Headlines News :
Home » » MH17 ​ပျက်​ကျ​မှု၊ ​ဒုံး​ကျည်​ကြောင့်​ဟု ​အ​တည်​ပြု
MH17 ​ပျက်​ကျ​မှု၊ ​ဒုံး​ကျည်​ကြောင့်​ဟု ​အ​တည်​ပြု
Written By Live100 on Tuesday, October 13, 2015 | 9:24 PM
MH17 ​မ​လေး​ရှား ​ခ​ရီး​သည်​တင် ​လေ​ယာဉ် ​ဟာ ​ရု​ရှား​လုပ် ​ဘုခ် ​ဒုံး​ကျည်​ကြောင့် ​ပျက်​ကျ ​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​ဒတ်​ခ်ျ ​လုံ​ခြုံ​ရေး ​အ​ဖွဲ့​က ​ပြော​ပါ​တယ်။
ဘုခ် ​ဒုံး​ကျည်​ဟာ ​လေ​ယာဉ်​ဦး​ပိုင်း ​ဘယ်​ဘက် ​အ​ခြမ်း ​အ​နီး​မှာ ​ပေါက်​ကွဲ​ခဲ့​တာ​လို့ ​ဒတ်​ခ်ျ ​လုံ​ခြုံ​ရေး ​အ​ဖွဲ့​ရဲ့ ​နောက်​ဆုံး ​အ​စီ​ရင်​ခံ​စာ​မှာ ​ဖော်​ပြ ​ထား​ပါ​တယ်။
အ​နောက်​နိုင်​ငံ​တွေ​နဲ့ ​ယူ​က​ရိန်း ​အ​စိုး​ရ ​တို့​က​တော့ ​အဲ​ဒီ ​ဘို​ရင်း ၇၇၇ ​လေ​ယာဉ်​ကို ​ရု​ရှား​တွေ ​ထောက်​ပံ့​ထား​တဲ့ ​သူ​ပုန်​တွေ​က ​ပစ်​ချ ​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ရု​ရှား​က​တော့ ​အဲ​ဒီ ​ဒုံး​ကျည်​ဟာ ​ယူ​က​ရိန်း ​ထိန်း​ချုပ်​ထား​တဲ့ ​နယ်​မြေ​က​နေ ​ပစ်​လွှတ် ​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။
ဒီ​အ​စီ​ရင်​ခံ​စာ​မှာ​တော့ ​ဘယ်​သူ့ ​လက်​ချက် ​ဖြစ်​တယ်​လို့ ​ဖော်​ပြ​ခြင်း ​မ​ရှိ​ပေ​မယ့် ​အဲ​ဒီ ​အ​ချိန်​က ​လေ​ကြောင်း ​သွား​လာ​မှု​တွေ​ကို ​ပိတ်​ထား ​ခဲ့​သင့်​တယ်​လို့ ​ဆို​ပါ​တယ်။
လေ​ယာဉ်​ပေါ် ​လိုက်​ပါ​သွား​တဲ့ ​လူ ၂၉၈ ​ယောက်​စ​လုံး​ဟာ ​စ​က္ကန့်​ပိုင်း ​အ​တွင်း ​အ​သိ​စိတ် ​ကင်း​လွတ် ​သွား​ခဲ့​ကြ​နိုင်​ဖွယ် ​ရှိ​တယ်​လို့​လည်း ​ဆို​ပါ​တယ်။
လေ​ယာဉ်​ပေါ် ​ပါ​သွား​သူ​တွေ ​အ​နက် ၁၉၆ ​ယောက်​က ​ဒတ်​ခ်ျ ​နိုင်​ငံ​သား​တွေ ​ဖြစ်​ပြီး ​ဗြိ​တိန် ​နိုင်​ငံ​သား ၁၀ ​ယောက် ​ပါ​ဝင်​ပါ​တယ်။
အဲ​ဒီ MH17 ​လေ​ယာဉ်​ဟာ ​ယူ​က​ရိန်း ​အ​ရှေ့​ပိုင်း​က ​ခွဲ​ထွက်​ရေး ​သူ​ပုန်​တွေ​နဲ့ ​အ​စိုး​ရ​တပ်​တို့ ​အ​ကြား ​တိုက်​ပွဲ​တွေ ​ပြင်း​ထန်း​နေ​ချိန် ၂၀၁၄ ​ခု​နှစ် ​ဇူ​လိုင် ၁၇ ​ရက်​နေ့​က ​အမ်​စ​တာ​ဒမ် ​မြို့​က​နေ ​ကွာ​လာ​လမ်​ပူ ​မြို့​ကို ​ပျံ​သန်း​စဉ် ​ပစ်​ချ ​ခံ​ခဲ့​ရ​တာ​ပါ။
BBC Burmese
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template