Headlines News :
Home » » နေပြည်တော်နှင့်အနီးရှိ မွေးမြူရေးဇုန်များမှ လုပ်ငန်းမလုပ်သည့်မြေများ ပြန်သိမ်းမည်

နေပြည်တော်နှင့်အနီးရှိ မွေးမြူရေးဇုန်များမှ လုပ်ငန်းမလုပ်သည့်မြေများ ပြန်သိမ်းမည်

Written By လွင့်မောင်မောင် on Tuesday, June 12, 2012 | 9:10 AM



အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on

နေပြည်တော်တိုင်းဒေသကြီးအတွင်းနှင့် အနီးပတ်ဝန်းကျင်မြို့နယ်များရှိ မွေးမြူရေးဇုန်များတွင်   မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်း မရှိသေးသည့်  မြေများအား (၃)လအတွင်း ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနက သိရှိရသည်။

၎င်းမြို့နယ်များမှာ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ရမည်းသင်းမြို့နယ်များမှ မွေးမြူရေးဇုန်များ ဖြစ်ပြီး သတ်မှတ်ကာလမှာ ဇွန်လမှစတင်၍  သြဂုဏ်လအထိ ဖြစ်သည်။

“အခုလောလောဆယ်တော့ သိမ်းတာ မတွေ့သေးပါဘူး။ (၃)လကျော်မှ လုပ်ငန်းမလုပ်ကိုင်သေးတဲ့   မြေယာကို   ပြန်သိမ်းမယ်လို့  ပြောထားတာလည်းရှိတယ်” ဟု တပ်ကုန်းမြို့နယ်၊ကန်ကြီးကုန်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

တပ်ကုန်းမြို့နယ်ရှိ မွေးမြူရေးဇုန်များတွင် သိုး၊ ဆိတ်၊ နို့စားနွား၊ ကြက်များအား မွေးမြူရန်၊ လယ်ဝေးမြို့နယ်တွင် ကြက်၊ ၀က်၊ ဆိတ်၊ နို့စားနွားများ မွေးမြူရန်၊ ရမည်းသင်းမြို့နယ်ရှိ မွေးမြူ ရေးဇုန်များတွင် ဆိတ်၊ နို့စားနွား နှင့် နို့ထွက်ပစ္စည်းစက်ရုံများ တည်ဆောက်လုပ်ကိုင်ရန် နေရာချထား ပေးခဲ့ခြင်းဖြစ်သည်။

“ဒီက မွေးမြူရေးဇုန်ကို (၂၀၀၇)လောက်က အကွက် ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် လုပ်ကိုင်သူလည်း ရှိတယ်။ မလုပ်ကိုင်ဖြစ်သေးတဲ့   နေရာတွေလည်းရှိနေတယ်။ အစမှာလုပ်ပြီး နောက်မလုပ်ဖြစ်တဲ့ နေရာတွေလည်း ရှိတယ်။ အခုကနေ သုံးလကျော်ရင်တာ့ မလုပ်နိုင် တဲ့ သူတွေဆီက မြေပြန် သိမ်းသွားမယ်” ဟု နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မွေးမြူရေးဇုန်များကို (၂၀၀၇) ခုနှစ်တွင် မွေးမြူရေးလုပ်ကိုင်လိုသူလူဦးရေ (၇၀)ကျော်အား နေရာချထားပေးခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးဝန်းကျင်သာ ရှိကြောင်းသိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template