Headlines News :
Home » » မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားမှု ကျပ်ဘီလျံ ၁၆၆၀ ကျော်အထိ မြင့်တက် မေလအတွင်း နိုင်ငံသားပိုင် ကုမ္ပဏီအချို့ သယ်ယူပို့ဆောင်ရေးနှင့် သတ္တုကဏ္ဍတွင် ကျပ်သန်း ၈၀၀ နီးပါး ထပ်မံမြှုပ်နှံ

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားမှု ကျပ်ဘီလျံ ၁၆၆၀ ကျော်အထိ မြင့်တက် မေလအတွင်း နိုင်ငံသားပိုင် ကုမ္ပဏီအချို့ သယ်ယူပို့ဆောင်ရေးနှင့် သတ္တုကဏ္ဍတွင် ကျပ်သန်း ၈၀၀ နီးပါး ထပ်မံမြှုပ်နှံ

Written By လွင့်မောင်မောင် on Wednesday, June 13, 2012 | 3:21 PM

Wednesday, 13 June 2012 13:41    Eleven media group
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားသည့် ပမာဏမှာ ကျပ်ဘီလျံ ၁၆၆၀ ကျော်အထိရှိလာပြီး မေလအတွင်းက နိုင်ငံသားပိုင် ကုမ္ပဏီများ ထပ်မံမြှုပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိ ရသည်။

မေလအတွင်းက မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသားပိုင် ကုမ္ပဏီအချို့မှ သယ်ယူပို့ဆောင်ရေးနှင့် သတ္တုတွင်းထွက် ကဏ္ဍတွင် ကျပ်သန်း ၈၀၀ နီးပါး ထပ်မံမြှုပ်နှံခဲ့ကြောင်း သိရသည်။

နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု မှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ကျပ် ၁၆၂၇ ဘီလျံကျော်သာ ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်နေ့အထိ မြှုပ်နှံမှုမှာ ကျပ် ၁၆၆၀ ဘီလျံကျော်အထိ မြင့်တက်ခဲ့ပြီး ငါးလအတွင်း ကျပ် ၃၃ ဘီလျံ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှု၊ သတ္တုတူးဖော်ရေးကဏ္ဍများတွင် အဓိက ထိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလအတွင်းက ရင်းနှီးမြှုပ်နှံသည့် ကျပ်သန်း ၈၀၀နီးပါးမှာလည်း သယ်ယူပို့ဆောင်ရေးနှင့် သတ္တုတူးဖော်ရေးကဏ္ဍများတွင်သာ အဓိက မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

''၂၀၁၁ ခုနှစ်နောက်ပိုင်း ဆိုရင်တော့ ကျပ်ဘီလျံ ၂၃၀ ကျော်အထိ တိုးလာတာပေါ့။ အခု မေလ တစ်လအတွင်းမှာ ကျပ်သန်း ၈၀၀  ထပ်မြှုပ်နှံတယ်။ သတ္တုနဲ့သယ်ယူပို့ ဆောင်ရေးကဏ္ဍမှာ မြှုပ်နှံတာ။ တက်မလာတာက စိုက်ပျိုးရေး ကဏ္ဍပဲ။ ဟိုတယ်ခရီးကဏ္ဍလည်း ကျပ်ဘီလျံ ၅၀ ကျော်အထိ တက်လာတယ်။ နိုင်ငံသားများ မြှုပ်နှံမှုပဲဖြစ်ဖြစ်၊ နိုင်ငံခြား မြှုပ်နှံမှုပဲဖြစ်ဖြစ် အားရစရာတော့ သိပ်မရှိဘူး။ သူတို့က မြတ်မယ့်ကဏ္ဍပဲ လုပ်ချင်တာ။ ကိုယ်စွမ်းကိုယ်စနဲ့ စက်ရုံထောင်၊ ကိုယ့်အမှတ်တံဆိပ် ပေါက်အောင် ဘယ်လိုလုပ်မယ်ဆိုတာမျိုး ရှားတယ်''ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံသားများ ကဏ္ဍအလိုက် မြှုပ်နှံမှုပမာဏ(ကျပ်၊ သန်း)
လုပ်ငန်းအမျိုးအစား ၂-၄-၂၀၁၂ ထိ ၂၁-၅-၂၀၁၂ ထိ

အရေအတွက် ပမာဏ အရေအတွက် ပမာဏ
ဆောက်လုပ်ရေး ၅၂ ၆၃၂၃၀၈ .၉၃ ၅၂ ၆၃၂၃၀၈ .၉၃
စွမ်းအင် ၂၄၁၈၆၃ .၂၄ ၂၄၁၈၆၃ .၂၄
ကုန်ထုတ်လုပ်မှု ၅၈၂ ၄၆၂၇၈၀ .၈၄ ၅၈၂ ၄၅၂၈၄၂ .၄၆
အခြား ၁၇ ၁၄၄၁၅၀ .၁၆ ၁၇ ၁၄၄၁၅၀ .၁၆
အိမ်ခြံမြေ ၃၁ ၃၅၀၈၁ .၉၆ ၃၁ ၃၅၀၈၁ .၉၆
သယ်ယူပို့ဆောင်ရေး ၁၇ ၇၁၇၂၀ .၆၂ ၁၈ ၇၁၉၃၇ .၆၂
ရေထွက်ကုန် ၅၆ ၁၅၃၅၃ .၀၀ ၅၆ ၁၅၃၅၃ .၀၀
သတ္တုတူးဖော်ရေး ၅၀ ၁၀၅၀၇ .၉၂ ၅၁ ၁၁၀၀၇ .၉၂
ဟိုတယ်နှင့်ခရီး ၂၃ ၅၄၂၃၆ .၅၃ ၂၃ ၅၄၂၃၆ .၅၃
စက်မှု ၁၀၁၂ .၇၉ ၁၀၁၂ .၇၉
လယ်ယာစိုက်ပျိုးရေး ၅၄၇ .၉၀ ၅၄၇ .၉၀
စုစုပေါင်း ၈၄၀ ၁၆၅၉၅၆၃ .၈၉ ၈၄၂ ၁၆၆၀၃၄၂ .၅၁
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template