Headlines News :
Home » » လူမှုအခြေပြု သျှမ်းအဖွဲ့ ၂၀ နီးပါးက လက်ရှိငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စုပေါင်းကြေငြာချက်ထုတ်

လူမှုအခြေပြု သျှမ်းအဖွဲ့ ၂၀ နီးပါးက လက်ရှိငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စုပေါင်းကြေငြာချက်ထုတ်

Written By လွင့်မောင်မောင် on Friday, June 15, 2012 | 5:06 PM



ယနေ့နံနက်ပိုင်းကချင်းမိုင်မြို့တနေရာ၌သျှမ်းလူမှု အဖွဲ့အစည်း၂၀ နီးပါးစုပေါင်း၍ လက်ရှိငြိမ်းချမ်းရေး နှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲ တရပ်ပြု လုပ်ရာရပ်တည်ချက်နှင့် တိုက်တွန်းတောင်းဆို ချက် များ ထုတ်ပြန် ကြေငြာခဲ့ပါသည်။

“အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်အင်အားတိုးချဲ့တာမရပ်ဘူး၊ ဒေသခံလူထုလဲ လူ့အခွင့်အရေး အမျိုးမျိုး

ကျူးလွန်ခံနေရတယ်။ လယ်ယာသိမ်းခံရတယ်။ အခွန်အတုပ်တွေလဲ အရင်ကထက် ပိုပေးနေရတယ်။
လူထုလဲ လွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်ခွင့်မရသေးဘူး။ အပစ်ရပ်ထား တယ်ဆိုပေမယ့် တိုက်ပွဲတွေ
မကြာခဏ ဖြစ်နေတယ်” - ဟု အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် စိုင်းခေးဆိုင်က ပြောသည်။
altသတင်းစာရှင်းလင်းပွဲမြင်ကွင်း ( ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

လူမှုအခြေပြုအဖွဲ့အစည်း ၁၆ ဖွဲ့မှ ပုဂ္ဂိုလ် ၇၆ ဦးက ချင်းမိုင်မြို့ တနေရာ၌ ၂ ရက်ကြာတွေ့ဆုံခဲ့ပြီး ယနေ့

ဂျွန် ၁၂ ရက် နံနက် ၁၀:၀၀ - ၁၂:၀၀ နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ - အမြင် သဘောထား
၉ ချက် နှင့် တိုက်တွန်းတောင်းဆိုချက် ၄ ချက်ဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။


“သျှမ်းပြည်မှာ အစိုးရက အမှတ် ၁၂ (ရလခ - ခိုလမ်မြို့နယ်ခွဲ ခြေစိုက် အရှေ့အလည်ပိုင်းတိုင်း စစ်ဌာန ချုပ်)
စစ်တိုင်းသစ် တစ်တိုင်းထပ်မံတိုးချဲ့တယ်။ သျှမ်းပြည်အတွင်းတပ်စွဲထားတဲ့ မြန်မာစစ်တပ်ပြဿနာကို မဖြေရှင်း
နိုင်သေးသရွေ့တော့ နိုင်ငံရေးမတည်မငြိမ် ဆက်ဖြစ်နေဦးမယ်၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့သုံးစွဲမှုပြဿနာလဲ
ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး” - ဟု စိုင်းခေးဆိုင်က ဆက်၍ ပြောပြပါသည်။

ထာဝရငြိမ်းချမ်းရေးအမှန်တကယ်တည်ဆောက်လိုပါက အစိုးရအနေဖြင့် အင်အားထပ်မတိုးချဲ့ဘဲ နယ် ချဲ့
တပ်စွဲထားသည့်တပ်များလည်း ရုပ်သိမ်းပေးသင့်ကြောင်း၊ မရုပ်သိမ်းက အပစ်ရပ်တပ်ဖွဲ့များ နှင့် ရင်ဆိုင်တိုက်ပွဲ
ဆက်ဖြစ်မည်မလွှဲကြောင်း၊ နေရာပြန်ချထားသည့် လူထုက စစ်ဘေးစစ်ဒဏ်ပြန်ခံရမည် မလွဲကြောင်း၊
ပြည်ထောင်စုကြီးသည် လူမျိုးတခုတည်းပိုင်ဆိုင်သာမဟုတ်သောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရာ
တွင်လည်း လူမျိုးစုတိုင်းပါဝင်ခွင့်ရဖို့ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့်လည်းပေးထား သင့်ကြောင်း -
သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပါသည်။

ယနေ့သတင်းစာရှင်းလင်းပွဲနှင့်တကွ ထုတ်ပြန်ကြေငြာချက်တွင် ပါဝင်သည့်အဖွဲ့အစည်းများမှာ
- ကုန်းကျော်ဒုက္ခသည်စခန်းကော်မတီ၊ Lin Mawk Mai Group ၊ Migrants Worker Federation ၊
သျှမ်းပညာရေးကော်မတီ၊ သျှမ်းလယ်သမားအဖွဲ့အစည်းများ၊ သျှမ်းကျန်းမာရေးကော်မတီ၊ သျှမ်းလူ့ အခွင့်
အရေးမဏ္ဌိုင်၊ သျှမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ သျှမ်းသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့၊
Shan State Organization ၊ သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင် ရွက်ရေးအသင်း၊
Shan Youth Network Group ၊ Shan Youth Power Group ၊ Shan Youth Power ၊
Worker’s Solidarity Association ၊ သျှမ်းပြည်နယ်လူငယ်များအဖွဲ့ စသည်တို့ပါဝင်ပါ သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template