Headlines News :
Home » , » ရခိုင်ဒေသအရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရခိုင်ဒေသအရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By လွင့်မောင်မောင် on Thursday, June 14, 2012 | 11:36 PM

Thursday, June 14, 2012   Sithu Linn 

ဒေါ်အောင်ဆန်းစုကြည်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO ညီလာခံမှာ မိန့်ခွန်းပြောအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပါပြီ။

မြန်မာပြည်နဲ့ ပတ်သက်တဲ့ ILO ရဲ့ မနေ့က ဆုံးဖြတ်ချက်တွေကို ကြိုဆိုတယ်။ ILO ရဲ့ မြန်မာပြည်ထဲက လှုပ်ရှားမှုတွေကို သဘောကျတယ် လို့ နိဒါန်းပျိုးပြီး မေးခွန်းတွေကို နားထောင်နေပါတယ်။

ပထမဆုံးမေးခွန်းက ရခိုင်ဒေသ ပဋိပက္ခ နဲ့ ကချင်ဒေသ ရန်လိုမှုများ အကြောင်းပါ။

ရခိုင်ဒေသ ပဋိပက္ခဟာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာပဲ။
ဒီဖြစ်ရပ် (ဖြေရှင်းဖို့?) တရားဥပဒေစိုးမိုးမှုက မရှိမဖြစ်လိုတယ်။ လူတိုင်း ဥပဒေ လိုက်နာရမယ်။
တရားဥပဒေစိုးမိုးမှု မရှိရင် ဆက်ဖြစ်နေမှာပဲ။

ပြန်ပြီး ငြိမ်းချမ်းမှု ရဖို့ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုတယ်။

ကြည့်ရှုသူများပြားတဲ့ ILO စာမျက်နှာ ရုပ်သံထုတ်လွှင့်မှုက မကြာခဏ ပြတ်တောက်သွားပါတယ်။



မေးခွန်းတချို့
တရုတ်ပြည်က ရင်းနှီးမြှုပ်နှံထားတဲ့ ရေနံ/ဓာတ်ငွေ့ပိုက်လိုင်း၊
ဆီးရီးယားနိုင်ငံပြည်တွင်းရေး၊
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းတာ စောလွန်းတယ်လို့ မထင်ဘူးလား။
ပြီးခဲ့တဲ့ ၂၄ နှစ်အတွင်း ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ခွင့်လွှတ်နိုင်သလား။


အဖြေတချို့
NLD အမတ်တွေ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြောင့် ရွေးကောက်ခံရတာပါ။
တော်လွန်းလို့ ရွေးကောက်ခံရတာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့ မမေ့နဲ့လို့ သူတို့ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အကျယ်ချုပ်ကျခဲ့ (တာများတဲ့အတွက်) စာဖတ်ချိန် အများကြီးရတယ်လို့ပဲ သဘောထားပါတယ်။ (အဖြေအစပိုင်းမှာပဲ တိုက်ရိုက်ထုတ်လွှင့်မှု ယာယီ ပြတ်တောက်သွားပါတယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template