ကျွန်တော့်အနေနဲ့တော့ ဥပ ဒေမဲ့ဖြစ်ရပ်လို့ပဲ သဘောထား တယ်။ ပထမဖြစ်တာကတော့ ရာ ဇ၀တ်မှုပဲ။ ဒီရာဇ၀တ်မှုအပေါ် နောက်ဆက်တွဲ ဆင့်ကဲဖြစ်တာ တွေကတော့ လှုံ့ဆော်မှုလည်းပါ လာမယ်လို့ထင်တယ်။
အခု ဖြစ်စဉ်မှာ ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးက ကြေညာချက် ထုတ်တာ၊ ပြောတာဆိုတာမတွေ့ရတော့
ဒီကိစ္စနဲ့ပတ်သက်ရင် ပြည်ခိုင်ဖြိုးဘာလုပ်နေတယ်လို့ပြောရမလဲ။ ရပ်တည်ချက်ပေါ့။
ဦးဌေးဦး---ကျွန်တော်တို့ ရပ်တည်ချက် ကတော့ ဥပဒေမဲ့ဖြစ်စဉ်တွေ ဥပ ဒေမဲ့ဖြစ်ရပ်တွေကို လုပ်တဲ့လူတွေ ကိုပဲ အရေးယူပေးဖို့ပဲရှိတာပေါ့။ ဥပဒေကြောင်းအရ အရေးယူရ မယ်။ ဒါကတော့ ပြတ်ပြတ်သားသားကိုလုပ်ရမယ်။ ဆိုလိုတာက ဟိုဘက်ကို ညှာတယ်၊ ဒီဘက်ကို ညှာတယ်မဟုတ်ဘူး။ ဥပဒေမဲ့ဖြစ် ရပ်တွေ၊ ပြစ်မှုကျူးလွန်တဲ့လူတွေ ကို ပြစ်မှုအတိုင်းအတာအရ အရေးယူရမယ်။ အရေးယူမှုနဲ့ ပတ်သက်
လို့လည်း လူထုသိအောင် ပြောဖို့လိုတယ်လို့မြင်တယ်။ ပုံမှန်အခြေအနေမျိုးဖြစ်လာအောင် ရှင်းလင်း
ပြောကြားတာတို့ ထိန်းသိမ်းတာတို့လုပ်ရမယ်။ အချိန်ယူရမယ်ထင် တယ်။(ထုတ်ပြန်ချက်က ရိုက်နေ ပြီ၊ မကြာခင်ထုတ်ပေးမယ်။)
ဒီပြဿနာအစက အရင်အစိုးရ လက်ထက်တွေမှာ ခြစားပြီး ဒီဘက်ကူးလာတဲ့ နိုင်ငံခြားသားတွေကို လက်ခံခဲ့လို့ဖြစ်တာလို့ ဝေဖန်ကြတာတွေ ကြားရပါတယ်။ ဦးရဲ့ အမြင်ကရော။
-ဦးဌေးဦး--ဒါက နိုင်ငံတော်နဲ့ ဆိုင်ပါ တယ်။ အားလုံးကို သမာသမတ် အတိုင်းပြောရမယ်ဆိုရင် နိုင်ငံမဲ့
နိုင်ငံသားဆိုတာ မရှိသင့်ပါဘူး။ အဲဒီတော့ နိုင်ငံတွေ ဆက်စပ်နေ တဲ့အတွက် တခြားနိုင်ငံက ဒီဘက်
ကိုရောနှောပြီး ကူးလာတယ်ဆို တာလည်းမဖြစ်သင့်ဘူး။ တကယ် လို့ ကိုယ့်ဆီမှာ နှစ်ပေါင်းများစွာ နေလာပြီးတော့ တခြားနိုင်ငံက ဆိုတာမျိုးလည်းမရဘူး။ လက်ခံ လို့လည်းမဖြစ်ဘူး။ တခြားနိုင်ငံက လူကို
လက်ခံရင် သူ့မှာ အပြစ်ရှိ တာပေါ့။ ဒါနဲ့ပတ်သက်လို့စိစစ် ရမယ်။ အရင်တုန်းက ဒါနဲ့ပတ် သက်လို့လည်း နဂါးမင်းစစ်ဆင် ရေး၊ ဟင်္သာစစ်ဆင်ရေးဆိုတာ တွေက ဒါစိစစ်တာပေါ့။ စိစစ်ပြီး တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က လည်း လက်ခံရမယ်ဆိုတာတွေနဲ့ ပတ်သက်လို့ လက်ခံရတာပေါ့၊
တရားဝင်လက်ခံခဲ့ရတာပေါ့။ ရာ ဇ၀င်ကြောင်းကို ကြည့်မှပဲရမယ်။ သွင်ပြင်တွေက တူကြတာဆို တော့
အရင်တုန်းက ဖြစ်ခဲ့တဲ့ အခြေအ နေကို အကုန်လုံး ခြုံငုံပြီးတော့ တိတိကျကျလိုက်နာပြီးတော့မှ လုပ်လို့
ရမယ်လို့ထင်တယ်။ မလွှဲမသွေ လုပ်ရမှာပဲ။
အခုဆို ရိုဟင်ဂျာတွေက အများ ကြီးရှိနေပြီဆိုတော့ စစ်ဆင်ရေး တစ်ခုအနေနဲ့ ပြန်လုပ်သင့်နေပြီ
လို့ထင်ပါသလား။
ဦးဌေးဦး---ကျွန်တော်ထင်တယ်၊ လုပ် ရမယ်။ တစ်ပြည်လုံး သန်းခေါင် စာရင်းကောက်မယ်ဆိုရင် ဒါတွေ
လည်းပါလာမှာပေါ့။ ကျွန်တော် တို့ကလည်း ဒါကို စစ်ပါ၊ ဖြေရှင်း ပါလို့တိုက်တွန်းထားတယ်။ ဒီနေ ရာတင်
မကဘူး။ ကျန်တဲ့နေရာ တွေမှာလည်းရှိနေတယ်။
ဒီကိစ္စက လွှတ်တော်မှာ အကြီးအ ကျယ် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်မလား။
ဦးဌေးဦး--- မှန်တယ်။ ဆွေးနွေးနေ တယ်။ မပြီးပြတ်သေးတဲ့ ကိစ္စ။ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မပြီးပြတ်သေးဘူး။ ဆောင်ရွက်လာ မယ်လို့ထင်တယ်။
အခုက ရခိုင်ဘက်က လူမျိုးခြားယိုစိမ့်မှုပေါ့။ ကချင်နဲ့ ရှမ်းဘက်မှာ လည်း ဒါမျိုးတွေရှိနေတော့ ပြည်
ခိုင်ဖြိုးအနေနဲ့ ဒီကိစ္စတွေအပေါ် ဘယ်လိုစဉ်းစားထားပါလဲ။
ဦးဌေးဦး---မှန်တယ်။ ဒါကြောင့် ကျွန်တော်ပြောတာ တစ်နေရာတည်းမဟုတ်ဘူး။နေရာတိုင်းမှာရှိတယ်။
သာမန်အရ ပြောရရင် လ.၀.က နဲ့ဆိုင်တယ်။ တကယ်တော့ ဒါ နိုင်ငံတော်နဲ့ဆိုင်တယ်။ အကုန်လုံး
က ပူးပေါင်းပြီးဆောင်ရွက်မှ ပိုပြီး တိကျမှုကိုရမယ်။ ပိုပြီး မှန်မှန် ကန်ကန်ဖြစ်မှာပေါ့။ ဒီကိစ္စကို

အမှန်အတိုင်းဖြစ်အောင် စိစစ်ပြီး ဆောင်ရွက်တာ အကောင်းဆုံးပဲ။
ဒီနိုင်ငံသားယိုစိမ့်မှုတွေက နိုင်ငံ ရဲ့ ရေရှည်အေးချမ်းမှုကို ထိခိုက် စေပါသလား။
---ဖိဖိစီးစီး နိုင်နိုင်နင်းနင်းလုပ် ရင် ထိခိုက်စရာမရှိပါဘူး။ အရေးကြီးတာက ဒီလုပ်ငန်းတွေက နိုင်ငံ တော်ရဲ့ အေးချမ်းသာယာမှုကို မထိခိုက်ဘူး။ သို့သော် ဆင့်ကဲ ပြဿနာက ဖြစ်နိုင်တယ်။ ဆင့်ကဲ ပြဿနာကိုတော့ ဂရုစိုက်ရမှာပေါ့။
ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။
-ဦးဌေးဦး--မဖြစ်သင့်ဘူးပေါ့ဗျာ။ မကြိုက်ဘူးပေါ့ဗျာ။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စ၊ ဥပဒေကြောင်းအရ ရှင်း
ရမယ့်ကိစ္စ။ အုပ်စုလိုက်ဖွဲ့ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက်အပြိုင်ရှင်းရမယ့်ကိစ္စမဟုတ်ဘူး။ ဥပဒေရဲ့ အဆုံးအဖြတ်ကို နာခံရမယ်။ ဆင့်ကဲပြဿနာတွေက အမှားရောက်တတ်တယ်။ အားလုံး
က ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနဲ့ အဖြေရှာပြီးတော့မှ၊ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာပြီး တော့မှ မူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိရေးကို ဆောင်ရွက်သင့်တယ်လို့ပဲ ပြောချင်တယ်။ အချိန်တော့ယူရမယ်ထင်တယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template