Headlines News :
Home » » MPU ကတ်များ စတင်အသုံးပြုနိုင်တော့မည်

MPU ကတ်များ စတင်အသုံးပြုနိုင်တော့မည်

Written By လွင့်မောင်မောင် on Saturday, September 15, 2012 | 8:16 AM

 
စက်တင်ဘာ ၁၄ ရက်မှ စတင်၍ MPU (Myanmar Payment Union) မြန်မာ့အမျိုးသားအဆင့် ငွေပေးချေမှု ကတ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြန်မာနိုင်ငံသားများဘဏ်၊ မြဝတီဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် တို့တွင် စတင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကျန်အဖွဲ့ဝင် ဘဏ်များတွင်လည်း အသုံးပြုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MPU ရုံးနှင့် Data Centre ဖွင့်ပွဲကို မြန်မာနိုင်ငံ ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) ၌ စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ MPU တွင် အဖွဲ့ဝင်ဘဏ် ၁၇ ဘဏ်ရှိပြီး နိုင်ငံတော်ဘဏ် သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ရှိကြောင်း၊ MPU ကတ်သည် debit ကတ် အမျိုးအစား ATM ကတ်ဖြစ်ကြောင်း၊ ငွေကျပ် ၁၀၀၀ မှ သိန်း ၅၀ အထိ ထည့်သွင်း အသုံးပြုနိုင်ကြောင်း၊ ဘဏ်တစ်ဘဏ်တွင် MPU ကတ် ပြုလုပ်ထားခြင်းအားဖြင့် အဖွဲ့ဝင်ဘဏ်တိုင်း၏ ATM စက်တွင် ငွေထုတ် ယူနိုင်ကြောင်း၊ ဘဏ်အသီးသီးက ချိတ်ဆက်ထားသော Point of Sale (POS) များတွင် ဈေးဝယ်ငွေပေးချေ မှု ပြုလုပ်နိုင်ကြောင်း၊ လုံခြုံစိတ်ချပြီး ထိရောက်လျင်မြန်မှုရှိသော ငွေပေးချေမှုစနစ် ဖြစ်ကြောင်း၊ ငွေသား ကိုင်တွယ်သွားရန် မလိုဘဲ ကတ်ဖြင့် ဝယ်ယူနိုင်သော နေရာများ၊ ငွေထုတ်ယူနိုင်သော စက်များကို နေရာအနှံ့ တိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template