Headlines News :
Home » » ဖက်ဒရယ်ဆိုတာ ဘာလဲ ?

ဖက်ဒရယ်ဆိုတာ ဘာလဲ ?

Written By လွင့်မောင်မောင် on Tuesday, October 2, 2012 | 8:56 AM

ရေးသူ-အေးသာအောင်

Oxford Advanced Learner's Diction တွင် Federal= Having a system of government in which the individual states of a country have control over their own affiars, but are controlled by a central government for national decisions ဟူ၍ ဖော်ပြထားသည်။ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် အင်္ဂလိပ်မြန်မာ အဘိဓာန်တွင်လည်း Federal= ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များ အကြားရှိ အာဏာကန့်သတ် ခွဲဝေမှုရှိသော၊ ထားသော ဟူ၍ တွေ့ရသည်။ “ ဒေါ်အောင်ဆန်းစုကြည်က UNLD အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ မှတ်တမ်းတွင် ပြောဆိုသည်မှာ"ဖက်ဒရယ်ဆိုတာ အင်္ဂလိပ်စကားလုံးတစ်ခု ဖြစ်တယ်။ ခွဲထွက်ရေးမဟုတ်ပါဘူး။ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျွန်မတို့ လက်ခံပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာ အမျိုးမျိုး ရှိပါတယ်။ ဖက်ဒရယ် ဆိုတော့ Central Government နဲ့ Local Government တို့ကြားထဲမှာ ဘယ်လို အာဏာခွဲရမလဲ ဒါဟာ ဖက်ဒရယ်ရဲ့ အဓိက ပြဿနာပဲ။ ဒါကို ဆုံးဖြတ်ရမှာပဲ" မြန်မာနိုင်ငံတွင် တစ်ချိန်က ဖက်ဒရယ်မူသည် ခွဲထွက်ရေးဖြစ်သည်ဟူ၍ အာဏာသိမ်း စစ်ခေါင်းဆောင်များက နိုင်ငံပိုင် ရေဒီယိုနှင့် သတင်းစာများမှ စဉ်ဆက်မပြတ် ပြောဆို လွှင့်ထုတ် ရေးသားခဲ့ကြသောကြောင့် ဖြစ်ပေသည်။ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဦးသည် ဖက်ဒရယ်အကြောင်းကို ပြောဆို မည်ဆိုပါက ထိုပုဂိုလ်ကို ခွဲထွက်ရေးသမားဟု စွပ်စွဲပြောဆိုခံရမည့်အပြင် ထောင်တန်းကျနိုင်ပေသည်။ ထိုကြောင့်ဖက်ဒရယ်မူအကြောင်းကိုထိုခေတ်က သုံးစွဲပြောဆိုခွင့်မရှိသလို ရှင်းပြခွင့်ပင် မရခဲ့ပေ။ တစ်ပါတီ အာဏာရှင်စနစ် ပြိုလဲပြုတ်ကျပြီးနောက်ပိုင်း ပါတီစုံတည်ထောင်ခွင့် ပြုခဲ့ရာ တိုင်းရင်းသားပါတီများစွာ ပေါ်ထွက်လာခဲ့သည်။ ထိုတိုင်းရင်းသား ပါတီများ၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို ဖော်ပြရာ၌တန်းတူရေး၊ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဟူ၍ ဖော်ပြခဲ့ကြသော်လည်း ပြည်ထောင်စုအရေးနှင့် ပတ်သက်၍မူ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေးဟူ၍ မဖော်ပြရဲကြပေ။ ပြည်ထောင်စုစစ်စစ်၊ စစ်မှန်သော ပြည်ထောင်စု စသည့်အဓိပါယ်တူဖြစ်သော စကားလုံးဖြင့်သာ ရေးသားဖော်ပြ ကြရသည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးတွဲ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင်လည်း 'ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်များဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်မည်' ဟူ၍လည်းကောင်း၊ NLD နှင့် CRPP ခေါ် ပြည်သူလွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ပြည်ထောင်စုနေ့များတွင် ထုတ်ပြည်သည့် ကြေငြာချက်များတွင်လည်း အလားတူ စကားလုံး၊ စာသားများဖြင့်သာ ထုတ်ပြန်ခဲ့ကြသည်ကို တွေ့ရပေမည်။ မည်သို့ပင်ဖြစ်ပါစေ. အဆိုပါ ပြည်ထောင်စုစစ်စစ်၊ စစ်မှန်သော ပြည်ထောင်စု ဟူ၍ သုံးစွဲနေကြသည့် စကားရပ်များ၏ အဓိပါယ်သည် ဖက်ဒရယ် ပြည်ထောင်စုဟူသည့် အဓိပါယ်နှင့် အတူတူပင် ဖြစ်ပေသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ဖက်ဒရယ်ကို ကြောက်သည့်စိတ်၊ ဖက်ဒရယ်ကို ကြောက်ရွံ့သည် ရောဂါသည် ဗမာတိုင်းရင်းသားများ၌သာမက ရှမ်း၊ ကချင်၊ ချင်း အစရှိသည့် တိုင်းရင်းသားများ၌လည်း မတူကွဲပြားသည့် အဓိပါယ်ဖြင့် ရှိခဲ့ကြသည်။ ထိုသို့ဖြစ်ရသည်မှာ ကြောက်ရွံ့လောက်အောင် ခြောက်လှန့်မှုများ ရှိသကဲ့သို့ ခြောက်လှန့် ဖိနှိပ်စိုးမိုးမှု ကာလရှည်ကြာခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။ ဖက်ဒရယ်မူအစ အခြေခံဥပဒေ ပြင်ဆင်ရေးက ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော ပါလီမန် တတိယ ပြည်သူ့လွှတ်တော်ီလာခံတွင် တရားရေးဌာန ၀န်ကြီး ဒေါက်တာဧမောင်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို တင်သွင်းခဲ့သည်။ "တစ်နှစ် အတွင်း လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့အခါမှာ တစ်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြီးစီးအောင် ရေးဆွဲရမည်ဆိုတဲ့ ဇောနဲ့ ရေးဆွဲတော့ အချို့နေရာများမှာ နည်းနည်းလေး လိုသွားတာ ရှိပါတယ်။ အချို့နေရာ များမှာလည်း ချွတ်ယွင်းချက်ကလေးတွေ ရှိသွားပါတယ်။ ယခု ရှိပြီးသားမူကို မပျက်စေရအောင် ဤအချက်များနဲ့ ပြင်ဆင်ရပါလိမ့်မယ်.." "(၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုတည်တံ့ ခိုင်မြဲရေးကို ထိခိုက်မည့် အချက်များ စသည်ံ အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များကို သတိမူ၍ ပြည်ဆင်ရန် လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပေသည်။ သုံးသပ်ဆွေးနွေးပြီး တရားရေးဌာန၀န်ကြီး ဦးဧမောင်၏ အဆိုကို လွှတ်တော်တွင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပေသည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဒေါက်တာဧမောင်ကို ဥက္ကဌအဖြစ် တာဝန်ပေးအပ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီကို ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပေသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်၍ ဆွေးနွေးမှုများ စည်းရုံးလှုပ်ရှားမှုများလည်း ရှိလာသည်။ ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးထွန်းဖေ စသည့် ရှမ်းခေါင်းဆောင်များသည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြသည်။ ဦးထွန်းမြင့်က ၁၉၄၇ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်၏ နစ်နာနေသည့် အချက်များကို ပြင်ပေးရန် တင်ပြသင့်ကြောင်း၊ ၁၉၄၇ အခြေခံဥပဒေသည် ပျက်စီးယိုယွင်းနေသည့် အိမ်အိုကြီးနှင့်တူကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပါ ချွတ်ယွင်းချက်များကိုသာ ကွက်၍ပြင်ရန် လွယ်မည်မထင်ကြောင်း၊ ဥပဒေ တစ်ခုလုံးကို ပြန်လည် ရေးဆွဲသင့်ကြောင်း ဆွေးနွေးခဲ့သည်။ ထိုကိစ္စအတွက် ဦးထွန်းမြင့်ကို တာဝန်ပေးခဲ့ရာ ဦးထွန်းမြင့်က အခြေခံ ဥပဒေနှင့် ပတ်သက်၍ ၄င်း၏ သဘောထားကို 'ကျွန်တော်လိုလားသော ပြည်ထောင်စုစနစ်' ခေါင်းစဉ်ဖြင့် ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက်ဆောင်းပါးများ ရေးသားခဲ့ပေသည်။ Photo: ဖက်ဒရယ်ဆိုတာ ဘာလဲ ? ရေးသူ-အေးသာအောင် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃ အမှတ် ၁၁၀ အကျဉ်းပြန်တင်ပြခြင်းဖြစ်ပါသည်။ Oxford Advanced Learner's Diction တွင် Federal= Having a system of government in which the individual states of a country have control over their own affiars, but are controlled by a central government for national decisions ဟူ၍ ဖော်ပြထားသည်။ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် အင်္ဂလိပ်မြန်မာ အဘိဓာန်တွင်လည်း Federal= ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များ အကြားရှိ အာဏာကန့်သတ် ခွဲဝေမှုရှိသော၊ ထားသော ဟူ၍ တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က UNLD အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ မှတ်တမ်းတွင် ပြောဆိုသည်မှာ"ဖက်ဒရယ်ဆိုတာ အင်္ဂလိပ်စကားလုံးတစ်ခု ဖြစ်တယ်။ ခွဲထွက်ရေးမဟုတ်ပါဘူး။ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျွန်မတို့ လက်ခံပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာ အမျိုးမျိုး ရှိပါတယ်။ ဖက်ဒရယ် ဆိုတော့ Central Government နဲ့ Local Government တို့ကြားထဲမှာ ဘယ်လို အာဏာခွဲရမလဲ ဒါဟာ ဖက်ဒရယ်ရဲ့ အဓိက ပြဿနာပဲ။ ဒါကို ဆုံးဖြတ်ရမှာပဲ" မြန်မာနိုင်ငံတွင် တစ်ချိန်က ဖက်ဒရယ်မူသည် ခွဲထွက်ရေးဖြစ်သည်ဟူ၍ အာဏာသိမ်း စစ်ခေါင်းဆောင်များက နိုင်ငံပိုင် ရေဒီယိုနှင့် သတင်းစာများမှ စဉ်ဆက်မပြတ် ပြောဆို လွှင့်ထုတ် ရေးသားခဲ့ကြသောကြောင့် ဖြစ်ပေသည်။ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဦးသည် ဖက်ဒရယ်အကြောင်းကို ပြောဆို မည်ဆိုပါက ထိုပုဂိုလ်ကို ခွဲထွက်ရေးသမားဟု စွပ်စွဲပြောဆိုခံရမည့်အပြင် ထောင်တန်းကျနိုင်ပေသည်။ ထိုကြောင့်ဖက်ဒရယ်မူအကြောင်းကိုထိုခေတ်က သုံးစွဲပြောဆိုခွင့်မရှိသလို ရှင်းပြခွင့်ပင် မရခဲ့ပေ။ တစ်ပါတီ အာဏာရှင်စနစ် ပြိုလဲပြုတ်ကျပြီးနောက်ပိုင်း ပါတီစုံတည်ထောင်ခွင့် ပြုခဲ့ရာ တိုင်းရင်းသားပါတီများစွာ ပေါ်ထွက်လာခဲ့သည်။ ထိုတိုင်းရင်းသား ပါတီများ၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို ဖော်ပြရာ၌တန်းတူရေး၊ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဟူ၍ ဖော်ပြခဲ့ကြသော်လည်း ပြည်ထောင်စုအရေးနှင့် ပတ်သက်၍မူ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေးဟူ၍ မဖော်ပြရဲကြပေ။ ပြည်ထောင်စုစစ်စစ်၊ စစ်မှန်သော ပြည်ထောင်စု စသည့်အဓိပါယ်တူဖြစ်သော စကားလုံးဖြင့်သာ ရေးသားဖော်ပြ ကြရသည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးတွဲ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင်လည်း 'ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်များဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်မည်' ဟူ၍လည်းကောင်း၊ NLD နှင့် CRPP ခေါ် ပြည်သူလွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ပြည်ထောင်စုနေ့များတွင် ထုတ်ပြည်သည့် ကြေငြာချက်များတွင်လည်း အလားတူ စကားလုံး၊ စာသားများဖြင့်သာ ထုတ်ပြန်ခဲ့ကြသည်ကို တွေ့ရပေမည်။ မည်သို့ပင်ဖြစ်ပါစေ. အဆိုပါ ပြည်ထောင်စုစစ်စစ်၊ စစ်မှန်သော ပြည်ထောင်စု ဟူ၍ သုံးစွဲနေကြသည့် စကားရပ်များ၏ အဓိပါယ်သည် ဖက်ဒရယ် ပြည်ထောင်စုဟူသည့် အဓိပါယ်နှင့် အတူတူပင် ဖြစ်ပေသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ဖက်ဒရယ်ကို ကြောက်သည့်စိတ်၊ ဖက်ဒရယ်ကို ကြောက်ရွံ့သည် ရောဂါသည် ဗမာတိုင်းရင်းသားများ၌သာမက ရှမ်း၊ ကချင်၊ ချင်း အစရှိသည့် တိုင်းရင်းသားများ၌လည်း မတူကွဲပြားသည့် အဓိပါယ်ဖြင့် ရှိခဲ့ကြသည်။ ထိုသို့ဖြစ်ရသည်မှာ ကြောက်ရွံ့လောက်အောင် ခြောက်လှန့်မှုများ ရှိသကဲ့သို့ ခြောက်လှန့် ဖိနှိပ်စိုးမိုးမှု ကာလရှည်ကြာခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။ ဖက်ဒရယ်မူအစ အခြေခံဥပဒေ ပြင်ဆင်ရေးက ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော ပါလီမန် တတိယ ပြည်သူ့လွှတ်တော်ီလာခံတွင် တရားရေးဌာန ၀န်ကြီး ဒေါက်တာဧမောင်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို တင်သွင်းခဲ့သည်။ "တစ်နှစ် အတွင်း လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့အခါမှာ တစ်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြီးစီးအောင် ရေးဆွဲရမည်ဆိုတဲ့ ဇောနဲ့ ရေးဆွဲတော့ အချို့နေရာများမှာ နည်းနည်းလေး လိုသွားတာ ရှိပါတယ်။ အချို့နေရာ များမှာလည်း ချွတ်ယွင်းချက်ကလေးတွေ ရှိသွားပါတယ်။ ယခု ရှိပြီးသားမူကို မပျက်စေရအောင် ဤအချက်များနဲ့ ပြင်ဆင်ရပါလိမ့်မယ်.." "(၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုတည်တံ့ ခိုင်မြဲရေးကို ထိခိုက်မည့် အချက်များ စသည်ံ အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များကို သတိမူ၍ ပြည်ဆင်ရန် လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပေသည်။ သုံးသပ်ဆွေးနွေးပြီး တရားရေးဌာန၀န်ကြီး ဦးဧမောင်၏ အဆိုကို လွှတ်တော်တွင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပေသည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဒေါက်တာဧမောင်ကို ဥက္ကဌအဖြစ် တာဝန်ပေးအပ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီကို ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပေသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်၍ ဆွေးနွေးမှုများ စည်းရုံးလှုပ်ရှားမှုများလည်း ရှိလာသည်။ ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးထွန်းဖေ စသည့် ရှမ်းခေါင်းဆောင်များသည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြသည်။ ဦးထွန်းမြင့်က ၁၉၄၇ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်၏ နစ်နာနေသည့် အချက်များကို ပြင်ပေးရန် တင်ပြသင့်ကြောင်း၊ ၁၉၄၇ အခြေခံဥပဒေသည် ပျက်စီးယိုယွင်းနေသည့် အိမ်အိုကြီးနှင့်တူကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပါ ချွတ်ယွင်းချက်များကိုသာ ကွက်၍ပြင်ရန် လွယ်မည်မထင်ကြောင်း၊ ဥပဒေ တစ်ခုလုံးကို ပြန်လည် ရေးဆွဲသင့်ကြောင်း ဆွေးနွေးခဲ့သည်။ ထိုကိစ္စအတွက် ဦးထွန်းမြင့်ကို တာဝန်ပေးခဲ့ရာ ဦးထွန်းမြင့်က အခြေခံ ဥပဒေနှင့် ပတ်သက်၍ ၄င်း၏ သဘောထားကို 'ကျွန်တော်လိုလားသော ပြည်ထောင်စုစနစ်' ခေါင်းစဉ်ဖြင့် ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက်ဆောင်းပါးများ ရေးသားခဲ့ပေသည်။ ရေးသူ-အေးသာအောင် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃ အမှတ် ၁၁၀ အကျဉ်းပြန်တင်ပြခြင်းဖြစ်ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template