By mmweather.ygn, on September 12th, 2012
စက်တင်ဘာလ ၁၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data အရ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ဘက်၊ မနီလာမြို့တော် အရှေ့-အရှေ့တောင်ဘက် မိုင် ၇၄၀ ခန့်တွင်ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း SANBA(17W) သည် ပိုမိုအားကောင်းလာပြီး အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မနီလာမြို့တော်၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၆၆၀ ခန့်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် မုန်တိုင်း ဗဟို၌ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်မှ မိုင် ၉၀ အထိ ရှိနေပြီး၊ မုန်တိုင်းဒီလှိုင်းအမြင့် ပေ ၂၀ အထိ ရှိနေကြောင်း သိရပါသည်။
တိုင်ဖွန်းမုန်တိုင်း SANBA သည် လာမည့် ၂၄ နာရီအတွင်း (စက်တင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ဆက်လက် အားကောင်းလာကာ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး မနီလာမြို့တော် အရှေ့ဘက် မိုင် ၆၄၀ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
17W SANBA
12 Sep 2012 0600Z
Location: 13.1 131.0
Winds: 65 knots (Category 1)
Central Pressure: 974 hPa