Headlines News :
Home » » BBC တော်လှန်ရေး သို့မဟုတ် Exile များ၏ မျက်နှာဖုံးကွာကျခြင်း (ငမွဲများ အသဲနာခြင်း)

BBC တော်လှန်ရေး သို့မဟုတ် Exile များ၏ မျက်နှာဖုံးကွာကျခြင်း (ငမွဲများ အသဲနာခြင်း)

Written By လွင့်မောင်မောင် on Wednesday, June 13, 2012 | 11:26 PM

 by  James Mmt  (Facebook)on Saturday, November 5, 2011 at 6:21pm

ခုဖြစ်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ လှုပ်ရှားမှုမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ပြောင်းလဲမှုတွေ တစ်ပုံတစ်ခေါင်းကြီးကို တွေ့လာရပါတယ်။
အတိုက်အခံဆိုတဲ့သူတွေ၊ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေ၊ မြန်မာပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်မယ်ဆိုတဲ့ သတင်းဌာနတွေ၊ ကမ္ဘာကျော်ပါတယ်ဆိုတဲ့ မီဒီယာကြီးရဲ့
တာဝန်မဲ့ မလေးမစားနိုင်မှုတွေ၊ သတင်းဌာနအခြင်းခြင်း ဖေးမမှုတွေကို အတိုင်းသားတွေ့ရမှာပါပဲ။ ပြဿနာအစကတော့ အားလုံးသိကြတဲ့အတိုင်း BBC ပဲဖြစ်ပါတယ်။
 ရေးထားတဲ့ ခေါင်းစဉ်နဲ့မလိုက်ဖက်ပဲ ထည့်သွင်းထားတဲ့ မြေပုံက စ ပါတယ်။ အဲ့ဒိမှာ တစ်ချို့တွေက မေးလာကြတယ်၊ ဒီဆောင်းပါးက ရေးထားတာ ကြာလှပီ ဘာလို့ အခုမှ အရေးတယူလုပ်လဲလို့ မေးလာပါတယ်။



ဒီ ဆောင်းပါးကို ဘီဘီစီက Publish လုပ်တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်နဲ့ နီးကပ်နေဆဲ ကာလမှ ဖြစ်ခဲ့တဲ့အတွက် ဘယ်သူမှ အရေးတယူ မရှိခဲ့ပါဘူး။
ရွေးကောက်ပွဲ ပြီးသွားတော့လည်း ဒေါ်စု လွတ်ချိန်နဲ့ ကိုက်နေတဲ့အတွက် အရေးတယူ ဘယ်သူမှ မရှိခဲ့ပါဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ဦးနုတို့ ခောတ်ကတည်းက အခုလက်ရှိအချိန်အထိ
အာဏာငန်းဖမ်းလာတဲ့ အမတ်တွေဟာ သူတို့အနိုင်ရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးမှန်းကို ချက်ကောင်း စောင့်နေတဲ့ ရိုဟင်ဂျာတွေဟာ တစ်စခန်းထလာပါတယ်။

ရှေးတုန်းကနဲ့ ပုံစံမတူတဲ့ သူတို့ထတဲ့ တစ်စခန်းကတော့ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား ဖြစ်ပါတယ်ဆိုပြီး ပုံဖော်လာပါတယ်။ အဲ့ဒိလို ပုံဖော်ရန်လည်း ရည်ရွယ်ချက်ရှိရှိကို နှစ်နဲ့ချီပြီးသူတို့ဟာ ဖန်တီးခဲ့ကြပါတယ်။
 မီဒီယာတော်တော်များများမှ ရိုဟင်ဂျာ ကိစ္စကို ပုံဖော်လာရာမှာ က ကြီးကို ယ ပက်လက်ဖြစ်အောင် တောက်လျှောက်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာ ဒီကိစ္စကို မကျေလည်နိုင်တဲ့ ပြည်သူပြည်သားတွေက ကန့်ကွက် ဆန္ဒပြလာတာပါ။
အဲ့ဒိလို ကန့်ကွက် ဆန္ဒပြလာတော့မှ အရင်တုန်းက ရခိုင်တိုင်းရင်းသားတွေ တောက်လျှောက် ဘင်္ဂါလီ ရိုဟင်ဂျာတွေက အာရကန်ဆိုတဲ့ စာကို သူတို့ အပိုင်လိုလို ယူသုံးထားတာကို ကန့်ကွက်ခဲ့တာတွေ တဖြည်းဖြည်း ပြန်ပေါ်လာပါတယ်။
ရခိုင်လူမျိုးတွေ တောက်လျှောက် ဆန့်ကျင်ခဲ့တာတွေဟာ Media တွေရဲ့ တစ်ဖက်သပ်နှိမ်ထားခြင်းကြောင့် ဘယ်သူမှ မသိရှိခဲ့တာတွေ ဘူးပေါ်သလို ပေါ်လာပါတော့တယ်။
 အဲ့ဒိမှာ ညောင်မြစ်တူးတော့ ညောင်ဥပေါ်ဆိုသလိုတွေ တောက်လျှောက် ဖြစ်လာတော့တာပါပဲ။ DVB ငွေကြေး ကိစ္စဖြစ်ကတည်းက ကျွန်တော် သံသယရှိနေလို့
စောင့်ကြည့်နေတာမှာ မစ္စတာ ဟန်ညောင်ဝေ သမ္မတကြီးစကားကြောင့် မြန်မာပြည်ကို အလည်ပြန်လာမယ်ဆိုကတည်းက ဒီယုံမြင်လို့ ဒီခြုံထွင်တယ်ဆိုတာ နားလည်လိုက်တယ်။
 အဲ့ဒိအတောအတွင်း သူတို့အခြင်းခြင်း ဝေဖန်ခဲ့တဲ့ စာတွေ မှတ်ချက်တွေထဲမှာ တစ်ခုကို ကျွန်တော် မှတ်မိလိုက်တာက ဟန်ညောင်ဝေလို လူမျိုး မြန်မာပြည်ကို ပြန်ချင်ရင် ကြိုက်တဲ့အချိန် ကြိုက်သလို ပြန်လို့ရတယ် ဆိုတာပါပဲ။
 အဲ့တော့ အော် သူတို့လည်း အရင် စစ်အစိုးရလို တရားဝင်ခရီး၊ တရားမ၀င်ခရီး ရှိတာပဲလို့ နားလည်လိုက်တယ်။

ဆက်ကာ ဆက်ကာနဲ့ပဲ ဟန်ညောင်ဝေ အာရပ်ကြီးတို့စီက ပိုက်ဆံညာယူတာတွေ၊ ဒီမိုအကွဲအပြဲဇာတ်လမ်းတွေ အွန်လိုင်းမှာ သင်းပျံ့မွှေးကြိုင်လာပါတယ်။
ဒီနေရာမှာ ကျွန်တော့ကို လွှမ်းမိုးခဲ့တဲ့ မီဒီယာတွေကို ပြောချင်တာပါ။
ကျွန်တော် တောက်လျှောက်ဖတ်ဖြစ်ခဲ့တဲ့ အွန်လိုင်း Exile မီဒီယာတွေ တော်တော်များပါတယ်။
ဒါပေမဲ့ အဓိက ၀င်ဖတ်တာကတော့ Mizzima, Irrawaddy နဲ့ Irrawaddy Blog ပေါ်လာတော့ သူ့ဘလော့ပေါ့ဗျာ တောက်လျှောက် ဖတ်ဖြစ်တယ်။
 ပြည်သူတွေကို လမ်းပေါ်ထွက်ဖို့ တိုက်တွန်းနေတဲ့၊ အမေရိကားကနေ အစိုးရကို လေ နဲ့တော်လှန်နေတဲ့ လူတစ်ယောက် ဘလော့လဲ တစ်ခါတစ်လေ အပျင်းပြေ ၀င်ဖတ်တယ်ဗျ။
ဒါပေမဲ့ ပင်တိုင်ကတော့ မဇ္ဇိမနဲ့ ဧရာဝတီပါပဲ။ အဲ့ဒိနှစ်ခုဟာ ကျွန်တော့အပေါ်မှာ တော်တော့်ကို လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီဗီဘီကိုတော့ ကိုနေဇော်နိုင်ရဲ့ တော်စမ်းပါ ၀န်ကြီးရာ နဲ့ခိုက်သွားခဲ့တာပါ။
ဒါကကျွန်တော့ အပေါ်လွှမ်းမိုးခဲ့တဲ့ မီဒီယာတွေအကြောင်းပါ။
ခုဏက ဘင်္ဂါလီရိုဟင်ဂျာ ကိစ္စဖြစ်လာတော့ လူတွေက အစိုးရရဲ့ ဆိုက်ဝါးကို သတိထား၊ အစိုးရလမ်းကြောင်းလွှဲတာကို မြောပါမသွားစေနဲ့လို့ ပြောကြပါတယ်။
 အဲ့ဒိမှာ ကျွန်တော့အနေနဲ့ ထောက်ပြစရာတွေ အများကြီးဖြစ်လာပါတယ်။ ဒီကိစ္စ စဖြစ်တာ ဘီဘီစီနဲ့ပါ။ ဘီဘီစီက ပြည်သူတွေဆန္ဒကို လုံးဝဂရုမစိုက်ပဲ မြေပုံပြန်ပြင်တယ်
ရှေ့နောက်မညီတဲ့ ဖြေရှင်းချက်တွေ ထုတ်ပီးတော့ သူ့ပရိတ်သတ်တွေကို ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံကြောင့် ကန့်ကွက်တဲ့လူတွေ တော်တော် စိတ်ဆိုးပြီး ပိုပြင်းထန်လာပါတယ်။
 မီဒီယာတွေရဲ့ ဖေ့ဘွတ် ပေ့ခ်ျမှာ သွားရေးကြတယ်၊ သက်ဆိုင်ရာ Exile မီဒီယာရဲ့ အယ်ဒီတာတွေစီမှာ သွားရေးကြတယ်။ ဘာဖြစ်သလဲ ဖျက်ပစ်ကြပါတယ်ဗျာ။
 ခါတော်မှီ ဘင်္ဂါလီဆိုတာ တိုင်းရင်းသား မဟုတ်ပါ၊ သို့သော် နိုင်ငံသား အခွင့်အရေး ရစေဖို့ အပြည့်အ၀ အာမခံပါတယ်ဆိုပီး ကြွေးကျော်လာတဲ့ Blog မှာတောင်
မှတ်ချက်ကို ဖျက်ပစ်တဲ့အပြင် ထပ်ရေးမှာစိုးလို့ မှတ်ချက်ရေးသူကို ဘလော့တယ်ဗျ။
အဲ့ဒိမှာ တစ်ချို့တွေက အားကိုးတကြီး ဒီကိစ္စကို DVB ကိုပြောမယ် DVB ဆိုရင်တော့ ငါတို့ဘက်ပါမှာပဲ အဲ့ကြရင် BBC တော့နာမှာပဲ ဆိုပီး အားကိုးတကြီး DVB ကိုသွားပြောကြတယ်။
အဲ့ဒိအချိန်မှာ ကျွန်တော်တို့လူမျိုးများ ဘယ်လောက်တောင် ယုံကြည်ကိုးစားကြသလဲဆိုရင် DVB, RFA, VOA, Mizzima, Irrawaddy အကုန်လုံးလိုလိုကို ဒီကိစ္စ စော်ကားခံရတာ မကျေနပ်ဘူးလို့
သွားပြောလိုက်ကြတာ သတင်းဌာန တစ်ခုခုကများ ငါတို့ဘက်ရပ်တည်လေမလား ဆိုတဲ့ မျှော်လင့်ချက် အပြည့်နဲ့ပေါ့ဗျာ။ ကျွန်တော့်ကိုလဲ သူတို့မှာ မချိတင်ကဲနဲ့ကို လာမေးကြတယ်။
 ဘာဖြစ်လဲ အားလုံးသိတဲ့အတိုင်းပဲ ရှိရှိသမျှ သတင်းဌာန နှာစေးနေတော်မူပါတယ်။ နောက်ဆုံး အစိုးရကို ဆန့်ကျင်ပါတယ်ဆိုတဲ့၊ မြန်မာ့အရေး ကျွမ်းကျင်သူများလို့ ကိုယ့်ကို နာမည်တပ်ထားခဲ့တဲ့
သူတွေလည်း ပါတ်တော ပိတ်ကုန်တော့တာပါပဲ။ အရင်တုန်းက အဖေ့ဘုတ်မှာ Custom Message တင်တာကိုတောင် သတင်းလုပ်ရေးတဲ့ Irrawaddy Blog လည်း ဒီသတင်းကို အရှင်းတောင် မဟပါဘူး။
ပြည်သူတွေ မကျေနပ်ချက်တွေ ပေါက်ကွဲလာတဲ့အချိန်မှာ အရင်တုန်းက Irrawaddy နဲ့ DVB သတင်းဌာနတွေရဲ့ ယခင်က တင်ထားခဲ့တဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ အကြောင်းတွေ ပြန်ပြန့်လာပါတယ်။
တိုက်ဆိုင်တာလား တမင်ရွဲ့တာလား မသိပေမဲ့ အကုန်လုံး ဒေါသတချောင်းချောင်း ထွက်လာကြပါတယ်။ ဒီနေရာမှာ အစိုးရ ၀ါဒဖြန့်တဲ့ ဆိုက်ဝါးထဲမှာ မြောနေတယ်လို့
ကျွန်တော့ကိုဝေဖန်တဲ့သူတွေကို ထောက်ပြချင်လာတာက အခုလို တစ်ကမ္ဘာလုံးမှာ ဘယ်တုန်းကမှ မဖြစ်ဘူးတဲ့ နာမည်ကြီးမီဒီယာကြီးတစ်ခုဖြစ်တဲ့ ဘီဘီစီကို ဖေ့ဘွတ်ကနေ
 မြန်မာပြည်သူ ပြည်သားတွေ တစ်ခဲနက် ၀ိုင်းပြီး ကန့်ကွက်ကြတာကို ကျန်တဲ့မီဒီယာတွေ နှုတ်ဆိတ်နေတာကိုပါပဲ။ မဇ္ဇိမ သတင်းအယ်ဒီတာကြီး ဦးစိန်ဝင်းပြောခဲ့တယ် ဒီကိစ္စဟာ သိမ်မွေ့တဲ့ကိစ္စမို့လို့
 ကျွန်တော် နှာစေးနေကြောင်းတဲ့။ ကဲ နောက်ဆုံး ဘာသာရေး လူမှုရေး မပါတ်သက်ချင်ရင်တောင် ပြည်သူတွေ အခုလို ဆန္ဒပြနေပါတယ်ဆိုတာကိုတောင် သတင်းလေးအဖြစ်တောင် မရေးရဲကြအောင်
အားလုံး တိတ်ဆိတ်နေကြပါတယ်။ မထူးဆန်းဘူးလား၊ BBC, VOA, RFA, DVB, Mizzima, Irrawaddy ရှိရှိသမျှ Exile Media တွေအားလုံးဟာ အစိုးရရဲ့ ပိုက်ဆံရထားလို့များ နှုတ်ပိတ်နေကြတာလား..
 နဂိုကမှ အစိုးရဆို မှိုချိုးမျှစ်ချိုး ပြောချင်ကြတဲ့ ဒီ မီဒီယာတွေဟာ ဒါတကယ့်အကွက်ဖြစ်တဲ့အတွက် ဝေဖန်ပါလား မဝေဖန်ရဲခဲ့ကြသလို နှုတ်ပိတ်ပြီး ခတ်ဆိပ်ဆိပ်ပဲ နေကြပါတယ်။

 မနေနိုင်တဲ့ ဒေါက်တာဇာနည်တစ်ယောက်ကတော့ ကိုယ့်မျက်နှာဖုံး ကိုယ်ဖွင့်ပီးတော့ ဘီလူးဆိုင်းနဲ့ ထွက်လာတယ်။ စေတနာမမှန် ဒေါ်လာအကျိုး မျှော်ကိုးပီ ကပေါက်တိကပေါက်ချာ ထွက်လာလေတော့
သူလည်း တစ်ခါတည်း ကားယားကြတာပါပဲ။ မြန်မာနိုင်ငံရေးမှာ သူ့နာမည် တန်းပြီးတော့ကို သေ သွားတော့တာပါပဲ။ ကျန်တဲ့ မီဒီယာတွေရဲ့ ရပ်တည်ချက်ဟာလည်း ဗူးပေါ်သလို ပေါ်လာတော့တာပါပဲ။
သူတို့ တောက်လျှောက် ဖုန်းကွယ်ခဲ့တဲ့ ရခိုင်အသင်း ရဲ့ အာရကန်ကို ဆန္ဒပြတာတွေဟာလည်း အခုမှ လူတွေကြားထဲ ပြန့်နှံ့လာပါတယ်။

 ပထမဆုံး ထောက်ပြချင်တာကတော့ ရခိုင်မှာ နစက နှစ်ယောက် အသတ်ခံရတဲ့ကိစ္စ။ အဲ့ဒိသတင်းကို Exile Media တွေလုံးဝ နှာစေးနေတယ် မထုတ်လွှင့်ဘူး။
ရခိုင်မှာ ဘင်္ဂါလီ ခေါ်တောတွေ လုပ်တဲ့အကြမ်းဖက်မှု မှန်သမျှ တစ်ခုမှကို မဖော်ပြဘူး။ ဒါတွေဟာ ရိုးသားမှု ရှိခဲ့ပါသလား။ နောက်တစ်ခုက ဘင်္ဂါလီတွေ တရားမ၀င်နည်းလမ်းနဲ့ ရန်ကုန်ကို လာကြတဲ့ကိစ္စ။
ဘင်္ဂါလီတစ်ယောက်ဟာ ရန်ကုန်ကို လာချင်ရင် နစက ကို 15 သိန်းပေးရပါတယ်။ နစက ရဲ့ စစ်ကားတွေနဲ့ ရန်ကုန်မြို့ကို သယ်လာတာဖြစ်တဲ့အတွက် လမ်းမှာ အတားအဆီးလွတ်ပါတယ်။
ဒါဟာ နစက ရဲ့ အကြီးအကျယ် ခြစားတဲ့ အမှုပါ။ ကျွန်တော်တို့လို ပမွှားတွေတောင် သိမှတော့ မြန်မာပြည်မှာ အပ်ပျောက်၊ ဖိနပ်ပျောက်တာတောင် အတိအကျ သိကြတဲ့ Exile Media တွေ နှုတ်ဆိတ်နေကြတပါတယ်။
 သူတို့ ဘာလို့မအော်ရဲကြသလဲ အဖြေက ရှင်းပါတယ်၊ သက်ဆိုင်ရာ နစက ကိုအရေးယူလိုက်ရင် ဘင်္ဂါလီတွေရဲ့ ရန်ကုန်ကိုလာမယ့် လမ်းကြောင်းပျောက်သွားရင် သူတို့နောက်ကွယ်က ပံ့ပိုးနေတဲ့ သူတွေ သူတို့ကို ထုမှာစိုးလို့လို့ ယူဆလို့ရပါတယ်။

 ဘူးသီးတောင် မောင်းတောက အမတ်နှစ်ယောက် မတရားနည်းလမ်းနဲ့ အမတ်ဖြစ်လာတယ်။ စစ်အစိုးရဟာ တရားမျှတမှု မရှိဘူး မဲခိုးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပီး
ကြွေးကျော်လာကြတဲ့ Exile Media တွေ ဒါကို ပါးစပ်ပိတ်ထားကြတယ်။ ရခိုင်အမတ်တွေ ကန့်ကွက်တာတောင် သူတို့စာမျက်နှာတွေပေါ် မတင်ခဲ့ဘူး။
 ဟောအခုတော့ အစိုးရက စိစစ်တွေ့တော့ အဲ့ဒိအမတ်တွေကို ဖယ်ထုတ်ပလိုက်တယ်၊ ဒါပေမဲ့ သူတို့မအော်ပါဘူး။ ဒီအမတ်တွေကို ဘာလို့ အစက လက်ခံခဲ့သလဲ၊ အခုဘာလို့ထုတ်လဲ
၊ လိမ်လည်ခဲ့တဲ့အတွက် ဘယ်လိုအရေးယူသင့်သလဲ စသည်စသည် တကယ်အော်မယ်ဆို အကြောင်းခြင်းရာတွေ ပြည့်လို့ ဒါပေမဲ့ နှုတ်ဆိတ်နေခဲ့ပါတယ်။ အဲ့ဒိမှာ သူတို့တွေ ကြမ္မာငင်တော့တာပါပဲ။
 ပြည်သူတွေအတွက် စစ်မှန်သော အသံဖြစ်ရပါမယ်လို့ ကြွေးကျော်ခဲ့တဲ့ သူတို့ကို ပြည်သူတွေက ပြန်မေးနေကြချိန်မှာတော့ ရင်မဆိုင်ရဲတော့ပဲ မေးခွန်းတွေကိုသာ တွင်တွင်ဖျက်နေပါတော့တယ်။


သူတို့ဟာ အစိုးရရဲ့ မကောင်းကြောင်းကို ဝေဖန်ချင်တာတောင်မှ ဘင်္ဂါလီတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်ဆိုရင် တုတ်တုတ်ကို မလှုပ်ရဲတာ တအားသိသာလာပါတယ်။
 ပြီးခဲ့တဲ့ သီတင်းကျွတ်မှာ အစိုးရက အကျဉ်းသားတွေ တစ်ပြုံကြီး လွှတ်တဲ့အချိန်မှာ ပြည်တွင်း မီဒီယာတွေ လက်စောင်းထက်တာကို သူတို့ဟာ ထိုင်ငေးနေရုံသာ တတ်နိုင်ခဲ့ပါတယ်။
အဲ့ဒိမှာ ပြောစရာရှိတာက Exile Media တွေရဲ့ ပြည်တွင်း သတင်းထောက်တွေ ဖြစ်ပါတယ်။ အဲ့ဒိ ပြည်တွင်း သတင်းထောက်တွေဟာ မြန်မာပြည်ထဲက နာမည်ကြီး ဂျာနယ်တစ်ချို့ရဲ့
သတင်းထောက်တွေလည်း ဖြစ်ကြပါတယ်။ အဆိုပါ သတင်းထောက်တွေအနေနဲ့လည်း Exile Media တွေမှာ မထင်မရှား နာမည်ဝှက်တွေနဲ့ သတင်းရေးနေရတာနဲ့ ကိုယ်ပိုင်နာမည်နဲ့ ၀ံ့ဝံ့ကြွားကြွား သတင်းရေးချင်မှာပါပဲ။
 အခုလို စာနယ်ဇင်း လွတ်လပ်ခွင့်တွေ တဖြည်းဖြည်းရလာတဲ့အချိန်မှာ ပြည်တွင်းကို ဦးစားပေး ဇောင်းပေး သတင်းပို့လာတဲ့ သတင်းထောက်တွေကြောင့် ပြည်ပ မီဒီယာတွေ သတင်းရှားလာတာလည်း တဖြည်းဖြည်းပေါ်လွင်လာပါတယ်။

 ကျွန်တော် သတိထားပြီး ကြည့်နေတယ် ဒေါ်စုနဲ့ ဦးသိန်းစိန် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှု စတင်ကတည်းက ပြည်ပသတင်းမီဒီယာတွေ ထိုင်သွားကြပါတယ်။
တော်တော်လေးကို သတင်းတွေ ရှားပါးလာတယ်။ အခု လွတ်လပ်ခွင့်ပေးလိုက်ချိန်မှာတော့ ပြည်တွင်းမီဒီယာတွေရဲ့ လက်စောင်းထက်လာမှုကြောင့် သူတို့ရဲ့ မြန်မာနိုင်ငံအပေါ်မှာ
 ထားတဲ့ စေတနာဟာ တဖြည်းဖြည်း ပေါ်လာရာမှာ အခု ဘင်္ဂါလီနဲ့ ဘီဘီစီ ကိစ္စပေါ်တဲ့အချိန်မှာတော့ မျက်နှာဖုံးတွေ ကွာကို ကျလာပါတော့တယ်။ သူတို့တွေ နာမည်သေကုန်ကြပါပီ။
 ပြည်သူတွေရဲ့ စိတ်ပျက်မှုကို တော်တော်လေးကို ရသွားကြပါပီ။ ကိုချိုတူးဇော် ပြောသလိုပါပဲ၊ ပြည်သူ့ဆန္ဒကို ဂရုမစိုက်သော အစိုးရနဲ့ ပရိတ်သတ်ကို မလေးစားသော သတင်းဌာနတွေဟာ
 ရေရှည်မခံဘူးဆိုတာ တဖြည်းဖြည်း မှန်လာပါတယ်။ အဆိုပါ သတင်းဌာနတွေအနေနဲ့လည်း မြန်မာပြည်သူတွေ ရှိနေလို့ လုပ်စားရတာ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေ ရွံ့မုန်းသွားခဲ့တဲ့ နောက်တော့ သူတို့ရဲ့
သတင်းဌာနတွေရဲ့ ထောက်ပံ့ငွေတွေ ဖြတ်တောက်ခံရရင် သူတို့အလုပ်ပြုတ်မှာ ဖြစ်တယ်ဆိုတာကိုလည်း မေ့နေကြပုံရပါတယ်။

 အဆုံးသတ်အနေနဲ့ကတော့ ဘီဘီစီနဲ့ ဘင်္ဂါလီ တော်လှန်ရေးကြီးမှာ အမြတ်ထွက်သွားကြတာကတော့ အစိုးရနဲ့ ဘင်္ဂါလီတွေပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီတွေဟာ ရိုဟင်ဂျာလို့ ခေါ်ပါလားဆိုတာကို လူတွေ ပိုသိသွားကြတယ်၊ အတိုက်အခံ သတင်းမီဒီယာတွေ မျက်နှာဖုံးကွာကျကုန်တယ်၊ အရှက်ကွဲကုန်တယ်၊
 ပြည်သူတွေ အယုံအကြည်မဲ့သွားတယ်။ ကဲ ငါတို့မပြောဘူးလား ဘီဘီစီ လိန်နေသည်၊ ဗီအိုအေ ညာနေသည်၊ RFA, DVB လေလှိုင်းသံ အကောက်ကြံ ဘာညာတွေဗျာ
ဆိုပီးတော့ စင်ပေါ်ကနေ မိန့်မိန့်ကြီး ကျုပ်တို့ကို ထိုင်ကြည့်နေမှာ မြင်ယောင်တယ်။ အစိုးရကို ကြည့်မရတဲ့ ကျုပ်တို့ဟာ  နေရင်းထိုင်ရင်းကို အစိုးရရဲ့ ပဉ္စမံ တပ်သားတွေအနေနဲ့
ခင်ဗျားတို့ မျက်နှာဖုံးကို ခွာချပေးလိုက်တယ်။ ခင်ဗျားတို့တွေကို လေးစားခဲ့မိတဲ့ ကျုပ်တို့ကိုယ် ကျုပ်တို့ တော်တော် စိတ်ပျက်သွားတယ်။
ခင်ဗျားတို့ အားကိုကိုးဖို့ ကြိုးစားခဲ့တဲ့ ကျုပ်တို့တွေလည်း ဖွတ်ထွက်မှ တောင်ပို့မှန်းကို သိသွားတော့တာပဲ။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ့်ဟာကိုယ် ကိုယ့်အားကိုယ်ကိုးဖို့ သဘောပေါက်သွားတဲ့ ကျုပ်တို့အတွက်ကတော့ အမျိုးသားအရေးထက် ဒေါ်လာအရေးကို ဦးစားပေးတဲ့
ခင်ဗျားတို့တွေရဲ့ ခင်ဗျားတို့ နာမည်တွေ သမိုင်းမှတ်တိုင်တွေ သေသွားပီဗျာ... တော်ပီ ရေးလေ ရေးလေ ရင်ထုမနာလေပဲ....
 အစိုးရပြုံးပြုံးကြီး ကျုပ်တို့ကို ကောင်လေးတွေ ငါတို့ကိုယ်စား ဆော်တာ တော်သဟဆိုပီး ကျောကုန်းကို ဟိုသတ္တ၀ါကို ပွတ်သလိုပုံစံမျိုးနဲ့ ထိုင်ကြည့်နေမှာကို အသဲအနာဆုံးပဲ.....
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template