Headlines News :
Home » » တိုင်းရင်းသားရေးဝန်ကြီးရာဌာန ၀န်ကြီးနေရာအတွက် NLD ကမ်းလှမ်းမှု SNLD လက်မခံ

တိုင်းရင်းသားရေးဝန်ကြီးရာဌာန ၀န်ကြီးနေရာအတွက် NLD ကမ်းလှမ်းမှု SNLD လက်မခံ

Written By Live100 on Tuesday, March 22, 2016 | 11:27 PM

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်မည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ပြည်ထောင်စုအဆင့် အနေဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အဆိုပါ ၀န်ကြီးဌာန၏ ၀န်ကြီးရာထူးအတွက် မိတ်ဖက်ပါတီဖြစ်သည့် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်အား တာဝန်ယူရန် ကမ်းလှမ်းခဲ့မှုအပေါ် စိုင်းညွှန့်လွင် ဘက်မှ ငြင်းပယ်ခဲ့သည်ဟု သိရသည် ။


စိုင်းညွန့်လွင်၊ အထွေထွေ အတွင်းရေးမှူး ၊
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
“ ကျွန်တော်တို့ပါတီက ပြည်ထောင်စု တိုင်းရင်းသားရေးရာ ၀န်ကြီး တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းတာ ကျွန်တော်တို့ ဘက်က ငြင်းလိုက်တယ် ” ဟု SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။ သို့သော် မည်သည့်အကြောင်းကြောင့် ငြင်းပယ်ရသည်ကိုမူ ဖြေဆိုခဲ့ခြင်း မရှိပေ ။


စိုင်းညွှန့်လွင်အနေဖြင့် မူလက ဒုတိယ သမ္မတ ဖြစ်ရန် အနေထားအထိ ရေပန်းစားခဲ့သူဖြစ်၏ ။ သို့သော် အန်အယ်လ်ဒီပါတီမှ ဒုသမ္မတအဖြစ် တင်သွင်းခြင်း မရှိခဲ့ပေ ။


သျှမ်းပြည်နယ် အခြေစိုက် အင်အားကြီး တိုင်းရင်းသားပါတီဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုဖြေရှင်းနိုင်ရန်အတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ်ရာထူးကို SNLD ပါတီမှ ပါတီဝင်တစ်ဦးအား ပေးစေလိုကြောင်း ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောဆိုထားသည် ။


“ သျှမ်းပြည်နယ်ကို ကျွန်တော်တို့ကို ပေးမယ့် အနေထားက တော်တော်လေးကို နည်းနေတယ်။ အန်အယ်လ်ဒီ ပါတီဝင်ပဲ ဖြစ်ဖို့များမယ်ထင်တယ် ” ဟု ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်ကလည်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပြောသည် ။


NLD ပါတီဝင်တစ်ဦးဖြစ်သည့် လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ်မှာ သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာရန် ရေပန်းစားနေသည် ။


သျှမ်းလူမှု အဖွဲ့စည်းအများအပြားကမူ သျှမ်းလူမျိုးမဟုတ်သည့် ပုဂ္ဂိုလ်တဦးကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ပေးမည့်အစား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တဦးကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးပေးစေလိုကြောင်း ကြေငြာချက်များထုတ်ပြန်ထားသည် ။သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template