
အဆိုပါ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မကွေးပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။


လူဦးရေ ၁၅၃ သန်းခန့်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အများစုမှာ မွတ်စလင်များဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်များမှာလူဦးရေ၏ တစ်ရာခိုင်နှုန်း အောက်သာရှိသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် မြန်မာနှင့်ထိစပ်နေသည့် အရှေ့တောင်ပိုင်းနယ်စပ်ဒေသ များတွင် နေထိုင်ကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်။
အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်နွှယ်နေသော လူ ၃၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာတော် ၃၀၀ ခန့်က ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ဆန္ဒထုတ်ဖော် ခဲ့ကြပါသည်။