Headlines News :
Home » » နန်နင်းမြို့တွင် ကျင်းပမည့် ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ Country of Honour အနေဖြင့် တက်ရောက်ပြသမည်

နန်နင်းမြို့တွင် ကျင်းပမည့် ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ Country of Honour အနေဖြင့် တက်ရောက်ပြသမည်

Written By လွင့်မောင်မောင် on Thursday, September 13, 2012 | 8:14 AM

၈ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲ ဖွင့်လှစ်ခြင်း အခမ်းအနားမြင်ကွင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်မည့် ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှ ပြခန်းပေါင်း ၁၀၀ ကျော် တက်ရောက်ပြသရန် စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ် ပြုလုပ်မည့်ပြပွဲတွင် မြန်မာနိုင်ငံအနေဖြင့် Country of Honour အဖြစ် ပါဝင်ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ယခင်နှစ်များနှင့်မတူ နိုင်ငံဂုဏ်ဆောင်၍ ထူးခြားသောပြခန်း၊ ပြကွက်များကို ခင်းကျင်းပြသရန် စီစဉ်ထားပြီး စီးပွား ရေးတွေ့ဆုံဆွေးနွေးပွဲများ၊ Country Investment Promotion Program များကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲသို့ သစ်ကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍမှ အဓိကအများဆုံး ပါဝင်ပြသမည်ဖြစ်ပြီး စားသောက်ကုန်ကဏ္ဍ၊ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍ၊ ရေထွက်ကုန်ကဏ္ဍ၊ စက်မှုကဏ္ဍ စသည်တို့ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သိရှိရသည်။
''နန်နင်းကုန်စည်ပြပွဲကို UMFCCI က တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ကြမှာပါ။ နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ပြသကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ ရေးထိုးကြ တာတွေရှိသလို။ နှစ်နိုင်ငံ ကုန်သွယ်မှုတွေလည်း ပိုမိုပြုလုပ်နိုင်ကြတာ တွေ့ရပါတယ်။ ပြပွဲရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ events တွေကိုတော့ သေချာမသိရသေးပါဘူး'' ဟု UMFCCI တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ကုန်စည်ပြပွဲသို့ သမ၀ါယမဦးစီးဌာန၏ သစ်အသင်း ၁၁ သင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သစ်အသင်း ၁၀ သင်းမှ စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦးတို့မှ သစ်အချောထည်ပစ္စည်းနှင့် ပရိဘောဂပစ္စည်းများကို ကုန်းလမ်းခရီးဖြင့် သွားရောက်ပြသမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့ရှိ Nanning International Convention and Exhibition Center တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅  ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template