ဝါကျွတ်ပြီဆိုတာနဲ့ အားလုံးက မင်္ဂလာ ဘယ်တော့ဆောင် မှာလဲလို့ တစ်မေးတည်း မေးနေကြတဲ့ ချောရတနာရဲ့မင်္ဂလာပွဲကို ဒီနှစ်တည်း မှာပဲ ကျင်းပတော့ မှာဖြစ်ကြောင်းသိရပါတယ်။ချစ်သူကိုကျော်လင်းနဲ့ နိုဝင် ဘာ၂၅ရက်နေ့မှာ မင်္ဂလာ လက်မှတ်ရေးထိုးပြီး ၂၈ရက်နေ့မှာတော့ အရှင် ဆေကိန္ဒရဲ့ ဓမ္မဒူတတောရ မှော်ဘီကျောင်းတိုက် မှာမင်္ဂလာဦး ဆွမ်းကျွေးမှာ ဖြစ်ပြီး ဒီဇင်ဘာ၁ရက်နေ့ ဆီဒိုးနား ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲနဲ့ ညစာစားပွဲ ကျင်းပမှာဖြစ်ပါတယ်။ မင်္ဂလာဖိတ်စာဒီဇိုင်းကို မလေးရှားမှာ သွားရောက် စီစဉ်ခဲ့တာဖြစ်ပြီး ဖိတ်စာရော၊ ပန်းဒီဇိုင်းတွေပါ မာမီကျော်က စီစဉ်ပေး ထားကြောင်းပြောပါတယ်။ ချစ်သူနဲ့ ၁ဝနှစ်လောက်ကြာအောင် ဘယ်လို နားလည်မှုတွေယူပြီး လက်တွဲခဲ့တာ လဲလို့မေးတော့”ချစ်သူဘဝဆို တာကတော့ ရန်ဖြစ်လိုက်၊ ပြန် ချစ်လိုက်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိဖို့ ညှိနှိုင်းကြတာပေါ့။မောင်နှမတွေလို တစ်မျိုး၊ ချစ်သူလို တစ်မျိုးတွေနဲ့ ချစ်သွားကြ မယ်ပေါ့” လို့ ပြောပါတယ်။ သန္တာဗို ကပန်းကြဲ မှာဖြစ်ပြီး မင်္ဂလာ ဗန်းကိုင်နှင့် သတို့သား အဖြစ် ကောင်း ပြည့်နဲ့ ဆန်းတိုးနိုင် ၊သတို့သမီး အရံတွေ အဖြစ် ယုသန္တာတင်၊ ဝါဆိုမိုး ဦး၊ M ဆိုင်းလူ၊ အွန်ဆိုင်းတို့က ဆောင်ရွက် ကျမှာဖြစ်ပါတယ်။ စက်တင် ဘာ၂၉ရက်နေ့မွေးနေ့မှာတော့ ချောရတနာ ကအရင်နှစ်တွေ လိုပဲ ဘုရား သွားပြီး ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပါတယ်။
ခိုင်ဝေလွင်