Headlines News :
Home » , » ဘင်္ဂါလီ ၁၀၀ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်

ဘင်္ဂါလီ ၁၀၀ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်

Written By လွင့်မောင်မောင် on Monday, June 11, 2012 | 7:48 PM



 ဓါတ်ပုံ - မှူးဇော်  Facebook
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါဝင်သေးသော ဘင်္ဂါလီ ၁၀၀ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ ၁၁ ရက်နေ့တွင် လွှဲအပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“ မနေ့တုန်းက သွေးပူနေတဲ့ ရခိုင်တွေ သတ်မှာကြောက်လို့ ဘင်္ဂါလီ ၁၀၀ကျော်ကို ထိန်းထားတယ်။ ဒီနေ့က ဘယ်လိုမှ ထိန်းလို့မရတော့လို့ လုံခြုံရေးလက်ထဲကို အပ်လိုက်တာ”ဟု မိဇံရပ်ကွက်တွင် နေထိုင်သည့် ရခိုင်အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

နေအိမ်မီးလောင်မှုများနှင့် ဆူပူ အကြမ်းဖက် မှုများ ဖြစ်ပွား နေသောကြောင့် ကျေးရွာ များမှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာရင်း လမ်းခရီးတွင် ပျောက်ဆုံး၊ သေဆုံးသွားသော ကလေးငယ်များ ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

“ ထွက်ပြေးလာရင်း လမ်းမှာ ပျောက်တဲ့ကလေးတွေ၊ သေတဲ့ကလေးတွေ အများကြီးပဲ။ ပျောက်တာနဲ့ သေတာက နာဇီရွာနဲ့ ဗျိုင်းဖြူရွာက ကလေးတွေ အများဆုံးပဲ” ဟု ဗျိုင်းဖြူရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template