Headlines News :
Home » , » စစ်တွေတွင် ဒုက္ခသည် တစ်သောင်းကျော်သို့ရောက်ရှိ

စစ်တွေတွင် ဒုက္ခသည် တစ်သောင်းကျော်သို့ရောက်ရှိ

Written By လွင့်မောင်မောင် on Wednesday, June 13, 2012 | 10:02 PM



ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။

ရန်ကုန်၊ ဇွန် ၁၃

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုနှင့် နေအိမ်မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသော ဒုက္ခသည်အရေအတွက် တစ်သောင်းကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ယနေ့ မွန်းလွဲ ၃ နာရီတွင် သတင်းပေးပို့သည်။

အဆိုပါဒုက္ခသည်တစ်သောင်းကျော်မှာ စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၃၅ ခုတွင် ယာယီနေထိုင်နေကြပြီး စားနပ်ရိက္ခာမလုံလောက်ဘဲ အခက်အခဲကြုံတွေ့နေရကြောင်း ၀ံလက်လူမှုရေးအဖွဲ့ထံမှ သိရသည်။

“ဈေးတွေ ပိတ်ထားလို့ ၀ယ်စရာလည်း မရှိတော့ဘူး။ ချက်စရာလည်း မရှိတော့ဘူး။ အရင်က လူတစ်ယောက်ကို ထမင်းတစ်ထုပ်၊ ဟင်းတစ်ထုပ် ဝေပေးတာ၊ အခု အဲ့လို ပုံမှန်မပေးနိုင်တော့ဘူး” ဟု ၀ံလက်လူမှုရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ ဒုက္ခသည် ငါးထောင်ကျော်မှာလည်း စားနပ်ရိက္ခာမလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရသေ့တောင်မှာ ဘာဆူပူမှ မဖြစ်ပေမယ့် ကြောက်ပြီးတော့ ငါးဖမ်းထွက်မယ့်သူ၊ ဟင်းလာရောက်တဲ့သူတွေလည်း မရှိဘူး။ ဒါကြောင့် ဒုက္ခသည်တွေကို ထမင်းပဲ ဝေပေးနိုင်တယ်။ ဟင်းမဝေပေးနိုင်တော့ဘူး”ဟု ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးက ပြော ကြားသည်။ အဆိုပါ ဒုက္ခသည် ငါးထောင်ကျော်မှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ စာရင်းအရ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှု တို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် လာကြသော ဒုက္ခသည် တစ်သောင်းကျော် ၁၂၀၇၄ ဦးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ မောင်တော မြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ ဦး၊ ဘူးသီးတောင် မြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ ဦး စုစုပေါင်း ၁၂၀၇၄ ဦး ရှိကြောင်း၊ မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်း ၄ ခု၊ စစ်တွေမြို့တွင် ဒုက္ခသည်စခန်း ၂၁ ခုခန့် ရှိပြီး ဘူးသီးတောင်မြို့တွင် ဒုက္ခသည်စခန်း ၁ ခုနှင့် ရသေ့တောင် မြို့တွင် ဒုက္ခသည်စခန်း ၅ ခု ရှိကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template