Headlines News :
Home » , » စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေ

စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေ

Written By လွင့်မောင်မောင် on Wednesday, June 13, 2012 | 9:53 PM


သရုပ်ဆောင် ပြေတီဦးအား တပ်ဦးပရိယတ္တိ ကယ်ဆယ်ရေးစခန်းတွင် တွေ့ရစဉ်

ခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ကူညီထောက်ပံရေးအဖွဲ့ (ယာယီ) သို့ ဦးဇော်ဇော်မှ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းစဉ် (ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ကူညီထောက်ပံရေးအဖွဲ့ (ယာယီ) သည် နာရေးကူညီမှုအသင်း (စစ်တွေ)မှ ဦးဆောင်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အမည်ဖြစ်ပါသည်။ အဆိုပါအဖွဲ့သို့ ဆက်သွယ် လှူဒါန်းလိုသူများအနေဖြင့် ဖုန်း ၀၄၃-၂၂၄၇၅၊ ၀၉၈၅၀၀၉၄၄၊ ၀၉၈၅၀၀၂၄၁ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။)
ဓါတ်ပုံ Eleven Media Group

“စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင် ဘက်မှာ မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေ အပြင် တခြားထူးခြားတဲ့ ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး” ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ မွန်းလွဲ ၁း၅၀ နာရီတွင် သတင်းပေးပို့ပါသည်။

 ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။

ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀ ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀ ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀ ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀ ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀ ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀ ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀ ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀ ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀ Fresh Air Con ကျပ်သိန်း ၁၀၀ လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀ Eleven Media Group ကျပ်သိန်း ၂၀ ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀ သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀ ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း  Eleven Media Group အင်တာနက်စာမျက်နှာဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template