Headlines News :
Home » » အစိုးရတွင်း ပြုပြင်ပြောင်းလဲမှု အောက်ခြေထိရောက်မှသာ ကြိုးနီစနစ် လျော့နည်းပပျောက်မည်ဟု သမ္မတ ပြော

အစိုးရတွင်း ပြုပြင်ပြောင်းလဲမှု အောက်ခြေထိရောက်မှသာ ကြိုးနီစနစ် လျော့နည်းပပျောက်မည်ဟု သမ္မတ ပြော

Written By လွင့်မောင်မောင် on Thursday, September 13, 2012 | 6:36 PM


အစိုးရ၏ ပြုပြင်ပြောင်းလဲ မှု များသည် ပြည်သူနှင့် အမှန် တကယ် ထိတွေ့ဆက်ဆံနေကြသော အောက်ခြေ ဝန်ထမ်း အဆင့်ဆင့် အထိရောက် ရှိ ရန် လိုအပ်ပြီး သို့မှသာ အစိုးရ အုပ်ချုပ်ရေး ယန္တရား အတွက် ခေတ် အဆက် ဆက် မလို လား အပ်သည့် အနှောက် အယှက်ဖြစ်သော ကြိုး နီစနစ် များ လျော့နည်း ပပျောက် သွား စေမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၁ဝ ရက်က ပြောသည်။
နေပြည်တော် တွင် ပြုလုပ် ကျင်းပသော အသစ် ခန့်အပ်လိုက် သည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ အသစ် ခန့်အပ် ခြင်းနှင့် ကတိ သစ္စာပြု ကျမ်းကျိန် ဆိုခြင်း အခမ်း အနား တွင် နိုင်ငံတော် သမ္မတက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်တွေ့၌ ပြည် သူ့ရေး ရာ ဝန်ဆောင်မှု များ ဖြည့်ဆည်း ဆောင်ရွက် ပေးကြရာတွင် အမှန် တကယ် ပြောင်းလဲ မှုဖြစ်ရန် လိုအပ် ကြောင်း၊ ပြည်သူ များကို အလေး အမြတ် ထားေ သာ ေ ကာင်း မွန် သည့် အပြောင်း အလဲများ ပေါ်ပေါက် လာရန် ပြည်သူ များ အကြား မည်သို့ အခက် အခဲများ ကြုံတွေ့နေသည်။ မည်သည့် အရာများ လိုလား တောင့်တ နေသည်ကို သိရှိနားလည်ရန် လုပ် ဆောင်ဖို့ လိုအပ်ကြောင်း ၄င်းက အဆိုပါ ခန့်အပ်ခြင်း အခမ်း အနား မိန့်ခွန်း တွင် ထည့် သွင်းပြောကြား သည်။
”ပြည်သူတွေ အကြားမှာ နေ ထိုင် ရှင်သန်နေ ကြတဲ့ ပြည်သူ့ဝန် ထမ်းတွေဖြစ်တာ နဲ့အညီ ဂုဏ် သိက္ခာ မြင့်မားတဲ့ အစိုးရ ယန္တရား တစ်ရပ် ပီ ပီပြင်ပြင် ဖြစ်ပေါ် လာအောင် အထက် က ညွှန်ကြားမှ ဆောင်ရွက် တာ၊ မီဒီယာ တွေ ထောက်ပြ လာမှ ဆောင်ရွက် တာ စတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ် ရပ်တွေ ကို ရှောင်ရှားကြ ဖို့ လိုပါ တယ်” ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောသည်။ လက်ရှိ ခန့်အပ် လိုက်သည့် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး အသစ်များသည် လက်အောက်ရှိ အစိုးရဝန်ထမ်း အရာရှိ အဆင့်ဆင့် အား ယုံကြည်စွာဖြင့် တာဝန်ခွဲ အပ်ပေးရန် လိုကြောင်း၊ ရှင်းလင်း လွယ်ကူ ပြီး တိကျပြတ်သားသော လုပ်ငန်း စဉ် များ ချမှတ်ပေး ရန် လိုကြောင်း၊ ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ အပြောင်း အလဲများ သိသာ ထင်ရှား စွာ ထွက်ပေါ် လာဖို့အတွက် အစိုးရ အဖွဲ့ကို အပြောင်းအလဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆိုသည်။
နိုင်ငံတော် သမ္မတ၏ ပြောကြား လုပ်ဆောင်မှုများသည် ကောင်းမွန် ပြီး သဘောကျ နှစ်ခြိုက်စရာ ဖြစ် သော်လည်း အောက်ခြေကိစ္စများ အပေါ် တွင်တော့ သိရှိနိုင်ရန် ခက်ခဲ ကြောင်း၊ ယင်း အခြေအနေများတွင် ပြုပြင်ပြောင်းလဲမှု အားနည်းလျက် ရှိကြောင်း ပြည်ပတွင် ၂၂ နှစ် ကြာ နေ ထိုင် ခဲ့ပြီး မြန်မာနိုင်ငံသို့ ခေတ္တ ရောက်ရှိ နေသည့် NLD (LA) ၏ အတွင်းရေး မှူး ဦးဝင်းခက် က ပြော သည်။
”ကျွန်တော်တို့ အခု လယ်မြေ တွေ အသိမ်း ခံရတယ်။ ဘာကြောင့် အသိမ်းခံ ရတာလဲ။ ဘယ်သူတွေက သိမ်း တာလဲ။ တိတိ ကျကျ ဖော် ထုတ်တာ မျိုးတွေ မတွေ့ရသေးဘူး။ ဒါမျိုး သမ္မတက လက်လီစိတ် မသိ နိုင်သေးဘူး” ဟု ၄င်းက ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် သြဂုတ်လ ဒုတိယပတ် အတွင်းမှ စတင်၍ ဝန်ကြီး ဌာန များနှင့် လွှတ်တော် တွင်း ကြီးမားသောပြောင်းလဲမှု များ ပြုလုပ် ခဲ့သည်။
ဥာဏ်လင်းအောင်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template