Smoke coming out from
the village of Naze, Sittway T/S. (စစ်တွေမြို့၊ နာဇီရွာမှ မီးခိုများ
ထွက်လာသည်ကိုယနေ့ ၁၀ နာရီကျော်အချိန်က မြင်တွေ့ရစဉ်)
ဗျိုင်းဖြူရွာတွင်လူ(၅)ဦးသေဆုံး ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသောစစ်တွေမြို့ မြောက်ဘက်ရှိဗျိုင်းဖြူရွာတွင် သံတော်လီရွာမှ ဘင်္ဂါလီများကနေအိမ်များကို မီးရှို့ကာဒေသခံများကိုသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသား ငါးဦးသေဆုံးပြီးဒဏ်ရာရရှိသူအများအပြားရှိကြောင်းဒေသခံများထံမှ ဇွန်လ ၁၂ရက်နေ့ နံနက်၁၁နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။ ဘင်္ဂါလီများကနေအိမ်များကိုမီးရှို့ကာသေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင်းဗျိုင်းဖြူရွာတွင် ယမန်နေ့က (၃)ဦးသေဆုံးခဲပြီး ယနေ့(၂)ဦး ထပ်မံသေဆုံး ခဲ့ကြောင်းအဆိုပါကျေးရွာသို့ ယခုအချိန်ထိလုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း၎င်း တို့ကဆိုသည်။ “လုံခြုံရေးတွေမရောက်လို့ ကိုယ့်ဟာကိုယ်ဘဲကာကွယ်နေရတယ်။“ ဟုဒေသခံအမျိုးသားတစ်ဦးကဆိုသည်။