Headlines News :
Home » » ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် ကိုနွေးထွေးစွာ ကြိုဆိုခဲ့တဲ့ အနုပညာရှင် တို့အမြင်

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် ကိုနွေးထွေးစွာ ကြိုဆိုခဲ့တဲ့ အနုပညာရှင် တို့အမြင်

Written By လွင့်မောင်မောင် on Monday, September 10, 2012 | 7:36 PM

 http://www.rfa.org/burmese/images_folder/u-aung-kyi-b75/image_thumb
“ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက်လုံးမှာ ကိုင်စွဲတဲ့ လက်နက်၃ခု ရှိပါတယ်။ နံပါတ် ၁က ကျွန်တော့်မှာ ဘာရှိသလဲ။ အဓိပ္ပာယ်က ယုံ ကြည်မှုနဲ့ စွန့်လွှတ် နိုင်စွမ်း ရှိမှုပါပဲ။ နံပါတ်၂အချက်က ကျွန်တော့်မှာ ဘာမရှိဘူး လဲ ဆိုတာလည်း သိပါတယ်။ အဲဒါက ဘာလဲဆိုရင် စစ်မှန်မှု နဲ့ရိုးသား ဖြောင့်မတ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ နံပါတ် ၃အချက်က ကျွန်တော့်မှာ မရှိတဲ့ ဟာကွက် နေရာကို အများပြည်သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု ပဲဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှု ဆိုတာက ပန်းတိုင်တူ၊ ရည်မှန်းချက်တူ အတူတူ လက်တွဲပြီး တစ်လမ်းတည်းသွား ဆောင်ရွက်တာလို့ ခံယူပါတယ်။ ပူးတွဲ ဆောင်ရွက်ခြင်းက ပန်းတိုင် တူတယ်။ လမ်းကြောင်းကွဲ ချင်ကွဲ ပါလိမ့်မယ်။ သို့သော် ပန်းတိုင်ကို အတူ တကွ ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ ကျွန်တော် ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော့် ယုံကြည်မှု အပြည့်၊ စွန့်လွှတ်မှု အပြည့်နဲ့ ဆောင်ရွက်ပါမယ်။ စစ်မှန်မှုနဲ့ ရိုးသားဖြောင့်မတ်မှု နဲ့ ဆောင်ရွက်ပါမယ်။ ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲဆောင်ရွက်မှု နဲ့ ဆောင် ရွက်ပါမယ်။ နောက် ထပ် အဖွဲ့ အစည်းတွေနဲ့ ပတ်သက်တဲ့ သဘောထားက ရုပ်ရှင် အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ ဂီတအဖွဲ့ အစည်းပဲဖြစ်ဖြစ်၊ စာပေ အဖွဲ့အစည်း ပဲဖြစ်ဖြစ် ကျွန်တော်တို့ နဲ့ ဆက်စပ် ရတဲ့ အဖွဲ့အစည်းမျိုးပါ။ ဒါတွေအားလုံးက Civil Society ပဲဖြစ်ပါတယ်။ ကောင်းမွန်သော စနစ်တစ်ခု၊ အုပ်ချုပ်ရေး အောက်မှာ အစိုးရ ရယ်၊ ပြည်သူ ရယ်၊ Civil Society ရယ် ဇာတ်ကောင် ၃ခုပဲရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ဇာတ်ကောင် လုပ်ငန်းကို ကျကျနနလုပ် နိုင်အောင် ကျွန်တော်တို့ ကူညီ မှာဖြစ် ပါတယ်။ Civil Society ရဲ့ သဘောသဘာဝက စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းပြီးတော့ ဒီအတိုင်း လိုက်နာ၊ လုပ်ရမယ် ဆိုပြီး လုပ်မှာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် ပြဋ္ဌာန်း ပြီးတော့ ကိုယ့်ဘာသာကိုယ် စောင့်ထိန်း လိုက်နာရမယ့် အနေအထားမျိုး ဖြစ်အောင် ကျွန်တော်ဆောင် ရွက်သွားပါ့မယ်။ Civil Society မှန်သမျှက ဒီပုံစံ အတိုင်း လုပ်နေကြတာပါ။ နောက်ဆုံး ပြောကြားချင်တာက ဒေါက်တာ မာတင်လူသာကင်း ရဲ့ ကျောက်ရုပ်တုမှာ ရေးသားထားတဲ့ စာတန်းလေး ပြောလိုပါတယ်။ အမှောင် တရား ဟာ အမှောင်ကို မောင်းမထုတ်နိုင်ပါဘူး။ အလင်းရောင်ကသာ မောင်းထုတ်နိုင်ပါတယ်။ အမုန်းတရားကို အမုန်းတရားကမောင်း မထုတ်နိုင်ပါဘူး။ မေတ္တာတရား က သာ မောင်းထုတ်နိုင်ပါတယ်” လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် နဲ့ အနုပညာရှင် များတွေ့ဆုံစဉ် ပြန်ကြားရေး ဝန်ကြီးသစ် ကပြောကြားပါတယ်။ အဆိုပါ အဖွင့် အမှာ စကားကို ကြည့်ခြင်းအားဖြင့် အနုပညာလောက ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ဖက် တစ်လမ်းက ကူညီ သွားမယ် ဆိုတာကို သိနိုင်ပါတယ်။ အနုပညာရှင်များ ဘက်ကလည်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ဦးအောင်ကြည် အပေါ် အမြင်ကို ပရိသတ် သိရှိစေဖို့ တင် ဆက်ပေး လိုက်ပါတယ်။
မှန်မှန်ကန်ကန်၊ ရိုးရိုးသားသား နဲ့ သူစောင့်ရှောက်ပြီး လုပ်ပါမယ် ဆိုတာကိုက
တော်တော်ကို ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုပါ- ဦးညွန့်ဝင်း     

ညွှန့်ဝင်း
“တစ်ဦးရဲ့ဆန္ဒကို တစ်ဦးပြောကြတဲ့ အခါ ကောင်းလည်းကောင်းတယ်။ အခုဝန်ကြီး ကလည်း အသစ်စက်စက် ပြောင်ပြောင်တင်းတင်းနဲ့ ရိုးရိုးသားသားပြောတဲ့ အကျင့်မျိုး ရှိတဲ့ ဝန်ကြီးမျိုး ဆိုတော့ ဒီကအခက်အခဲတွေကို သိသွားတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ သူပြောသလိုပဲ မှန်မှန်ကန်ကန်၊ ရိုးရိုးသားသား နဲ့ သူစောင့်ရှောက်ပြီး လုပ်ပါမယ် ဆိုတာကိုက တော်တော်ကို ဝမ်းသာစရာ ကောင်းတဲ့ကိစ္စ တစ်ခုပါ။ပြီးတော့ ရုပ်ရှင် အဖွဲ့သားတွေ အား လုံးကို ကြိုးစားစေချင်တယ်။ ဘာဖြစ်လို့လဲ ဆို တော့ တစ်ထစ်ပဲ ကျန်တော့တယ်။ ဒီတစ်ထစ် ကကျော်လွန် သွားရင် ရုပ်ရှင်လောကကြီးကောင်း စားသွားလိမ့်မယ်လို့ ယုံကြည်ထားတယ်”
ပညာတတ်တဲ့ လူတွေ၊ အရည်အချင်းရှိတဲ့လူ တွေ လူမှန် ၊နေရာမှန်ရောက်လာတော့ဘာ ပဲပြောပြော
ကောင်းသွားဖို့ အတွက် အလား အလာပဲလေ
ဒါရိုက်တာညီညီထွန်းလွင်
“ဝန်ကြီးအသစ် ဦးအောင်ကြည်၊ သမ္မတ ရုံးဝန်ကြီးတွေဖြစ်သွားတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း တို့နဲ့တွေ့တဲ့ပွဲလေးပါ။ ရုပ်ရှင်လောကမှာ ဖြစ်နေတဲ့ အခက် အခဲတွေ၊ ပြဿနာတွေကို တင်ပြလိုက်တယ်။ ဝန်ကြီးတွေ အနေနဲ့ကလည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးမယ်လို့ ကတိပေးပါတယ်။ အခုနောက်ပိုင်းဖြစ် လာ တဲ့ ဝန်ကြီးတွေက ပညာတတ်တွေ ဆိုတော့ အဲဒါက တော်တော်လေး ထူးခြားတဲ့ အပြောင်းအလဲပါပဲ။ ပညာတတ်တဲ့ လူတွေ၊ အရည်အချင်း ရှိတဲ့ လူတွေ လူမှန်၊ နေရာမှန် ရောက်လာတော့ ဘာပဲပြောပြော ကောင်းသွားဖို့အတွက် အလား အလာပဲလေ။ မြန်မာနိုင်ငံမှာ ဖြစ်နေတာ  မြန်မာ့ရုပ်ရှင် အဆင့်အတန်း နိမ့်ကျ သွားတာက အစိုးရက ပါကူညီမှ ဖြစ်မှာ၊ အပြင်ကလူတွေ လုပ်လို့ မရဘူး ။နိုင်ငံတော် အစိုးရ ကိုယ်စား ပြုတဲ့ အနေနဲ့  ဝန်ကြီးတွေကပါ  အကူအညီပေးမယ် ဆိုတော့ အလားအလာ ကောင်းသွား မှာပါ။  ၁၉၉ဝ ခုနှစ်လောက် ကတည်းကသာ အခုလိုပြောင်းလဲခဲ့မယ် ဆိုရင် တအားကောင်း မှာပါ။
တန်ဖိုးမဖြတ် နိုင်တဲ့အရာတစ်ခုကတော့
ရိုးသားမှုဆိုတာ တစ်ခုတည်းနဲ့
တော်တော်စိတ်ချမ်းသာနေပြီ
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)

“အင်မတန် ကျက်သရေ မင်္ဂလာရှိတဲ့ ပွဲ လေးပါပဲ။ ဝန်ကြီး အသစ်နဲ့ အနုပညာရှင်တွေ နဲ့ တွေ့ဆုံနှုတ်ဆက်တဲ့ ပွဲလေးပါ။ တန်ဖိုးမဖြတ် နိုင်တဲ့ အရာတစ်ခု ကတော့ ရိုးသားမှု ဆိုတာ တစ်ခုတည်းနဲ့ တော်တော် စိတ်ချမ်းသာနေပြီ။ အဲဒီရိုးသားမှု ပျောက်ဆုံးနေတာ တော်တော် ကိုကြာနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာ သမားတွေ အနေ နဲ့ ဝိုင်းပြီး လုပ်ပေးရမှာပေါ့။ အဲဒီလို တက်ညီလက်ညီ ကြိုးစားသွားရင်တော့ အမြန်ဆုံး တိုးတက်လာမှာပါ။ ပြောင်းလဲမှု ဆိုတာက လုပ်ရပ် မတိုင်ခင်မှာ ရပ်တည် မှုကကို မျှော်လင့်ထားတဲ့ ရပ်တည်မှု ဖြစ်တယ်လေ။ ရိုး သားမှုထဲမှာမှ ပွင့်လင်းမှုက ပါလာတယ်။ အခု တော့ အရာအားလုံးကောင်းလာတော့မှာပါ”
ပြန်ကြားရေး ဝန်ကြီးက အနုပညာရှင်တွေနဲ့ တိုက်ရိုက်ပတ် သက်နေတဲ့
အရေးကြီးဆုံးပုဂ္ဂိုလ်ပါပဲ
ဒါရိုက်တာဝင်းထွန်းထွန်း

“လုပ်သက် ၁၅နှစ်အတွင်းမှာ အနုပညာ သမားတွေကို ဒီလို ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ မကြားခဲ့ဖူးဘူး။ ပြန်ကြားရေး ဝန်ကြီးက အနုပညာရှင်တွေ နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ပါပဲ။ သူပြောခဲ့တဲ့ စကားတွေထဲမှာ အလင်းရောင် ဆိုတာ အနုပညာသမားတွေ အတွက် ဖြစ်မလား ဆိုတာ အရေးကြီး တာပေါ့။ အမှောင်ထဲက အလင်း ဖြစ်လာတယ်။ အလင်းကရော တကယ်မြင် ရမလား ဆိုတာရှိတယ်။ ဒါပေမဲ့ အနုပညာ တစ်လောကလုံး အတွက် ဂုဏ်ယူရမယ့်ကိစ္စ ပဲ။ ဥပဒေ တစ်ရပ်အနေနဲ့ ပြဋ္ဌာန်းလို့ မရဘူး။ လိုက်နာရုံပဲ လိုက်နာရမှာပါ။ သူတို့ ပံ့ပိုးမှုတွေရ လာမှအနုပညာ လမ်းကြောင်းက ကောင်းလာမှာ။ ဝန်ကြီးပြောတဲ့ စကားတွေ ထဲမှာ ရိုးသားမှု နဲ့စစ်မှန်မှု ဆိုတဲ့စကားက အနုပညာလောက သားတွေ အတွက် သိပ်အားရှိပါတယ်။ ဘယ် လမ်းကြောင်းပဲ လျှောက်လျှောက် ဒီစကားက အရေးအကြီးဆုံးပဲ”
ဝန်ကြီးအသစ်ရဲ့ သဘော ထားတွေလည်း ပြောပြသွားတာ အင်မတန်
အားကိုးဖို့ကောင်းတယ်
လူမင်း
“ဒီနေ့ပွဲလေးက ကျွန်တော်တို့ ရုပ်ရှင် လောက အတွက် အင်မတန် ထူးခြားပြီး အား တက်စရာ ပွဲတစ်ပွဲပါ။ ဝန်ကြီးအသစ်ရဲ့ သဘော ထားတွေလည်း ပြောပြသွားတာ အင်မတန် အားကိုးဖို့ ကောင်းတယ်။ ရိုးသားပါတယ်။ ယုံကြည်မှု ကတော့ ကျွန်တော်တို့ အားလုံးက ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ပေါ့။ အစ်ကို့ရဲ့ မျှော်မှန်းချက်တွေက အများကြီး ဖြစ်နေတယ်။ အဲဒါတွေကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ လုပ်နေတာ ပြည့်မီအောင် ရနိုင်ပါ့မလား ဆိုတဲ့ စိတ်တစ်ခုပဲ ရှိတယ်။ ကျန်တဲ့အပိုင်းက ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ အစည်းအရုံးရဲ့ ဖြတ်သန်းလာတဲ့ သက်တမ်း တစ်လျှောက်မှာ ဒီလို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း၊ တက်တက် ကြွကြွ နဲ့ ဌာနဆိုင်ရာ လူကြီးတွေကပါ ကျွန်တော်တို့နဲ့ ပူးပေါင်းဆွေးနွေးတာ ဘယ်တုန်းကမှ မရှိဖူးတဲ့ ပွဲလို့ ပြောရမှာပေါ့။ အတိုက်အခံလို့ ပြောလို့ လူတွေပါ ကျွန်တော် တို့ အဝန်း အဝိုင်း ထဲမှာ မဆွေးနွေးသည့် တိုင်အောင် Share လုပ်သွားတဲ့ အတွက် ဒီနေ့က မှတ်တိုင်လေးတစ် ခုလို့တောင်ပြောလို့ရမယ် ထင်တယ်”

အားလုံး ပူးပေါင်းဆောင် ရွက်ကြ ရင်အများကြီးကောင်းလာလိမ့်မယ်လို့
မျှော် လင့်ပါတယ်
ဝေဠုကျော်
“ကျွန်တော်တို့ တစ်ခါမှလည်း မကြုံဖူး ပါဘူး။ တစ်ခါမှလည်း ပြောခွင့်ရမယ်လို့ မထင်တဲ့ စကားတွေကို ပြောခွင့်ရကြတယ်။ ဆိုခွင့် ရကြတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ကြရင် အများကြီးကောင်းလာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးဝိုင်းပြီး ဆောင်ရွက်ကြ ဖို့လည်း လိုပါတယ်။ ရုပ်ရှင် လုပ်ငန်းတင်မက ပါဘူး။ တိုင်းပြည် အတွက်လည်း လူတိုင်းမှာ တာဝန်ရှိပါတယ်”
အနှေးနဲ့ အမြန် ဖြေရှင်းပေးမယ့်အချိန်တော့ စောင့် ကြပါ
ဝါဝါအောင်
“ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌကလည်း အခက်အခဲ တွေ့ဖြစ်နေတဲ့ ပြဿနာတွေကို ကိုယ့်မိဘတွေကို ဖွင့်ပြောရသလို အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောခွင့်ရတဲ့ အတွက် လည်း တအားကို ပျော်စရာကောင်းသလို တကယ်ကို ဝမ်းသာကြည်နူးလည်း ဖြစ်မိတယ်။ ပြောခွင့်၊ ဆိုခွင့်မရခဲ့တဲ့ နှစ်တွေက အများကြီး ရှိခဲ့တယ်။ အခုလို ပြောခွင့်၊ ဆိုခွင့်ရတာကို မြင်ရတဲ့ အတွက် ပြီးတော့ကိုယ်မ ပြောတတ်တဲ့ကိစ္စ တွေကို ပြောပေးတဲ့ ဦးဇင်ဝိုင်း ကိုလည်း ကျေးဇူးတင်သလို၊ ပြောခွင့် ဆိုခွင့်ရတဲ့ အ တွက် နားထောင်ပေးတဲ့ လူကြီး မိဘတွေ ကိုလည်း တကယ်ကို ကျေးဇူးတင်မိပါတယ်။ အခက်အခဲတွေကိုလည်း သူတို့က အနှေးနဲ့ အမြန် ဖြေရှင်းပေးမယ့် အချိန်တော့ စောင့် ကြပါလို့ ပြောတဲ့ အတွက်လည်း အားရှိသွားတယ်။ ပြောင်းလဲလာဖို့ အလင်းရောင်တွေ မြင်နေရပြီ။ နောက်ပြီးတော့ ရုပ်ရှင်လောက သားတွေကို ရင်း ရင်းနှီးနှီး လူကြီးတွေက တွေ့ဆုံခွင့်ပေးတယ်။ ပြောတာတွေကို လည်း လက်ခံပေးတယ်။ အကြံဥာဏ်ကောင်း တွေ လည်းပေးတယ်။ သူတို့ကလည်း တတ်နိုင် သလောက် ကူညီပေးမယ်လို့ ပြောသွားတယ်။ နောက်ပြီးတော့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အစ်ကိုတွေလည်း ပါလာကြတယ်”
ဝန်ကြီးပြောသွားတဲ့စကားမှာ ရိုးသားကြိုးစားမှုဆိုတဲ့ စကားကို
တအားအား ရှိတယ်
ထွန်းအိန္ဒြာဗို
“ဒီလောကသားတွေရဲ့ ရင်ဆိုင်ဖြစ်ပေါ် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို တင်ပြတာပါ။ ဝန်ကြီးပြောသွားတဲ့ စကားမှာ ရိုးသားကြိုးစားမှု ဆိုတဲ့ စကားကို တအား အား ရှိတယ်။ ရိုးသားကြိုးစားမှု ဆိုတာက ဘယ်နေရာမှာ မဆိုကောင်းပါတယ်။ အမှားမရှိဘူး။ ပြောခွင့်ဆိုခွင့် ပွင့်လင်းလာတာပဲ ရှိသေး  တယ်။ တကယ်လက်တွေ့ လုပ်တဲ့ အခါမှာ ပွင့်ပွင့် လင်းလင်း လုပ်ခွင့်၊ တကယ်ကို ကူညီပံ့ပိုးတဲ့ အထောက်အကူတွေရော အချိန်ပေးပြီး ဖြေရှင်းရမယ့် ကိစ္စတွေပဲ။ ဒါတွေက ဆက်ပြီး စောင့်ကြည့်ရမယ့် ကိစ္စတွေပါ။ ကျွန်မတို့ အနုပညာရှင်တွေက ဇာတ်က ခိုင်းတဲ့အတိုင်း လုပ်ရတယ်။ ဇာတ်တွေ ပွင့်လာရင် ပွင့်လာတဲ့ ဇာတ်ကို ကိုယ်လုပ် ခွင့် ရလာတယ်”
ဒီပွဲက အပြောင်းအလဲတစ်ခုကို မိတ်ဆက်တဲ့ပွဲလို့
ပြောလို့ရတယ်
မေသန်းနု
“ကိုယ်အနုပညာလောကမှာ လိုအပ်နေ တာလေးတွေကို အခုလို ပွင့်ပွင့်လင်းလင်း ပြောခွင့် တင်ပြခွင့်ရတာကို တအားဝမ်းသာ ပါတယ်။ မဆင့်မျှော်လင့်ထား တာတွေတော့ အများကြီး ရှိတယ်။ ပြောင်းလဲ တိုးတက်လာ မယ်လို့လည်း ယုံကြည်ပါတယ်”
ဒီပွဲက အပြောင်းအလဲတစ်ခုကို မိတ်ဆက်တဲ့ပွဲလို့
ပြောလို့ရတယ်
ခိုင်သင်းကြည်
“ကျွန်မတို့ ရုပ်ရှင်လောကသားတွေ ခံ စားနေရတာကို ဦးဇင်ဝိုင်း ပြောပြသွားတဲ့ အခက်အခဲတွေက တအားကောင်းပါတယ်။ လူကြီးတွေက ပြန်ပြီး ဖျန်ဖြေပေး တာလေး လည်း တအားကောင်းတယ်။ ဘာပဲပြောပြော စိတ်ထွက်ပေါက်လေး တစ်ခု ရသွားတယ်။ ဒါကြောင့် ပျော်ပါတယ်။ ဒီပွဲက အပြောင်းအလဲ တစ်ခုကို မိတ်ဆက် တဲ့ပွဲလို့ ပြောလို့ရတယ်။ မျှော်လင့်ချက် ဆိုတာ လူတိုင်းထားလို့ ရတဲ့ အရာဖြစ်တဲ့ အတွက် ကျွန်မတို့ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာ မယ်လို့ မျှော်လင့်ပါတယ်”
ဝန်ကြီး က အနုပညာလောကရဲ့ တကယ်ဖြစ်ပျက်နေ တာကို
နားထောင်ပေးတယ်        
သူထူးစံ
“ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ ပြောပေးတဲ့ အတွက် ဝမ်းသာပါတယ်။ ဝန်ကြီး က အနုပညာလောကရဲ့ တကယ်ဖြစ်ပျက်နေတာကို နားထောင်ပေးတယ်။ ကျွန်တော်တို့ အနုပညာ သမားတွေကို အတတ်နိုင်ဆုံး ကူညီပေးမယ် လို့ပြောသွားတယ်။ ဒီနှစ်က တော်တော်လေး နေလို့ထိုင်လို့ ကောင်းတဲ့နှစ် ဖြစ်သွား တယ်။ ပြောင်းလဲမှုတွေ ဆိုတာက အရာ အားလုံးပြောင်းလဲနေကြတာပဲ။ အနုပညာ လောကမှာ မတူတဲ့ အချက်က အနုပညာ သမားတွေက အနုပညာ ပဲလုပ်တတ် တာ။ ပြောင်းလဲမှုတွေ ဖြစ်သင့်တာ ကြာပါပြီ။ ပရိသတ်တွေ ရှိနေသရွေ့တော့ ဗီဒီယို၊ ရုပ်ရှင် တွေ ရိုက်နေကြဦးမှာပဲ။ ကျွန်တော့်အတွေ့ အကြုံ အရဆိုရင် နိုင်ငံခြားမှာ ရုပ်ရှင်သွား ရိုက်ရင် တအား မျက်နှာငယ်ရတယ်။ တော် တော်လည်း စိတ်မကောင်းဖြစ်ခဲ့ရတာ။ အဲဒါ တွေ အခု ထပ်မဖြစ်ချင်တော့ဘူး”

http://popularmyanmar.com

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template