Headlines News :
Home » , » မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန် PTTEP ပြင်ဆင်နေ

မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန် PTTEP ပြင်ဆင်နေ

Written By လွင့်မောင်မောင် on Friday, October 5, 2012 | 7:48 PM

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကစက် သုံးဆီဆိုင်များ လာရောက်ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံမှ PTTEP နှင့် မြန်မာကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလုပ်ကိုင်ရန်အတွက် သဘောတူ လက်မှတ်ေ
ရးထိုးပြီးဖြစ်ကြောင်း၊ ထိုသို့လုပ်ကိုင်ရန် PTTEP ၏ မြန်မာ ပြည်ရုံးခွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တစ်နှစ်လျှင် စက်သုံးဆီလီတာ ပေါင်း ၂ ဒသမ ၄ ဘီလျံသုံးစွဲလျက် ရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် လာရောက်ဖွင့်လှစ်သည့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများထဲတွင် အကျိုးဖြစ် ထွန်းမှုအတွက် အလားအလာ အကောင်းဆုံး၊ အခွင့်အလမ်း အကောင်းဆုံးအနေအထားတွင်ရှိသည်ဟု PTTEP ၏ Executive Vice President ဖြစ်သူ Auttapol Rerkpiboon က သုံးသပ်ပြောကြားသည်။

PTTEP အနေဖြင့် ထိုသို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ရန် လက်မှတ်ရေးထိုးပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း မည်သည့်ကုမ္ပဏီဖြင့် လက်မှတ်ရေးထိုးသည်ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြောင်း သိရသည်။

သို့သော် PTTEP အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို လေ့လာရန်အတွက်မူ ပြည်တွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားသည့် Denko ကုမ္ပဏီနှင့် ယခင်လအတွင်းက လက်မှတ်ရေးထိုးထားသည်ဟု သိရသည်။

ထိုသို့ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ လာရောက်ဖွင့်လှစ်ရာတွင် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချမည်ဖြစ်ကြောင်း PTTEP မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စက်သုံးဆီအပြင် စက်ဆီချော ဆီများပါ တင်သွင်းရောင်းချမည်ဖြစ်ပြီး လက်လီအပြင် လက်ကားဈေးကွက်အသွင်ဖြင့်ပါ ဖြန့်ချိမည်ဖြစ်ကြောင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် PTTEP အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး ဘတ်သန်း ၈၀၀ အထိ မြှုပ်နှံထားသည်။

ရင်းနှီးမြှုပ်နှံခွင့်ပြုသည်နှင့် PTTEP ၏ မြန်မာပြည်ရုံးခွဲကို မှတ်ပုံတင်ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

၂၀၁၂ခုနှစ် သြဂုတ်လစာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ၃၉၆ ဆိုင်ရှိပြီး စက်သုံးဆီဆိုင်သစ် ဖွင့်လှစ်ခွင့်ပြုရန် ဆိုင်ပေါင်း ၅၀၀ ကျော် လျှောက်ထားသည်ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

News from : Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template