Headlines News :
Home » » လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

Written By လွင့်မောင်မောင် on Friday, October 5, 2012 | 7:24 PM

 
မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက်ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒေ ဖ်ာထုတ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံရွာသားများအပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃။၁၂ ပြစ်မှုပုဒ်မ ၁၄၃ ။ ၁၄၇။ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်းသိရသည်။


စက်တင်ဘာလ ၅ ရက်နေ့ က မြန်မာ-၀မ်ပေါင်ရုံး ကြေးနီစီမံကိန်းဧရိယာအနီး ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းနှင့် ပုလဲ-မုံရွာ ကားလမ်းဆုံ၌ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှ ဟန်ဝင်းအောင်၊အောင်စိုး၊ ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ
 ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ ကို ဥပဒေနှင့် ဆန့်ကျင်သောလူစုလူဝေးကိုဦးဆောင်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ အား စိတ်ညိုညင်အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီ ကျက်သရေနစ်နာစေရန် အကြံဖြင့်ပြုမူ ဆောင်ရွက်ခြင်းတို့ ကြောင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လက်ထောက်အထွေထွေမန်နေဂျာ ဗိုလ်ကြီးကျော်လှမိုး (ငြိမ်း) က တရားလိုပြုကာ တိုင်တန်းထားကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template