Headlines News :
Home » » မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဝယ်ယူ

မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဝယ်ယူ

Written By လွင့်မောင်မောင် on Tuesday, June 12, 2012 | 11:06 PM

7:32 AM Posted by  သျှမ်းသံတော်ဆင့်

ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က မြောက်ကိုးရီးယားထံမှ လက်နက်ကြီးများ ကွန်တိန်နာ အလုံး ၄၀ထက်မနည်း ဝယ်ယူရရှိထားကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုပါသည်။

“၂၀၁၁-၂၀၁၂ အတွင်းမှာ ဝ တပ်မတော်က မြောက်ကိုးရီးယားထံကနေ လက်နက်ကြီးငယ်မျိုးစုံ ကွန် တိန်နာပေါင်း ၄၂ လုံး ဝယ်ယူရရှိထားတယ်။ လက်နက်ကုန်သည်ကတော့ ထိုင်းနယ်စပ်မှာ နေထိုင်တဲ့ သူဖြစ်တယ်။ အဲဒီလူက ထိုင်းနိုင်ငံသားပြောလဲရတယ်။ မြန်မာနိုင်ငံသားပြောလဲရတယ်၊ လာအို(လောဝ်) နိုင်ငံ သားဆိုလဲမမှားဘူး ” ဟု ၀ တပ်ဖွဲ့နှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

altမြောက်ကိုးရီးယား၏ ကွန်တင်နာတင်သင်္ဘောကြီး(ဓါတ်ပုံ-အင်တာနက်)

ကွန်တိန်နာတစ်လုံး၌ အမြတ်ငွေ ဒေါ်လာ ၁ သန်းခန့်ရရှိရာ ကိုးရီးယားအစိုးရအရာရှိ၊ ဗီယက်နမ်အစိုးရအရာရှိ၊လာအိုအစိုးရအရာရှိနှင့် အခြားဒေသအတွင်းအဖွဲ့အစည်းအချို့အားလည်း
 ပေးဆောင်ရကြောင်း၊ ဝ တပ်ဖွဲ့ အတွင်းရောက်လျှင် အမြတ်ငွေ အနည်းဆုံး ဒေါ်လာ ၃ သိန်းခန့်ကျန်ကြောင်း လက်နက်ကုန်သည်နှင့်နီးစပ်သည့် အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြော ပြသည်။


မည်သို့ဆိုစေ မတ်ခ်ျ ၂၈ ရက်နေ့ကလည်း မိုင်းခတ်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်း က လည်းမိုင်းလားနှင့် ဝတပ်ဖွဲ့အား စစ်အင်အားမတိုးချဲ့ဖို့၊ အခြားနိုင်ငံမှ လက်နက်မဝယ်ဖို့၊ ယှဉ်မည်ဆိုပါ က အစိုးရတပ်ကို ယှဉ်နိုင်မည်ဟုတ် တိုက်ခိုက်မည်ဆိုပါက ခေတ်မှီတိုက် လေယာဉ် (ကျိုင်းတုံဒေသခံ တွေ အသံကြားရတဲ့ ချိန်မှာ ပန်ဆန်းမှာဗုံးကျဲနေပြီ။ အဲလောက်တိုက်ခိုက်နိုင်စွမ်းရှိလေယာဉ်) အမျိုးအစားအား အစိုးရကပိုင်ဆိုင်ထားပြီး အသုံးပြုတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဝ ခေါင်း ဆောင်၊ မိုင်းလားခေါင်တို့နှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template