အရိယာဝိဇ္ဇာဓမ္မမေတ္တာရှင်ရွှေပြည်ဝင် သာသနာ့အကျိုးတော်ဆောင် အဘအောင် မင်းခေါင်၏ နှစ် ၆ဝပြည့် ရွှေပြည့်စုံအဓိဋ္ဌာန် အောင်ပွဲ(အကြို)ပူဇော်ပွဲနှင့် နန်းခေါင် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ဒါရိုက်တာရာဇာအောင်သရုပ်ပြအမွှန်းတင်သာသနာပြုတင်ပြသော ဓမ္မမေတ္တာရှင် အဘအောင်မင်းခေါင် သာသနာပြုပုဂ္ဂိုလ်တစ်ဦး၏ ဘဝခရီးဇာတ် ကားဖြန့်ချိပြသရန် အဘအောင်မင်းခေါင်ထံ အပ်နှင်း၍ မေတ္တာဓာတ်ခံယူခြင်းကန်တော့ပွဲ ပေးမင်္ဂလာအခမ်းအနားမိတ်ဆက်ပွဲကို စက်တင်ဘာ
၁၈ ရက်နေ့၊ မွန်းတည့်၁၂နာရီ အချိန်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ခန်းမမှာ ကျင်းပခဲ့သည်။ နန်းခေါင်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ဒါရိုက်တာရာဇာ အောင်က ရိုက်ကူးထားသော’ဓမ္မမေတ္တာရှင် အဘအောင်မင်းခေါင်သာသနာပြုပုဂ္ဂိုလ်တစ်ဦး၏ ဘဝခရီး’အကြောင်းကို နှစ်ပေါင်း ၂ဝကတည်းက ရိုက်ကူးထားသော်လည်း ဆင်ဆာ ခွင့်ပြုချက်မရခြင်းကြောင့် ပြသခွင့် မရခဲ့ဘဲ ရုပ်ရှင်အစည်းအရုံးသစ် လက်ထက် တွင် ဆင်ဆာပြသခွင့်ရသည့်အတွက် ပြန် လည် ဖြန့်ချိမည် ဖြစ်သည်။ အဘအောင်မင်း
ခေါင်အဖြစ် ဦးစိုးရွှေကသရုပ်ဆောင်ထား သည်။အဘအောင်မင်းခေါင် ဇာတ်ကားက ထေရဝါဒသာသနာအတွက် အထောက်အပံ့ဖြစ်စေနိုင် သော ဇာတ်ကားဖြစ်သည့် အတွက် အများပြည်သူကို ပြသခွင့်ပြုနိုင်ရန်အတွက် မြန်မာ ရုပ်ရှင်အစည်းအရုံး၏စွမ်းဆောင်မှု ကြောင့် ဖြန့်ချိ ပြသခွင့်ရပြီဖြစ်ကြောင်းကို ဒါရိုက်တာရာဇာအောင်က ဝမ်းသာစွာဖြင့် ပြောပြခဲ့ပါ တယ်။အဆိုပါဇာတ်ကားကို ၂ဝ၁၂ခုနှစ်၊ အောက်တိုဘာတွင် ဖြန့်ချိရန်စီစဉ်ထား သော်လည်းဆင်ဆာကတ်ထုတ်ရက်ကို ရက် ချိတ်ယူရမြှာ ဖစ်သောကြောင့် အချိန်မမီခဲ့လျှင် ၂ဝ၁၃အောက်တိုဘာ၂ရက်နေ့ကျမှ ဖြန့်ချိ မည်ဖြစ်သည်။ ရရှိလာမည့်အမြတ်ငွေအားလုံးကိုလည်း ပုပ္ပား၊ ဟံသာဝတီ၊ ပဲခူး၊ ရတနာပုံ၊ အင်းဝ၊ ကချင်ပြည်နယ်မြစ်ဆုံ ဒေသ၊ ရန်ကုန်တို့တွင်လှူဒါန်းသွားမှာဖြစ်ပြီး အဘအောင်မင်းခေါင်၏သာသနာပြုလုပ်ငန်းများတွင်လည်း လှူဒါန်းမှာဖြစ်ကြောင်း သိရပါတယ်။
ထူးထူး