Headlines News :
Home » » “ဗေဒင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း (အီးတီ) မိသားစုရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ကြမယ့် ထိုင်းသရုပ်ဆောင်တွေရဲ့ အသံ”

“ဗေဒင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း (အီးတီ) မိသားစုရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ကြမယ့် ထိုင်းသရုပ်ဆောင်တွေရဲ့ အသံ”

Written By လွင့်မောင်မောင် on Tuesday, October 2, 2012 | 5:40 PM

 
Pasangyasorn နဲ့ Ever Top (ET & T)  ထုတ်လုပ်ရေးတို့ ရိုက်ကူးမယ့် ‘Extraordinary Gift ‘ ဆိုတဲ့ ဗေဒင် ဆရာမကြီး အီးတီမိသားစုရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက်ကူးမှုအတွက် ကန်တော့ပွဲ ကို စက်တင်ဘာလ ၂၄ရက်နေ့ကခြောက်ထပ် ကြီးဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ် ကားမှာတော့ ဆရာမကြီးအီးတီအဖြစ် Nitltan Chawpayak ၊ ဒေါ်သီသီ ဝင်းအဖြစ် Taddao Tangtogcharoem ၊ ဒေါ်အေးအေးဝင်းအဖြစ် Nathamont Panyharwarzai ၊ အဖေအဖြစ် Mr. Atiwal Sanitwong Na Ayudhaya ၊ အမေအဖြစ် Wasana Poolpol ၊ဒေါ်သီသီဝင်း ခင်ပွန်းအ ဖြစ် Suthiporn Metha ဒေါ်အေးအေးဝင်း ၊ခင်ပွန်းအဖြစ် Rareulcruek Kuljareuk ၊ စည်ဖြိုးအဖြစ် Rareukruek Kuljareuk တို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပြီး ဒါရိုက်တာမှာ Dr.Nirattisai Kuljareuk  ကရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီးရိုးစတဲ့ နေရာတွေနဲ့ ထိုင်းနိုင်ငံတွေမှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဒီဇာတ်လမ်းကို ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲအနေနဲ့ ပြသသွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ၂ပတ်ကြာရိုက်ကူးမှာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေက ဗေဒင်ဆရာမကြီး အီးတီ မိသားစုရဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင် ရိုက်ကူးသွားမှာဖြစ်ကြောင်းလည်း သိရပါ တယ်။ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြမယ့် ထိုင်းမင်းသမီးတွေနဲ့ ဇာတ်လမ်းကို ရိုက်ကူးမယ့် ဒါရိုက်တာတွေရဲ့ အသံတွေကို အခုလိုမေးမြန်း ဖြစ်ခဲ့ပါတယ်။
ဒေါ်အေးအေးဝင်းနေရာမှာ သရုပ်ဆောင်မယ့် Nathamont Panyharwarzai
“မြန်မာနိုင်ငံကို လာရတဲ့အတွက် အများ ကြီး ရင်ခုန်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ ထဘီဝတ်တာတွေ လည်း တွေ့ရတော့ တအားကြိုက် တယ်။ ရန်ကုန်မှာ ၂ပတ်နေရမယ်။ ဒီကားရိုက်ဖို့ အတွက် ထိုင်းနိုင်ငံက သီးသန့်မိတ်ကပ်ဆရာ တွေလည်းပါတယ်။ ဘာသာစကား အနေနဲ့လည်း အင်္ဂလိပ် လိုရပါတယ်။ ယိုးဒယား လိုရပါတယ်။ ယိုးဒယားမှာ ဆိုရင် ကိုရီးယား ဇာတ်လမ်းတွဲတွေ တအား ကြိုက်ကြပါတယ်” ဒါရိုက်တာ DR. NIRATTISAI KUL-JAREUK
“ဆရာမနဲ့ ထိတွေ့တာ ၁ဝနှစ်ကျော်ပါပြီ။ ဒီမိသားစုနဲ့ ထိတွေ့တဲ့အခါမှာ သူတို့က ဘုရား၊ တရားလည်း ကိုင်းရှိုင်းတယ်။ ပုံမှန် လူသားတွေ မလုပ်နိုင်တဲ့အရာ ကို ဆရာမက လုပ်နိုင်တဲ့အတွက် တအားကို ပီတိဖြစ်မိတယ်။ ဆရာမကို ကမ္ဘာက လည်းသိကြတဲ့ အတွက် ဆရာမကိုမေးပြီးတော့ ဆရာမအကြောင်းကို ရိုက်ချင်တဲ့ရည်ရွယ်ချက်ဖြစ် သွားတယ်။ မြန်မာနိုင်ငံမှာ ရိုက်ပြီးတော့ ယိုးဒယားမှာ ဇာတ်လမ်းတွဲအနေနဲ့ ပြသွားမယ်။ ဒီလို ကမ္ဘာကျော်တွေ အကြောင်းကို ၁၅ယောက် လောက်ရိုက်ဖို့ အစီအစဉ်ရှိတယ်။ အရှေ့မှာ က ၃ယောက်ရိုက်ပြီးသွားပြီ။ ဒီဇာတ်ကားကို မြန်မာ နိုင်ငံမှာ ရိုက်ကူးတာ ဆိုတော့ မြန်မာနိုင်ငံရဲ့ အလှ ရှုခင်းတွေကို နိုင်ငံခြားသူတွေလည်း သိစေ ချင်တယ်
ဒေါ်သီသီဝင်းနေရာမှာ သရုပ်ဆောင်မယ့် Taddao Tangtogcharoem
“ယိုးဒယားက ရုပ်ရှင်မင်းသမီးတစ်ယောက် လည်းဖြစ်သလို၊ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ သီချင်းဆိုတဲ့ အခါမှာ ပေါ့ပ်သီချင်း ပုံစံမျိုးကိုဆိုပါတယ်။ မြန်မာ ဝတ်စုံ ဝတ်ရတဲ့အတွက် တအားကြီး စိတ်လှုပ်ရှားပြီးပျော်ပါတယ်။ အခု ဒီကားကို ထဘီ ဝတ်ပြီး ရိုက်မယ်။ ပြီးရင် ယိုးဒယား ပြန်ရင်လည်း ထဘီ ဝတ်ပြီးပြန်မယ်။ အခုရိုက်မယ့် ဒါရိုက်တာနဲ့တော့ အရင်က ယိုးဒယားမှာ ၂ကား ရိုက်ကူးမှု ရှိပါပြီ။ ကိုးကွယ်တဲ့ ဘာသာက ဗုဒ္ဓ ဘာသာပါ” မေမွန်မောင်၊ တွယ်တာ               
ဓာတ်ပုံ – အိသွဲ့(တန့်ယန်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template