Headlines News :
Home » , » လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုတာ..

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုတာ..

Written By လွင့်မောင်မောင် on Wednesday, September 12, 2012 | 2:02 AM

onywa Copper project was held with presence of Mr. Li Wanfu, the Chairman of MCC8 Group, Hon. Li Junhua, Chinese Ambassador in Myanmar, Mr. Yin Jiaxu, Party Chief of China North Industries Group Corporation (NORINCO), Mr. Zhi Yulin, the Vice President of NORINCO, Mr. Wang Wei, Chairman of China Wanbao Mining Co., Ltd., and the governor
of the Sagaing Province, and the General of Northwest Military Area Command of Myanmar.

Abundant copper reserves in Monywa, in northern Burma's Sagaing Division, are “of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the our influence in Myanmar [Burma],” according to NORINCO's statement. NORINCO is one of ten defense-industrial enterprises that report to China's State Council.

The Monywa mine is one of Burma's largest mining operations, and is located in Monywa Town Sagaing Province in northwest Myanmar, 120 km away from Mandalay which is the 2nd largest city of Myanmar. The project consists of constriction phase and production phase, in which the construction period is 17 months and the construction works include 6.6 km of road construction and 20 million m3 of excavation work.

The contract price of the Phase I construction MCC8 implements is US$ 50 million

http://chinamcc8.com/en/disInteraction.asp?id=169&fid&lid=22


စံပါယ်တောင် လို့ အမည် ရ တဲ့ တောင်ကတော မြန်မာပြည်မြေပုံ ပေါ်က ပျောက်ကွယ်သွားပါပြီ။ နောက်ထပ်၊နောက်ထပ် တောင်တွေကို ဖြို၊မြေစာတွေကို ရွာသားတွေရဲ့  လယ်တွေ၊ယာတွေပေါ်မှာပုံ။ ဓါတ်သတ္တု ပျော်ရည်တွေက ချင်းတွင်းမြစ်ထဲ စီးဆင်း၊ မြေအောက်ရေ တွေ အရသာ ပြောင်းကုန်ပါပြီ။ မယုံတဲ့သူ။ တိတိကျကျ သိချင်တဲ့သူ။ ဦးဝင်းချိ၀၉-၇၃၂၀၆၈၃၈ ထံ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျား။((ငရဲသား-Facebook)

ကြေးနီသတ္တုတူးဖော်နေသည့်နေရာ
.မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အနီးတွင်ရှိသော လက်ပန်းတောင်းတောင်ကြီးအား မိုင်းခွဲမြေဖြိုကာ ကြေးနီသတ္တုတူးဖော်နေသည့်ကိစ္စ ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ဒေသခံများ ပြောင်းကြရွှေ့ကြရသည့် ဒုက္ခ၊ စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးကြရသည့်ဒုက္ခ၊ ဇီဝမျိုးစုံများ ပျက်စီးပျောက်ကွယ်ရသည့်ဒုက္ခ၊ ရေရှည်တွင် ထိုဒေသ၌ နေထိုင်သူများ၏ ကျန်းမာရေးအပေါ် သက်ရောက်ထိခိုက်မည့်ဒုက္ခ၊ သဘာဝပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုများကို ပြောင်းလဲလွှမ်းမိုးစေမည့် ဒုက္ခများကို ဘာမျှမပြောသေး၊ မစဉ်းစားသေးဘဲ ဂေဟစနစ်အရ အပြန်အလှန်အမှီသဟဲ ပြုလျက်ရှိသော ချင်းတွင်းမြစ်ကမ်းရှိ အလွန်ပနံရလှပစွာတည်ရှိသော တောင်ကြီးတစ်တောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်သည့် အချက်တစ်ချက်တည်းနှင့်ပင် မြစ်ဆုံစီမံကိန်းလို လုံးဝရပ်တန့်ပစ်ရန် လိုသည်ဟု ဘူမိပညာရှင်၊ ပထ၀ီပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများက ရင်ထဲမှစကားကို ဆိုကြပါသည်။ မုံရွာဒေသခံများကလည်း လဲလျောင်းအိပ်စက်နေသော ဧရာမဆင်ကြီးနှစ်ကောင်ဟု ညွှန်းဖွဲ့ထားသည့် ယင်းလက်ပန်းတောင်းတောင်ကြီးအား ဓားထစ်ရာမွှန်းနေပြီဟု ဆိုကြပါသည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ၏ ရင်ထဲမှာဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ အမြန်ဆုံး အကျယ်တ၀င့် ဆွေးနွေးသင့်ပြီဟု ထင်မြင်သုံးသပ်နေကြပါသည်။ကျောင်းပထ၀ီသင်ခန်းစာများတွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပန်းတောင်းတောင်များရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ တောင်ကြီးအချို့မှာ လုံးဝပျောက်ကွယ်လျက် ရှိနေပါပြီ။ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းစေမည့် စီမံကိန်းများ ဆောင်ရွက်သည့် ဒေသရှိ ပြည်သူအများစုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောတရားများကိုလည်း ကောင်းစွာမသိကြပါ။ သူတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်စေသည်ဟုလည်း လက်မခံ၊ မယူဆထားကြပါ။ သို့ရာတွင် လုပ်ငန်းလာရောက် လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များမှာမူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေမည်များကို ကြိုတင်တွက်ဆ သိရှိထားနိုင်သော်လည်း လျစ်လျူရှုကာ လတ်တလော အကျိုးအမြတ်ရရေးကိုသာ အာရုံစိုက်လျက် လောဘမသတ်ဖြစ်နေကြပါသည်။ စီမံကိန်းများတည်ရှိရာ အနီးတစ်ဝိုက်မှ ဒေသခံများအနေဖြင့် လောလောဆယ် သူတို့ရင်ဆိုင်ကြရမည့် ပြဿနာများမှ ကင်းဝေးအောင်၊ စီမံကိန်းများ ရပ်တန့်သွားအောင်၊ သူတို့ ခံစားကြရမည့် ဆိုးပြစ်များ လျော့နိုင်သမျှ လျော့ရလေအောင် မည်သူ့ကိုမျှ မတောင်းဆိုနိုင်၊ မည်သို့မှ မကြံစည်နိုင်၊ မြေရေသယံဇာတများကို ရနိုင်သမျှ လက်ဝါးကြီးအုပ်ထားနိုင်ရန်၊ ဒေသအတွက် ပြန်လည်ဖြည့်ဆည်းပံ့ပိုး စောင့်ရှောက်ရမည့်အတွက်ကိုမူ တတ်နိုင်သမျှ နည်းစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြိုးပမ်းနိုင်ကြပါသည်။နောက်ဆုံးရလဒ်အဖြစ် အလူးအလဲခံစားကြရမည်မှာ ဘာမျှလည်းမဆိုင်၊ ဘာအကျိုးအမြတ်မှလည်း မခံစားလိုက်ရသည့် ဒေသခံပြည်သူများသာ ဖြစ်ပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမည့်သူများ နည်းနိုင်သမျှနည်းအောင်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လျှော့ချကာကွယ်နိုင်အောင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ တိုးပွားလာအောင် လုပ်ဆောင်လိုစိတ် ပြင်းပြနေသူများမှာ ဒေသခံပြည်သူများသာ ဖြစ်လာပါလိမ့်မည်။သို့ရာတွင် ထိုသူများမှာ ဘယ်ကစ၍ ဘယ်လိုလုပ်ရမှန်း မသိဘဲလည်း ဖြစ်နေကြပါသည်။ ထို့ကြောင့် သူတို့မှာ မိရိုးဖလာအစဉ်အလာအတိုင်း သူတို့အလွယ်တကူ လုပ်လည်းလုပ်တတ်၊ လုပ်လည်းလုပ်နိုင်သည့် အလုပ်ဖြစ်သော တောတောင်စောင့်နတ်တွေကိုပဲ တိုင်တည်ရတော့မှာလိုလိုသာ ဖြစ်လို့နေပါတော့သည်။


 
 
 
 
 

Caption: Monywa, Sagaing Division, Myanmar - 07/08/2009. A woman walks with a basket on the ground along the Monywa Copper Project site, the only copper mine in Burma and one of the largest in South East Asia. Settlers retrieve mineral deposit from the waste ground discharged from the mine.
Contact: sales@Onasia.com
Credit: Thierry Falise/OnAsia.com
 

                                                ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template