Headlines News :
Home » » ထားဝယ်ခရိုင်လောင်းလုံးမှာ ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ

ထားဝယ်ခရိုင်လောင်းလုံးမှာ ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ

Written By Live100 on Saturday, March 26, 2016 | 1:57 PM


တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က မတ်လ ၂၅ ရက်နေ့ ဆန္ဒဖော်ထုတ်ကြစဉ်
Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။
ဒေသခံတွေရဲ့ သဘောထားမပါဘဲ လျှပ်စစ်ဝန်ကြီးဌာနက သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာလို့  ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဒုက္ကဋ္ဌ(၂)ဖြစ်သူ  အောက်ရေဖြူကျေးရွာသား ဦးမောင်အေးက ပြောပါတယ်။
"လျှပ်စစ်ဒုဝန်ကြီးက ၅ဝဝ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံကြီးဆောင်မှာကို ဒေသခံတွေအကုန်လုံး ထောက် ခံကြတယ်ပေါ့လေ၊ ကျနော်တို့လည်း အရင်ကကန့်ကွက်ဆန္ဒပြခဲ့ဖူးပါတယ်၊ ဒါတွေထည့်မတွက်ဘဲနဲ့ ဒေသ ခံတွေရဲ့ဆန္ဒကို လုံးဝမျက်ကွယ်ပြုပြီးတော့ သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ"
မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမယ့်စက်ရုံကို ရမ္မဇူကျေးရွာအနီးက မြေဧက ၈ဝဝ ကျော်မှာ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း က 24 Hour Mining ကုမ္ပဏီနဲ့ ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုတို့ တည်ဆောက်မှာဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကလည်း ရမ္မဇူကျေးရွာအနီးမှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနနဲ့ ကုမ္ပဏီ ၂ ခုက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာ စတင်တည်ဆောက်မှာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ရမ္မဇူ၊ သကျက်တော၊ ညောင်ဇင်၊ အောက်ရေဖြူ၊ ကျောက်တွင်း၊ တောကျဲ၊ သဝင်၊ ကဒတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
 RFA
 မှတ်ချက် ။       ။ အောက်ရေဖြူကျေးရွာသား ဦးမောင်အေး သည် ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဒုက္ကဋ္ဌ(၂) ဖြစ်ပါသည်။   
ဤဆန္ဒပြပွဲကို ထားဝယ်တိုင်းရင်းသားများပါတီ(လောင်းလုံးမြို့နယ်)မှဦးဆောင်ကျင်းပသည်.
                    လွင့်မောင်မောင် နေ့စဉ်သတင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template