Headlines News :
Home » » လက်ပံတောင်းတောင်နှင့် ပြည်သူ့အသံ မန်းနှင့် မုံရွာတွင် ဆက်လက်ထုတ်ပြန်မည်

လက်ပံတောင်းတောင်နှင့် ပြည်သူ့အသံ မန်းနှင့် မုံရွာတွင် ဆက်လက်ထုတ်ပြန်မည်

Written By လွင့်မောင်မောင် on Wednesday, October 3, 2012 | 12:07 PM


ရန်ကုန်၊ အောက်တိုဘာ ၁
လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းနှီးနှောဖလှယ်ပွဲကို မန္တလေးနှင့် မုံရွာမြို့တို့တွင် ဆက်လက်ပြုလုပ်ကာ ပြည်သူလူထုတစ်ရပ် လုံး၏ အသံကို ထုတ်ပြသွားဦးမည်ဟု ပွဲစီစဉ်သူ ၈၈ မျိုး ဆက်ကျောင်းသားများထံမှ သိရသည်။

ယင်း နှီးနှောဖလှယ်ပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရန်၊ လယ်တီဆရာတော်ဘုရားကြီး ၏ ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာများကိုထိန်းသိမ်းရန်၊ ဒေသ ခံပြည်သူလူထုများ ထိခိုက်နစ်နာမှု ကိုကာကွယ်ရန် စသည့်ရည်ရွယ် ချက်များဖြင့် စက်တင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ပထမဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် များ၊ အင်ဂျင်နီယာပညာရှင်များ၊ ဥပဒေရေးရာရှေ့နေများ၊ အနု ပညာရှင်များ၊ ဆရာတော် များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူများနှင့် ဒေသ ခံများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။ယင်းဆွေးနွေး ပွဲတွင် တက် ရောက်လာသူ ပြည်သူလူထုများထဲ မှ ၅ဝဝ ကျော်သည် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်လက်မှတ် ထိုးခဲ့ကြ ကြောင်း ၈၈ မျိုးဆက်   ကျောင်းသား တစ်ဦးက ပြောသည်။”အဓိက ကတော့ ပြည်သူ ပြည်သားတွေရဲ့ဆန္ဒ၊ အသံတွေကို နိုင်ငံတော်သမ္မတကြီး အပါအဝင် လွှတ်တော်တစ်ခုလုံးနဲ့ သက်ဆိုင် ရာ ကုမ္ပဏီက လူတွေ သိသွားအောင်၊ နောက်ပြီး ကမ္ဘာကပါသိသွားအောင် ဒီပွဲကို လုပ်ဖြစ်တာပါ”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တောင်သူလယ်သမားရေးရာ တာ ဝန်ခံဦးထွန်းမြင့်အောင်က ပြောသည်။ ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒ၊ သဘောထား၊ လက်မှတ် တွေကို နိုင်ငံတော်သမ္မတ အပါ အဝင် သက်ဆိုင်ရာအစိုးရအဖွဲ့ အား လုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။အထက်ပါပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍လည်း ပါဝင်ဆွေးနွေးခဲ့ သူ စီမံကိန်းအင်ဂျင်နီယာ ပညာ ရှင် ဦးအောင်ကျော်ဇံက ”ဥပဒေအတိုင်း လုပ်ဖို့ပါ။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာတွေ တအားပျက်စီးနေ တယ်။ အဲဒါတွေကို သူတို့မှာ လုပ် ပေးရမယ့်တာဝန်ရှိတယ်။ ဒါကို သူတို့ တာဝန်ရှိသူတွေ သိရမယ်” ဟု ပြောသည်။လက်ပံတောင်းတောင် သည် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တွင်တည်ရှိပြီး တောင် ၃၃ လုံးခြံရံ ထားသည့်   တောင်ကြီးဖြစ်ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် ဒေသခံ လယ်ယာလုပ် ကိုင်စားသောက်နိုင်သည့် တောင်သူများ၏အခြေအနေများ ပျက်စီးပြီး ဘဝရပ်တည်မှု ဆုံးရှုံးနစ်နာမှုများ ကို ခံစားနေရကြောင်း၊ လက်ပံ တောင်းတောင် ကြေးနီသတ္တုစီမံ ကိန်းကို ရပ်ဆိုင်းပေးရန် တောင်းဆို ခြင်းသည် နိုင်ငံတော်အစိုးရ အပါ အဝင် မည်သည့်အင်အားစုကိုမျှ ဆန့်ကျင်သည့်အပြုအမူမဟုတ်ဘဲ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လေ၊ ကိုယ့်ရွာ၊ ကိုယ့်ပြည်သူများကို ကာကွယ်သည့် အလုပ်ပင်ဖြစ်   ကြောင်း မုံရွာမြို့သား ကဗျာဆရာ ကြီး ဦးအံ့မောင်က ပြောကြားခဲ့ သည်။
မင်းချစ်နိုင်popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template