|Dawei
Watch| ထားဝယ်၊ ဇန်န၀ါရီ ၁၀
ခရစ်နှစ်
နှစ်ထောင်ခုနစ်ဝန်းကျင်က နောက်ဆုံးတူးဖော်ခဲ့သည့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊
မြို့ဟောင်း ကျေးရွာရှိ သာဂရမြို့ဟောင်းကို တတိယအကြိမ်အဖြစ် တူးဖော်နေပြီဖြစ်ကြောင်း
တူးဖော်နေသည့် ရှေးဟောင်း သုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ)ထံမှ သိရသည်။
သာဂရမြို့ဟောင်း
ဧရိယာအတွင်းရှိ ကုန်းအမှတ် SGR 1 ကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ကုန်းအမှတ်
SGR 2 ကို ၂၀၀၀-၂၀၀၁ ခုနစ်တွင်လည်းကောင်းတူးဖော်ခဲ့ပြီး
အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၁၅ နှစ်ကြာမှ ကုန်းအမှတ် SGR 3 ကို ၂၀၁၅
ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုတူးနေတာက
တော့ ဘာဖြစ်မယ်ဆိုတာကို ကောက်ချက်မဆွဲနိုင်သေးဘူး။ သာသနိက အဆောက်အ အုံတစ်ခုခုဖြစ်ဖို့
ခန့်မှန်းတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လက်ရှိတူးဖော်နေသည့်ကုန်းအမှတ်
SGR 3 တွင် အုတ်ရိုးများ၊ စဥ့်ထည်အပိုင်းအစများ၊ ပန်းကန်ကဲ့သို့သော ကြွေထည်အပိုင်းအစများ၊
သံ နှင့် ကြေးအပိုင်းအစတစ်ခုစီကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းကုန်းအမှတ်
SGR 3 ကို ဧရိယာကို ၅မီတာကွက် ၆ ကွက် သတ်မှတ်ကာ တူးဖော်လျက်ရှိကြောင်း သိရသည်။
“တစ်လလောက်တူးမယ်လို့
တော့ သတ်မှတ်ထားတယ်။ ဒါပေမယ့် တူးဖော်ရရှိတဲ့ကွင်းဆက်ပေါ်မှာ မူတည်ပြီး အချိန်က
ဒီထက်ပိုကြာရင်ကြာသွားနိုင်တယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
နှစ်ပေါင်း
၁၅ နှစ်ကျော်ကြာမှ ပြန်လည်တူးဖော်ဖြစ်ခြင်းမှာ ၀န်ထမ်းအင်အားအခက်အခဲကြောင့်
ဖြစ်ပြီး မြို့ဟောင်းထိန်းသိမ်းရေးလုပ်ငန်းများကိုမူ ၂၀၁၂ ခုနှစ်တွင်
မြို့ဟောင်းကျေးရွာ ၌ ရုံးခွဲဖွင့်ချိန်မှ
စတင်လုပ်ဆောင်လျက်ရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
၁၉၉၉-၂၀၀၀
ခုနှစ်တွင် ပထမအကြိမ် တူးဖော်စဉ်က အထူးသဖြင့် ခေါင်းလောင်းအသေးတစ်လုံး၊
ခေါင်းလောင်းဆံတစ်ခုနှင့် ခေါင်းလောင်းတွင် ချိတ်ဆွဲသည့် ညောင်ရွက် တို့ကို
တွေ့ရှိခဲ့ရပြီး ၂၀၀၀-၂၀၀၁ ခုနှစ်တူးဖော်ရာတွင် ဗိသုကာလက်ရာ B ပုံသဏ္ဍာန်အုတ်များကို
တွေ့ရှိခဲ့ရပြီး အုတ်များမှာ အရွယ်အစား တစ်ခုနှစ် တစ်ခု မတူညီကြကြောင်း
တူးဖော်စဉ်က ပါဝင်ခဲ့သူ တစ်ဦးထံမှ သိရသည်။
Dawei Watch