Headlines News :
Home » , » AZG မှ အဖွဲ့ခေါင်းဆောင် ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထား

AZG မှ အဖွဲ့ခေါင်းဆောင် ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထား

Written By လွင့်မောင်မောင် on Thursday, June 14, 2012 | 7:09 PM

Thursday, 14 June 2012 17:18
နယ်သာလန်အခြေစိုက် နိုင်ငံတကာအန်ဂျီအို(AZG)မှ စစ်တွေရုံးခွဲရှိ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထားကြောင်း စစ်တွေမြို့ရှိ လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။
ထို့အပြင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဦးအောင်ထွန်းဦးလမ်းအတွင်းမှ AZG ရုံး အား ဇွန်လ ၁၄ ရက်နေ့က တပ်မတော်မှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှာဖွေမှုပြုလုပ်သည့် အချိန်မှာ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အထိ အချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
AZG အဖွဲ့သည် စစ်တွေမြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက် ကာကွယ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြောင်း သိရသည်။
ဗီဂျေးနမ်ဗီယာသည်လည်း  အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဘာသာရေးခေါင်းဆောင် ၁၅ ဦး နှင့်အတူ ဇွန်လ ၁၃ ရက်နေ့က စစ်တွေမြို့သို့ လာရောက်ခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template