Headlines News :
Home » » NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစိုးရဖွဲ့စည်းရေး ဆွေးနွေး

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစိုးရဖွဲ့စည်းရေး ဆွေးနွေး

Written By Live100 on Monday, January 11, 2016 | 4:33 PM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့စည်းရေးအတွက် ဆုံးဖြတ်ချက်မချနိုင်သေးဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ သုံးနာရီ နီး ပါးကြာ ပြုလုပ်ခဲ့အပြီးမှာ ဦးဥာဏ်ဝင်းက ပြောကြားခဲ့တာပါ။
"ကျနော်တို့ အစိုးရဖွဲ့စည်းရေး ဘာညာ၊ ဘာညာအဲ့ဒါဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်မရှိသေးဘူးနော်၊ ဆုံးဖြတ်ချက် မရှိတော့ အသေးစိတ်တော့ ကျနော်မပြောနိုင်ဘူး၊ ကျနော်တို့ နောက်တစ်ကြိမ်အစည်းအဝေးတွက် အခက်အခဲအများ ကြီးရှိတယ်၊ ကျနော်တို့အခုဆုံးဖြတ်လို့မရဘူး၊ နှစ်ပတ်တစ်ခါအစည်းဝေး လုပ်တယ်၊ နောက်နှစ်ပတ်ဆိုရင် အရမ်း အလုပ်ရှုပ်တယ်၊ အဲ့ဒါဘာလုပ်ရမှန်းမသိသေးဘူး၊ နီးတော့မှ ကျနော်တို့ ဆုံးဖြတ်မယ်၊ အခက်အခဲက လူရွေးပြီးရင် လူတိုင်းကိုရွေးပြီးတော့ ကိုယ့်ဘာသာ ရွေးလို့မရဘူး၊ သူ့ရဲ့သဘောတူညီချက်လဲလိုတယ်"
အဲဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး အနက် ဦးဝင်းထိန်မှအပ ကျန်ဗဟို အလုပ်အမှုဆောင် ၁၄ ဦး တက်ရောက် ခဲ့ပါတယ်။
ဦးဝင်းထိန်က ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ ခွင့်ယူထားတဲ့အတွက် မတက်ရောက်နိုင်ခဲ့တာလို့ သိရပါတယ်။
ပါတီရဲ့နှစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဖြစ်ပြီး နောက် နှစ်ပတ်ကြာရင်လည်း ထပ်မံခေါ်ယူဦးမယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ဦးထွန်းထွန်းဟိန်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template