|
ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ
ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှခဲ့တဲ့
ဦးပက်ထရစ်ခွန်ဂျာလီ ကိုတွေ့ရစဉ်။ Photo:Patrick Kum Jaa Lee(facebook) |
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ
ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ
ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ရန်ကုန်မြို့က ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့
ဦးပက်ထရစ်ခွန်ဂျာလီ ကို လှိုင်မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေက မနေ့က
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၇ နာရီကျော်လောက် မှာ
နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဦးပက်ထရစ်ခွန်ဂျာလီကို လာဖမ်းတဲ့အခါ ဖမ်းဝရမ်းပြတာမျိုးမရှိပဲ
အဆင့်သင့်ပုံနှိပ်ထုတ်ယူလာတဲ့ ဓါတ်ပုံတစ်ပုံပြ ပြီးခေါ်သွားတာဖြစ်တယ်လို့
သမီးဖြစ်တဲ့ မအဖန် က RFA ကိုပြောပါတယ်။
ဦးခွန်ဂျာလီရဲ့ ဇနီးသည်ဟာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က
လူ့အခွင့်အရေးလှုပ်ရှား သူ ဒေါ်မေစပါယ်ဖြူဖြစ်ပြီး၊ အခုရက်ပိုင်းမှာ
ဥရောပနိုင်ငံတွေကို ရောက်နေပါတယ်။
ဒါကြောင့် သူတို့မိသားအိမ်မှာ အဖွားအိုတစ်ယောက်နဲ့
သားသမီးတွေပဲကျန်ရစ်ခဲ့ပါတယ်။ မိတ်ဆွေတချို့က ရဲစခန်းကိုလိုက်သွားပေမယ့်
စစ်ဆေးရေးကာလဖြစ်လို့ တွေ့ခွင့်မပြုနိုင်ဘူးလို့
ရဲအရာရှိတွေကပြောတယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese