Headlines News :
Home » » Orchid Hotel မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်တရားစွဲဆိုမှုအား မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်

Orchid Hotel မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်တရားစွဲဆိုမှုအား မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်

Written By လွင့်မောင်မောင် on Thursday, October 4, 2012 | 6:19 PM

thn-10-4-9
တရားရုံးမှထွက်လာပြီး ကားပေါ်တက်မည့် Mr.Okahashi Takashi အား ၎င်း၏စကားပြန်နှင့် အခြား ဂျပန်နိုင်ငံသားတစ်ဦးမှ သတင်းထောက်များ ဓါတ်ပုံရိုက်ကူးနေမှုအား ကာပေးထားသည်ကို အောက်တိုဘာလ ၄ရက်နေ့က တွေ့ရစဉ်

Orchid Hotel တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတစ်ဦးသည် ညပိုင်းတွင်ပြင်ပမှ မြန်မာအမျိုးသမီးငယ်တစ်ဦး ခေါ်ဆောင်လာသည့်အတွက်  ဟိုတယ်ကောင်တာ၌ တာဝန်ကျနေသည့် မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက   ပြင်ပမှခေါ်ဆောင်လာသည့် အမျိုး သမီးငယ်နှင့် ပတ်သက်၍ ဟိုတယ်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားရာတွင် အဆိုပါဂျပန်နိုင်ငံသားက အမျိုး သမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက်ရိုက်ခဲ့သည့်အတွက် မြန်မာအမျိုးသမီးဝန်ထမ်းဖြစ်သူက ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊   ဂျပန်နိုင်ငံသားဘက်မှလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ပုဇွန်တောင်ရဲစခန်း၌ အဆိုပါ မြန်မာအမျိုးသမီးဝန်ထမ်းအပြင် အခြားအမျိုးသမီးဝန်ထမ်းတစ်ဦးအား  မတရားတားဆီးကန့်ကွက်ခြိမ်းခြောက်မှုဖြင့် ပြန်လည်အမှုဖွင့်တိုင်တန်းခဲ့ပြီး အပြန်အလှန်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံးမှ ဂျပန်နိုင်ငံသားအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃/၃၅၄/၂၉၄(ခ) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး၊ မြန်မာအမျိုးသမီးဝန်ထမ်း မအေးကြည်နှင့် မမေဦးလှိုင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄၁ ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ နှစ်ဖက်စလုံးမှ စွပ်စွဲခံရသူများက အပြစ်မရှိကြောင်း ပြန်လည်ထုချေခဲ့ကာ ဆက်လက် တရားရင်ဆိုင်ရမည်ဖြစ်ပြီး ပြန်ခေါ်သက်သေများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဂျပန်နိုင်ငံသား Mr.Okahashi Takashi အား Orchid Hotelမှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်သူ မအေးကြည်က ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၃/၃၅၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ တရားရုံးတွင် သက်သေများစစ်ဆေးရာ၌ ဂျပန် နိုင်ငံသားမှ မအေးကြည်အား ဆဲဆိုမှုများ ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရဆဲဆိုမှုအားထည့်သွင်း စွဲချက်တင်ပေးရန် လျှောက်ထားခဲ့ကြောင်း မအေးကြည်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရား လွှတ်တော်ရှေ့နေ ဦးဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
''သက်သေတွေစစ်တော့ ဂျပန်နိုင်ငံသားက ဆဲဆိုတာတွေပါ ပေါ်ပေါက်တယ်။အဲဒီအတွက် စွဲချက်မှာ နောက်ထပ် ပုဒ်မ တစ်ခုထပ်တိုးဖို့ လျှောက်ထားလိုက်တယ်။ အခု စွဲချက်အမိန့်ကျတော့ အားလုံးသုံးခုနဲ့ စွဲချက်တင်တယ်။ ကျွန်တော်တို့ဘက်ကတော့ ပြန်ခေါ်သက်သေအနေနဲ့ ဂျပန်နိုင်ငံသားနဲ့ နောက်ထပ်တစ်ယောက်ကို ပြန်စစ်ဖို့လုပ်ထားတယ်။ သူတို့ဘက်ကလည်း မအေးကြည်ကို ပြန်စစ်ဖို့လုပ်ထားတယ်''ဟု မြန်မာအမျိုးသမီးနှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဦးဝင်းနိုင် ကပြောပါသည်။
ဂျပန်နိုင်ငံသား Mr.Okahashi Takashi  က မြန်မာအမျိုးသမီးဝန်ထမ်း မအေးကြည်နှင့် မမေဦးလှိုင်တို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁/၅၀၆ တို့ဖြင့် တရားစွဲဆိုခဲ့သော်လည်း ပုဒ်မ ၃၄၁ ဖြင့်သာ စွဲချက်တင်ခဲ့ပြီး ဂျပန်နိုင်ငံသား အား မြန်မာအမျိုးသမီးဝန်ထမ်းနှစ်ဦးမှ ခြိမ်းခြောက်ပြောဆိုမှုများရှိသည်ဟု စွပ်စွဲချက်မှာ တိကျခိုင်မာသည့် သက်သေများ တင်ပြနိုင်ခြင်းမရှိသည့်အတွက် တရားရုံးမှ မြန်မာအမျိုးသမီးဝန်ထမ်းနှစ်ဦးအပေါ် စွဲဆိုထားသောပုဒ်မနှစ်ခုမှ ပုဒ်မ ၅၀၆ ဖြင့် စွဲဆိုထားမှုအား စွဲချက်မတင်မီလွှတ်ကြောင်း အမိန့်ကိုချမှတ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော်လည်း ပုဇွန်တောင်မြို့နယ်တရားရုံးတွင် စစ်ဆေးခြင်းမှာ တရားမျှတမှုမရှိနိုင်ကြောင်း မြန်မာအမျိုးသမီးဖြစ်သူ မအေးကြည်မှ ယူဆ၍ အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းပေးရန် အထွေထွေလျှောက်ထားမှုကို ခရိုင်တရားရုံးမှ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးသို့ ရုံးပြောင်းစစ်ဆေးရန် ဧပြီလ ၉ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လက်ရှိ အမှုရင်ဆိုင်နေရသော ကာလမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ မှ အောက်တိုဘာလအထိ ၉ လခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template