မိုဘိုင်းဖုန်းဆင်းကတ်ပျက်စီးမှုတွေကို နေရာ ဒေသမရွေး ပြန်လည်လျှောက်ထားလဲလှယ်ခွင့်ပေးနေပြီလို့ သိရပါတယ်။ ဆင်းကတ်ပျက်စီးမှုတွေကို နေရာဒေသမရွေး လဲပေးနေပါတယ်။
ဘယ်နေရာက၀ယ်ဝယ်၊ ဘယ်နေရာမှာလဲလဲ ရပါတယ် လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ အရင်က ဆင်းကတ် ပျက်စီးပျောက်ဆုံးမှုတွေကို မိမိဝယ်ယူတဲ့ နေရာဒေသမှာရှိတဲ့ ဆက်သွယ်ရေး တိုင်းမန်နေဂျာရုံးတွေမှာသာ ပြန်လည်လျှောက်ထားကြရပါတယ်။ ယခု လက်ရှိမှာတော့ ဆင်းကတ်ပျက်စီးမှုတွေကို မည်သည့် နေရာဒေသက ဆက်သွယ်ရေးတိုင်းမန်နေဂျာရုံးမှာမဆို ဖုန်းပိုင်ဆိုင်မှု စာရွက်စာတမ်းတွေနဲ့အတူ လျှောက်ထားလဲလှယ်လို့ရပြီလို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းကတ် ပျက်စီးမှုကို အခမဲ့ လဲလှယ်ပေးပြီး ဆင်းကတ် ပျောက်ဆုံးမှုအတွက်ကိုတော့ ကျပ် ၂၀,၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။
ကုမုဒြာ သတင်းဂျာနယ်