Headlines News :
Home » »  ဇေကမ္ဘာကုမ္ပဏီ၏ တရားစွဲဆိုမှုအား အောက်တိုဘာလ (၁၁) ရက်နေ့၌ ရုံးချိန်းထပ်မံခေါ်ယူသွားမည်

 ဇေကမ္ဘာကုမ္ပဏီ၏ တရားစွဲဆိုမှုအား အောက်တိုဘာလ (၁၁) ရက်နေ့၌ ရုံးချိန်းထပ်မံခေါ်ယူသွားမည်

Written By လွင့်မောင်မောင် on Thursday, October 4, 2012 | 6:22 PM

 thn-10-4-8
ဇေကမ္ဘာကုမ္ပဏီ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား အောက်တိုဘာလ(၁၁) ရက်နေ့၌ ရုံးချိန်း ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၀) ဖြင့် သြဂုတ်လ(၂၃)ရက်နေ့၌ တရားစွဲဆိုခဲ့ပြီး ပထမရုံးချိန်းအား စက်တင်ဘာလ(၆)ရက်နေ့၌ လည်းကောင်း၊ ဒုတိယရုံးချိန်းအား စက်တင်ဘာလ (၂၀) ရက်နေ့၌ လည်းကောင်း ခေါ်ယူခဲ့ပြီး တတိယအကြိမ်ရုံးချိန်းအား အောက်တိုဘာလ (၄) ရက်နေ့၌ ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။
''ရုံးချိန်းကကြာဦးမှာပါ။ ပြီးဖို့ တော်တော်ကြာဦးမယ်။ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းဆိုတော့ ကျွန်တော်တို့လည်း ဘာမှပြောလို့မရဘူး''ဟု အောက်တိုဘာလ(၄)ရက် နေ့ရုံးချိန်း၌ ဇေကမ္ဘာကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော်က ပြောကြားခဲ့ပါသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ပဲခူးမြို့မှ လယ်ယာမြေမှုခင်းကိစ္စရပ်များ၌ လိုက်ပါဆောင်ရွက်ပေးနေ သူရှေ့နေဦးအေးမြင့် (လမ်းပြကြယ်) က ''နေမျိုးဝေက လယ်သမားအကျိုးအတွက်လုပ်ပေးလို့ တရားစွဲခံရတယ်။ဒီအမှုကို ဥပဒေရှုထောင့်က သေချာ ကြည့်ရင် သေးသေးလေးပါ။  ဒါပေမယ့် ဒီအမှုမျိုးက လယ်သမားအပေါ် မတရားသဖြင့်လုပ်ထားတဲ့သူတွေက သူတို့လုပ်ထားတဲ့မတရားမှုမှာ ခံရတဲ့လယ်သမားဘက်ကလိုက်ပေးရင် လိုက်တဲ့သူထောင်ထဲရောက်မယ်။ ဒါကို မင်းတို့ ကြည့်ကြ။ ဒီလို ဖြစ်မယ်ဆိုတာ နမူနာအနေနဲ့ နေမျိုးဝေကိုတရားစွဲပြတာလို့ မှတ်ပါတယ်။  ဒီအမှုကို ဥပဒေနားလည်တဲ့သူတွေက မကူညီခဲ့ရင် မတရားလုပ်တဲ့သူတွေက နိုင်သွားတော့မှာပေါ့။ ဒါ ကြောင့် ကျွန်တော်တို့ ဒီအမှုမှာ မေတ္တာနဲ့ ကူညီပေးဖို့ လာရောက်ရခြင်း ဖြစ်ပါတယ်'' ဟု အောက်တိုဘာလ (၄)ရက်နေ့၌ ပြောကြားခဲ့သည်။
ရုံးချိန်းသို့ တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်၊ တရားစွဲဆိုခြင်းခံရသူ ဦးနေမျိုးဝေနှင့် ဇေကမ္ဘာကုမ္ပဏီမှ စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း (၁၊ ၂၊ ၃၊ ၄) မှ လယ်သမားများ၊ သင်္ယန်းကျွန်းကြီးနှင့် လှိုင်သာယာ (အတွင်း ပဌာန်၊ အပြင်ပဌာနမှ) လယ်သမားများ တက်ရောက်ခဲ့ကြောင်းသိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀) သိန်းတန် အာမခံဖြင့် ထားရှိကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template