တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေရှ် အစိုးရ ပယ်ချ
Wednesday, 13 June 2012 11:54 |

ဘင်္ဂလားဒေရှ် ဆိပ်ကမ်းများကို စောင့်ကြပ်နေသော ဘင်္ဂလားဒေရှ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: AFP)
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့
တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ်
အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ်
နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က
သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို
ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ
လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ
မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ်
အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ
၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း
ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင်
ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ်
မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ်
မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏
ဖေါ်ပြမှုအရ သိရသည်။
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို
လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏
တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင်
ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ
ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး
အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ
ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော
ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း
ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင်
ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ်
မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ်
မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏
ဖေါ်ပြမှုအရ သိရသည်။ |